ခင်ပွန်းဖြစ်သူတို့၊ ဇနီးများကိုချစ်ကြလော့။ သူတို့အားကြမ်းတမ်းစွာမပြုကြနှင့်။
လင် ဖြစ် သူ တို့၊ စိတ် မ ခက် ထန် ဘဲ မ ယား ကို ချစ် ကြ လော့။
အချင်းယောက်ျားတို့၊ ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ ကြမ်းတမ်းစွာ မပြုကြနှင့်။-
ခင်ပွန်းသည်တို့၊ ဇနီးသည်ကို ချစ်ကြလော့။ သူတို့အား ခါးခါးသီးသီးမဆက်ဆံကြနှင့်။
ခင်ပွန်းသည်တို့… သင်တို့၏ ဇနီးသည်ကို ချစ်ကြလော့။ ကြမ်းတမ်းစွာ မပြုမူကြနှင့်။
ထိုနောက်ဣဇာက်သည်မိမိ၏အမိစာရာနေ ထိုင်ခဲ့သောတဲထဲသို့ရေဗက္ကကိုခေါ်ဆောင် သွား၍အကြင်လင်မယားဖြစ်လာကြ၏။ ဣဇာက်သည်ရေဗက္ကကိုချစ်မြတ်နိုး၏။ ထို့ ကြောင့်သူ၏မိခင်ကွယ်လွန်၍ဝမ်းနည်း ကြေကွဲရာမှစိတ်သက်သာရာရလေသည်။
နေအောက်မှာ ပေးသနားတော်မူသော အနတ္တ အသက်ကာလပတ်လုံး၊ သင်ချစ်သောမယားနှင့် ရွှင်လန်းစွာ အသက်ကာလကို လွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍ နေအောက်မှာကြိုးစားအားထုတ်ရာ၌ သင်ခံရသော အကျိုးပေတည်း။
``ငါ့ထံကိုလာသော်လည်းငါ့ကိုချစ်သည် ထက် မိဘ၊ သားမယား၊ ညီအစ်ကိုမောင်နှမ နှင့်မိမိကိုယ်ကိုပို၍ချစ်သောသူသည် ငါ ၏တပည့်မဖြစ်နိုင်။-
သူတို့၏ခံတွင်းသည်ခါးသီးစွာကျိန်စာ သင့်သော စကားနှင့်ပြည့်ဝလျက်ရှိ၏။
ထို့ကြောင့်နာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက် ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ သူတစ်ပါး အသရေဖျက်ခြင်း၊ ခပ်သိမ်းသောမုန်းတီးခြင်း တို့ကိုပယ်ရှားကြလော့။-
လင်ဖြစ်သူတို့၊ ခရစ်တော်သည်အသင်းတော်ကို ချစ်တော်မူ၍ အသင်းတော်အတွက်မိမိအသက် ကိုစွန့်တော်မူသည့်နည်းတူ သင်တို့၏မယားများ ကိုချစ်ကြလော့။-
သို့ရာတွင်သင်တို့တစ်ဦးစီနှင့်လည်းသက်ဆိုင် ပေသည်။ လင်ဖြစ်သူသည်မယားကိုကိုယ်နှင့် အမျှချစ်ရမည်။ မယားဖြစ်သူသည်လည်း လင်ယောကျာ်းကိုရိုသေလေးစားရမည်။
ဖခင်ဖြစ်သူတို့၊ သားသမီးများကိုစိတ်ဆိုး အောင်မဆွနှင့်။ သို့ပြုပါလျှင်သူတို့သည်စိတ် အားလျော့ကြလိမ့်မည်။
သို့သော်အကယ်၍သင်တို့စိတ်နှလုံးတွင် နာကြည်းစိတ်၊ မနာလိုစိတ်၊ တစ်ကိုယ်ကောင်း စိတ်များရှိလျှင်မိမိဉာဏ်ပညာအတွက် ကြွားဝါပြောဆိုခြင်းအားဖြင့်သမ္မာတရား ကိုမဆန့်ကျင်နှင့်။-
ထိုနည်းတူစွာခင်ပွန်းတို့၊ သင်တို့သည်မိမိတို့ ဇနီးများအားနွဲ့သူများဖြစ်သည်ကိုထောက်၍ သူတို့နှင့်ပေါင်းသင်းနေထိုင်ရကြမည်။ သူတို့ သည်သက်ဆိုင်ရာဆုကျေးဇူးကိုသင်တို့နှင့် အတူခံစားရကြမည့်သူများဖြစ်သဖြင့် သင်တို့သည်သူတို့ကိုလေးစားစွာဆက်ဆံ ရကြမည်။ သို့မှသာသင်တို့၏ပတ္ထနာများ ကိုအဆီးအတားရှိမည်မဟုတ်။