ကိုယ်တော်က ``သင်တို့သည်ကောင်းကင်နိုင်ငံတော် နှင့်ဆိုင်သောနက်နဲသည့်အကြောင်းအရာများ ကိုနားလည်ခွင့်ရကြ၏။ အခြားသူများမူ ကားထိုအခွင့်ကိုမရကြ။-
ကောလောသဲ 4:3 - Common Language Bible ဆုတောင်းသည့်အခါငါတို့၏အတွက်လည်း ဆုတောင်းကြလော့။ ခရစ်တော်၏နက်နဲသည့် အရာနှင့်စပ်ဆိုင်သောတရားတော်ကို ဟော ပြောနိုင်သည့်အခွင့်အလမ်းငါတို့အားပေး တော်မူရန်ဆုတောင်းကြလော့။ ထိုတရား တော်ကြောင့်ငါသည်ယခုထောင်ကျလျက်ရှိ၏။- Garrad Bible ခ ရစ် တော်၏ နက် နဲ ရာ ကြောင့် အ ကျဉ်း ခံ ရ သော ငါ သည် ကြား ပြော သင့် သည် နှင့် အ ညီ၊ ဖော် ပြ ရန် ဓ မ္မ တံ ခါး ကို ဘု ရား သ ခင် ဖွင့် ထား တော် မူ ပါ မည့် အ ကြောင်း ငါ တို့ အ ဘို့ လည်း ပ ဌ နာ ပြု ကြ လော့။ Judson Bible ငါသည် ခရစ်တော်၏ နက်နဲသောအရာကြောင့် အချည်အနှောင်ခံရသည်ဖြစ်၍။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် နှုတ်ကပတ်တရားအတွက် တံခါးကိုဖွင့်ပေးတော်မူသဖြင့် ခရစ်တော်၏လျှို့ဝှက်နက်နဲသောအရာကို ငါတို့ဟောပြောနိုင်ရန် ငါတို့အတွက်လည်း ဆုတောင်းပေးကြလော့။ ငါသည် ထိုနက်နဲသောအရာကြောင့် ချည်နှောင်ခြင်းခံရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့အတွက်လည်း ဆုတောင်းပေးကြလော့။ သို့မှသာ ခရစ်တော်၏ လျှို့ဝှက်နက်နဲသော တရားတော်ကို ကျွန်ုပ်တို့ဟောပြောနိုင်ရန် ဘုရားသခင်သည် အခွင့်အလမ်း ပေးတော်မူလိမ့်မည်။ ထိုတရားတော်ကို ဟောသောကြောင့် ယခု ကျွန်ုပ်အကျဉ်းချခံရ၏။ |
ကိုယ်တော်က ``သင်တို့သည်ကောင်းကင်နိုင်ငံတော် နှင့်ဆိုင်သောနက်နဲသည့်အကြောင်းအရာများ ကိုနားလည်ခွင့်ရကြ၏။ အခြားသူများမူ ကားထိုအခွင့်ကိုမရကြ။-
အန္တိအုတ်မြို့သို့ရောက်သောအခါ သူတို့သည် အသင်းတော်ဝင်တို့ကိုစုရုံးစေလျက် မိမိ တို့အားဖြင့်ဘုရားသခင်ပြုတော်မူခဲ့သမျှ သောအမှုအရာတို့ကိုလည်းကောင်း၊ လူမျိုး ခြားတို့ယုံကြည်လာစေရန်ကိုယ်တော်လမ်း ဖွင့်ပေးတော်မူကြောင်းကိုလည်းကောင်းပြန် ကြားကြ၏။-
ဘုရားသခင်၏ဘုန်းအသရေတော်အားငါ တို့ထောမနာပြုကြကုန်စို့။ ယေရှုခရစ်အကြောင်း ငါဟောပြောသောသတင်းကောင်းအရသော်လည်း ကောင်း၊ ရှေးကာလအဆက်ဆက်၌ကွယ်ဝှက်နေခဲ့ သောသစ္စာတရားပေါ်လွင်ထင်ရှားချက်အရသော် လည်းကောင်း ကိုယ်တော်သည်သင်တို့၏ယုံကြည် ခြင်းကိုခိုင်မြဲစေတော်မူနိုင်၏။-
ထိုမြို့တွင်ငါ့ကိုဆန့်ကျင်ဖက်ပြုသူများပင်ရှိ သော်လည်း အမှုတော်ဆောင်ရန်အခွင့်ကောင်း အမှန်ပင်ရှိ၏။
ငါတို့သည်ဘုရားသခင်၏နက်နဲသောသမ္မာ တရားတော်ကိုတာဝန်ယူစောင့်ထိန်းရသူ ခရစ် တော်၏အစေခံများဖြစ်သည်ဟုသင်တို့မှတ် ယူသင့်ကြ၏။-
ခရစ်တော်၏အကြောင်းသတင်းကောင်းကိုကြေ ညာရန်တရောမြို့သို့ငါရောက်ရှိလာသောအခါ အမှုတော်ကိုထမ်းဆောင်နိုင်ရန်တံခါးကို သခင်ဘုရားဖွင့်ပေးတော်မူ၏။-
ဤအကြောင်းကြောင့်ခရစ်တော်ယေရှု၏ အကျဉ်းသားဖြစ်သူငါပေါလုသည်သင်တို့ လူမျိုးခြားများ၏အတွက် ဘုရားသခင်ထံ တော်သို့ဆုတောင်းပတ္ထနာပြု၏။-
