ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့နှင့်မိတ်သဟာယဖွဲ့တော် မူ၏။ သူတို့အတွက်ကိုယ်တော်၏ပဋိညာဉ်တရား တော်ကို တည်မြဲစေတော်မူ၏။
ကောလောသဲ 1:26 - Common Language Bible ကိုယ်တော်သည်ထိုနက်နဲရာကိုကမ္ဘာမြေပေါ် ရှိလူသားအပေါင်းတို့အား လွန်ခဲ့သောခေတ် ကာလများတွင်သိခွင့်ပေးတော်မမူခဲ့သော် လည်း ယခုအခါမိမိ၏လူစုတော်အား ဖော်ပြတော်မူလေပြီ။- Garrad Bible ကာ လ အ စဉ် လူ မျိုး အ ဆက် ဆက် မှ ထိမ် ချန် တော် မူ သော် လည်း ယ ခု လူ မျိုး ခြား တို့ ဘောင် တွင် ထို တ ရား တော် တည်း ဟူ သော နက် နဲ ရာ သည် မည် မျှ ဘုန်း တန် ခိုး နှင့် ကြွယ် ဝ ကြောင်း ကို ဖော် ပြ လို တော် မူ သည့် အ လျောက် သီး သန့် ထား တော် မူ သူ တို့ အား ဘု ရား သ ခင် ထင် ရှား စေ တော် မူ ပြီ။ ထို နက် နဲ ရာ ကား ဘုန်း တော့် ဆိုင် ရာ မျှော် လင့် ခြင်း အ ကြောင်း အ ဖြစ် သင် တို့ အ ဇ္စျ တ္တ တွင် စံ နေ တော် မူ သော ခ ရစ် တော် တည်း။ မြန်မာ့စံမီသမ္မာကျမ်း ထိုနှုတ်ကပတ်တော်သည် ရှေးကာလများမှစ၍ ခေတ်ကာလအစဉ်အဆက်ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ မိမိ၏သန့်ရှင်းသူတို့အား ဖွင့်ပြတော်မူသည့် လျှို့ဝှက်နက်နဲသောအရာဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနှုတ်ကပတ်တရားတော်သည် ခေတ်အစဉ်အဆက် ဝှက်ထားတော်မူခဲ့သည့် လျှို့ဝှက်နက်နဲသောအရာ ဖြစ်သော်လည်း ယခုတွင်မူ ကိုယ်တော်သည် ယုံကြည်သူများကို ဖွင့်ပြတော်မူပြီ။ |
ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့နှင့်မိတ်သဟာယဖွဲ့တော် မူ၏။ သူတို့အတွက်ကိုယ်တော်၏ပဋိညာဉ်တရား တော်ကို တည်မြဲစေတော်မူ၏။
ကိုယ်တော်က ``သင်တို့သည်ကောင်းကင်နိုင်ငံတော် နှင့်ဆိုင်သောနက်နဲသည့်အကြောင်းအရာများ ကိုနားလည်ခွင့်ရကြ၏။ အခြားသူများမူ ကားထိုအခွင့်ကိုမရကြ။-
ထိုသူတို့က `အကျွန်ုပ်တို့အားမည်သူမျှမငှား သောကြောင့်ဖြစ်ပါသည်' ဟုပြန်ပြောကြ၏။ ထို အခါဥယျာဉ်ရှင်က `သင်တို့လည်းစပျစ်ဥယျာဉ် သို့သွား၍အလုပ်လုပ်ကြ' ဟုဆို၏။''
ကိုယ်တော်က ``သင်တို့သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သော ခက်ခဲနက်နဲသည့် အကြောင်းအရာတို့ကိုသိနိုင်ခွင့်ရရှိကြ၏။ ယင်းသို့သိနိုင်ခွင့်မရသောသူတို့ကား ပုံ ဥပမာများအားဖြင့်သာကြားသိရပေသည်။-
ကိုယ်တော်က ``သင်တို့သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သောနက်နဲသည့်အကြောင်း အရာများကိုသိနားလည်ရကြ၏။ အခြား သူတို့မူကားကြည့်လျက်နှင့်မမြင်၊ ကြားလျက် နှင့်နားမလည်၊ ပုံဥပမာများအားဖြင့်ဟောရ၏။
ငါသည်ဘုရားသခင်၏နက်နဲသောဉာဏ်ပညာ တော်အကြောင်းကိုဟောပြော၏။ ထိုဉာဏ်ပညာ ကားလူသားတို့ထံမှဘုရားသခင်လျှို့ဝှက် ထားသောအရာဖြစ်၏။ သို့သော်ငါတို့ဘုန်း အသရေခံစားရစေရန် ကမ္ဘာလောကကို ဖန်ဆင်းတော်မမူမီကပင်လျှင် ဘုရား သခင်စီရင်သောဉာဏ်ပညာဖြစ်၏။-
ယင်းသို့ကြိုးပမ်းလုပ်ဆောင်ရခြင်းမှာသင် တို့အပေါင်းသည်အားတက်လျက် အချင်းချင်း တစ်ယောက်ကိုတစ်ယောက်ချစ်ခင်လာစေရန် ဖြစ်သည်။ ဤသို့ဖြစ်ခြင်းကြောင့်သင်တို့သည် စစ်မှန်စွာသိရှိနားလည်ခြင်းအားဖြင့် စိတ် ချမှုကိုကြွယ်ဝပြည့်စုံစွာရရှိကြလိမ့် မည်။ ဤနည်းအားဖြင့်သင်တို့သည်ခရစ် တော်တည်းဟူသောဘုရားသခင်၏နက်နဲ ရာကိုသိရှိကြလိမ့်မည်။-
ဆုတောင်းသည့်အခါငါတို့၏အတွက်လည်း ဆုတောင်းကြလော့။ ခရစ်တော်၏နက်နဲသည့် အရာနှင့်စပ်ဆိုင်သောတရားတော်ကို ဟော ပြောနိုင်သည့်အခွင့်အလမ်းငါတို့အားပေး တော်မူရန်ဆုတောင်းကြလော့။ ထိုတရား တော်ကြောင့်ငါသည်ယခုထောင်ကျလျက်ရှိ၏။-
သို့ရာတွင်ယခုအခါငါတို့၏ကယ်တင် ရှင်ခရစ်တော်ယေရှုကြွလာတော်မူခြင်း အားဖြင့် ထိုကျေးဇူးတော်သည်ပေါ်လွင် ထင်ရှားလာလေပြီ။ ကိုယ်တော်သည်သေ ခြင်းတရားကိုပယ်ရှားတော်မူပြီးလျှင် သတင်းကောင်းအားဖြင့် သင်္ခါရကင်းခြင်း တရားကိုပေါ်လွင်ထင်ရှားစေတော် မူသတည်း။