ခုနစ်ရက်စောင့်ဆိုင်းနေပြီးလျှင်ထိုချိုးငှက် ကိုအပြင်သို့တစ်ဖန်လွှတ်လိုက်၏။-
ကမ္ဘာဦး 8:9 - Common Language Bible မြေပြင်တစ်ခုလုံးရေလွှမ်းလျက်ရှိသေးသဖြင့် ချိုးငှက်သည်နားစရာနေရာမတွေ့ရချေ။ ထို့ ကြောင့်သင်္ဘောသို့ပြန်လာခဲ့ရာနောဧသည် လက် ဆန့်၍ချိုးကိုဖမ်းယူပြီးလျှင်သင်္ဘောထဲသို့ ပြန်သွင်းထားလေ၏။- Garrad Bible မြေ တစ် ပြင် လုံး၌ ရေ ရှိ သေး သော ကြောင့် ခို သည် ခြေ ချ နား နေ ရာ ကို မ တွေ့ သ ဖြင့် နော ဧ ရှိ ရာ သင်္ဘော သို့ ပြန် လာ သော် နော ဧ လက် ဆန့် ၍ ခို ကို ဖမ်း ယူ ပြီး လျှင် ကိုယ့် နေ ရာ သင်္ဘော တွင်း သို့ သွင်း လေ ၏။ Judson Bible မြေတစ်ပြင်လုံး၌ ရေရှိသေးသောကြောင့်၊ ချိုးသည် ခြေဖြင့်နင်း၍ အမောဖြေစရာကိုမတွေ့သဖြင့်၊ နောဧရှိရာ သင်္ဘောသို့ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍၊ ချိုးကိုကိုင်ယူပြီးလျှင်၊ မိမိနေရာ သင်္ဘောထဲသို့သွင်းလေ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် မြေတစ်ပြင်လုံး၌ ရေရှိသေးသောကြောင့် ချိုးငှက်သည် ခြေချနားနေစရာမတွေ့သဖြင့် နောဧရှိရာသင်္ဘောသို့ ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍ ချိုးငှက်ကိုဖမ်းယူပြီးလျှင် မိမိရှိရာသင်္ဘောထဲသို့သွင်းလေ၏။ |
ခုနစ်ရက်စောင့်ဆိုင်းနေပြီးလျှင်ထိုချိုးငှက် ကိုအပြင်သို့တစ်ဖန်လွှတ်လိုက်၏။-
တစ်ဖန်နောဧသည်ရေကျသည်မကျသည်ကို သိရှိရန် ချိုးငှက်တစ်ကောင်ကိုလွှတ်လိုက်၏။-
အို ငါ့စိတ်နှလုံး၊ထာဝရဘုရားသည် ငါ့အားကျေးဇူးပြုတော်မူပြီဖြစ်၍ ယုံကြည်စိတ်ချစွာနေလော့။
မိုးတိမ်များကဲ့သို့လည်းကောင်း၊အိပ်တန်းပြန် ချိုးငှက်များကဲ့သို့လည်းကောင်း၊ ရေမျက်နှာပြင်ကိုလျှပ်၍လာနေသောသင်္ဘောများ ကားအဘယ်သင်္ဘောများနည်း။
ကျန်ရစ်သောသူတို့သည်ချိုးငှက်ကဲ့သို့ညည်း ညူလျက်ချိုင့်ဝှမ်းများထဲမှနေ၍ တောင်ပေါ် သို့ထွက်ပြေးကြလိမ့်မည်။ လူအပေါင်းတို့ သည်မိမိတို့၏အပြစ်များအတွက်ငို ကြွေးရလိမ့်မည်။-
လေးသောဝန်ထမ်းရ၍ပင်ပန်းသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်သုခချမ်းသာ ပေးမည်။-
သင်တို့သည်လောကတွင်ဆင်းရဲဒုက္ခနှင့်တွေ့ ကြုံရလိမ့်မည်။ သို့ရာတွင်အားမငယ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ'' ဟုမိန့်တော် မူ၏။
သင်တို့သည်ရောက်ရှိသောနေရာတွင်ငြိမ်း ချမ်းမှုကိုမရရှိနိုင်။ အတည်တကျနေ ထိုင်ရာအရပ်မရှိ။ထာဝရဘုရားသည် သင်တို့အားပူပင်သောကရောက်စေတော် မူမည်။ မျှော်လင့်ရာမဲ့ပြီးစိတ်ပျက်အား လျော့စေတော်မူမည်။-