ဘုရားသခင်သည်မိမိ၏နက်နဲသောအကြံ အစည်တော်ကိုငါ့အားဖွင့်ပြတော်မူ၏။ (ဤ အကြောင်းအရာနှင့်ပတ်သက်၍သင်တို့အား အကျဉ်းအားဖြင့်ငါဖော်ပြခဲ့ပြီးပေပြီ။-
သင်တို့သည်ထိုဖော်ပြချက်ကိုဖတ်ရှုခြင်း အားဖြင့်ခရစ်တော်၏နက်နဲသည့်အရာကို ငါသိရှိနားလည်ကြောင်းသိမြင်နိုင်ကြ၏။-)
ဘုရားသခင်၏နက်နဲသောအကြံအစည် တော်သည်အဘယ်သို့အကောင်အထည်ပေါ် လာမည်ကို လူအပေါင်းတို့အားရှင်းလင်း ဖော်ပြရန်အခွင့်ထူးကိုငါ့အားပေးသနား တော်မူ၏။ ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်း တော်မူသောဘုရားသခင်သည် ရှေးကာလ အဆက်ဆက်ကထိုအကြံအစည်တော် ကိုကွယ်ဝှက်၍ထားတော်မူခဲ့၏။-
သို့ဖြစ်၍သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်သောကြောင့် အကျဉ်းခံရသူငါ သည်သင်တို့အားနှိုးဆော်ပါ၏။ သင်တို့ သည်ဘုရားသခင်ရွေးချယ်ခေါ်ယူတော် မူခြင်းကိုခံရသည်နှင့်အညီကျင့်ကြံ ပြုမူကြလော့။-
အဘယ်ကြောင့်ဆိုသော်သင်တို့၏ဆုတောင်း ပတ္ထနာကြောင့်လည်းကောင်း၊ ယေရှုခရစ်ဝိညာဉ် တော်၏ကူညီစောင်မမှုကြောင့်လည်းကောင်း ငါသည်ဤအနှောင်အဖွဲ့မှလွတ်မြောက်မည် ဟုငါသိသောကြောင့်ဖြစ်၏။-
သင်တို့ကိုငါအစဉ်အောက်မေ့၏။ သို့ဖြစ်၍ ငါသည်သင်တို့နှင့်ပတ်သက်၍ယင်းသို့သဘော ထားအပ်၏။ ယခုငါအကျဉ်းခံလျက်နေရစဉ် အခါနှင့်သတင်းကောင်းကိုလွတ်လပ်စွာသက် သေခံတည်တံ့ခိုင်မြဲစေခွင့်ရစဉ်အခါက သင်တို့သည်ငါ့အားဘုရားသခင်ပေးတော် မူသောအခွင့်ထူးတွင်ပါဝင်လုပ်ဆောင်ကြ ပေသည်။-
ကိုယ်တော်သည်ထိုနက်နဲရာကိုကမ္ဘာမြေပေါ် ရှိလူသားအပေါင်းတို့အား လွန်ခဲ့သောခေတ် ကာလများတွင်သိခွင့်ပေးတော်မမူခဲ့သော် လည်း ယခုအခါမိမိ၏လူစုတော်အား ဖော်ပြတော်မူလေပြီ။-
ငါပေါလုကသင်တို့အားနှုတ်ဆက်စကားကို ငါကိုယ်တိုင်ရေး၏။ ငါသည်အကျဉ်းထောင်ထဲ တွင်ရှိနေသည်ကိုသင်တို့မမေ့ကြနှင့်။ ဘုရားသခင်၏ကျေးဇူးတော်ကိုသင်တို့ခံစား ရကြပါစေသတည်း။ ကောလောသဲသြဝါဒစာပြီး၏။
သခင်ဘုရားသည်သြနေသိဖော်၏အိမ် ထောင်အားကရုဏာထားတော်မူပါစေ သော။ ထိုသူသည်အကြိမ်ကြိမ်အဖန်ဖန် ငါ့အားစိတ်သက်သာစေ၏။ ငါသည်အကျဉ်း သားဖြစ်လျက်နေသော်လည်းသူသည်ငါ့ အတွက်မရှက်ဘဲ၊-
ငါသည်ထိုသတင်းကောင်းအတွက်ကြောင့် ရာဇဝတ်ကောင်ကဲ့သို့ဒုက္ခရောက်လျက်ရှိ၏။ သံကြိုးများနှင့်ပင်အချည်အနှောင်ခံရ၏။ သို့သော်ဘုရားသခင်၏နှုတ်ကပတ်တော် မူကားချုပ်နှောင်မှုနှင့်ကင်းလွတ်၏။-
(အချိန်အခါသင့်သည်ဖြစ်စေ၊ မသင့်သည် ဖြစ်စေ) တရားတော်ကိုဟောပြောကြေညာ လော့။ ကြားနာသူတို့အားနားလည်သဘော ပေါက်စေလော့။ ဆုံးမလော့။ အားပေးတိုက်တွန်း လော့။ စိတ်ရှည်စွာသွန်သင်လော့။-
ထို့အပြင်ငါတည်းခိုရန်အခန်းတစ်ခုကို အသင့်ပြင်ထားပါလော့။ အဘယ်ကြောင့်ဆို သော်ဘုရားသခင်သည်သင်တို့အပေါင်း၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၍ ငါ့ အားသင်တို့ထံသို့ပြန်လည်ရောက်ရှိစေတော် မူလိမ့်မည်ဟုငါမျှော်လင့်သောကြောင့်ဖြစ်၏။