``သင်နှင့်ငါပြုမည့်ပဋိညာဉ်မှာဤသို့ဖြစ် ၏။ သင့်အားလူများစွာတို့၏ဖခင်ဖြစ်စေမည်။-
ကမ္ဘာဦး 48:19 - Common Language Bible သို့ရာတွင်သူ၏အဖကငြင်းဆန်၍``ငါ့သား၊ အဖသိပါသည်။ မနာရှေ၏အဆက်အနွယ် တို့သည်လည်းလူမျိုးကြီးဖြစ်လိမ့်မည်။ သို့ သော်လည်းသူ့ညီသည် သူ့ထက်သာ၍ကြီး မြတ်မည်ဖြစ်၍ သူ၏အဆက်အနွယ်တို့သည် လူမျိုးကြီးများဖြစ်လာလိမ့်မည်'' ဟုဆို လေ၏။ Garrad Bible အ ဘ က၊ ငါ သိ သည် ငါ့ သား။ ငါ သိ သည် ဟု ငြင်း ဆို လျက် သူ သည် ကြီး မြတ်၍ လူ မျိုး တစ် မျိုး ဖြစ် သော် လည်း ညီ သည် သာ၍ ကြီး မြတ် သ ဖြင့် အ မျိုး အ နွယ် လည်း လူ မျိုး အ မြောက် အ များ ဖြစ် လိမ့် မည် ဟု ဆို ၏။ Judson Bible အဘသည်ငြင်း၍၊ ငါသိ၏ငါ့သား၊ ငါသိ၏။ သူသည်ကြီးစွာသော လူစုဖြစ်လိမ့်မည်။ သို့သော်လည်း၊ သူ့ညီသည် သူ့ထက်သာ၍ကြီးသဖြင့်၊ သူ၏အမျိုးအနွယ်သည် များစွာသောလူအစုစုဖြစ်လိမ့်မည်ဟုဆို၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဖခင်သည်ငြင်းဆန်လျက် “ငါသိ၏ ငါ့သား။ ငါသိ၏။ သူသည် လူမျိုးတစ်မျိုးဖြစ်လာမည်။ ကြီးမြတ်သောသူလည်းဖြစ်လာမည်။ သို့သော် ညီသည် အစ်ကိုထက်ကြီးမြတ်၍ ညီ၏သားစဉ်မြေးဆက်သည် လူမျိုးများစွာဖြစ်လာမည်”ဟု ဆို၏။ |
``သင်နှင့်ငါပြုမည့်ပဋိညာဉ်မှာဤသို့ဖြစ် ၏။ သင့်အားလူများစွာတို့၏ဖခင်ဖြစ်စေမည်။-
ထာဝရဘုရားကရေဗက္ကအား ``သင်၏ဝမ်းထဲ၌လူနှစ်မျိုးရှိ၏။ သင်သည်အချင်းချင်းပြိုင်ဆိုင်မည့် လူမျိုးနှစ်မျိုးကိုဖွားမြင်မည်။ လူမျိုးတစ်မျိုးသည်အခြားတစ်မျိုးထက် ခွန်အားကြီးမည်။ အကြီးဖြစ်သူကအငယ်၏အစေကိုခံ ရမည်'' ဟုမိန့်တော်မူ၏။
ဣဇာက်သည်ဧသောအမဲလိုက်၍ရသော အမဲကိုနှစ်သက်သဖြင့် ဧသောကိုချစ်၏။ သို့ရာတွင်ရေဗက္ကသည်ယာကုပ်ကိုချစ်၏။
သင်၏အဆက်အနွယ်တို့သည်မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်။ သူတို့၏နယ်မြေသည်အရပ် လေးမျက်နှာသို့ကျယ်ပြန့်လိမ့်မည်။ ငါသည် သင်နှင့်သင်၏အဆက်အနွယ်တို့အားဖြင့် ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့အားကောင်း ချီးပေးမည်။-
ဘုရားသခင်က``ငါသည်ဘုရားသခင်ဖြစ် ၏။ သင့်အဖ၏ဘုရားသခင်ဖြစ်၏။ သင်သည် အီဂျစ်ပြည်သို့သွားရမည်ကိုမစိုးရိမ်နှင့်။ ထိုပြည်တွင်ငါသည်သင်၏အဆက်အနွယ် တို့အားလူမျိုးကြီးဖြစ်လာစေမည်။-
သို့ရာတွင်ယာကုပ်သည်မိမိလက်ကိုယှက် ၍သားငယ်ဖြစ်သူ ဧဖရိမ်၏ဦးခေါင်းပေါ် တွင်လက်ယာလက်ကိုလည်းကောင်း၊ သားကြီး ဖြစ်သူမနာရှေ၏ဦးခေါင်းပေါ်တွင်လက် ဝဲလက်ကိုလည်းကောင်းတင်၍၊
``အဖလက်အထားမှားနေပါသည်။ ဤသူ ငယ်သည်သားကြီးဖြစ်ပါ၏။ သူ၏ဦးခေါင်း ပေါ်မှာအဖ၏လက်ယာလက်ကိုတင်ပါ'' ဟုဆိုလေ၏။
``ဣသရေလနှင့်ယုဒနှစ်ခြမ်းကွဲချိန်မှအစ ပြု၍ မကြုံဘူးသေးသောဘေးဒုက္ခများကို ထာဝရဘုရားသည် သင်နှင့်သင်၏ပြည်သူတို့ အပေါ်သို့လည်းကောင်း၊ မင်းဆွေမင်းမျိုးမှန် သမျှအပေါ်သို့လည်းကောင်းသက်ရောက်စေ တော်မူလိမ့်မည်။ ကိုယ်တော်သည်အာရှုရိ ဘုရင်ကိုခေါ်ဆောင်လာတော်မူပေအံ့။
``ပေရသိပြည်၊ လုဒပြည်၊ ဖုတပြည်တို့မှစစ် သူရဲများသည်သင်၏တပ်မတော်တွင်အမှု ထမ်းကြ၏။ သူတို့သည်မိမိတို့၏ဒိုင်းလွှား များနှင့်သံခမောက်များကိုသင်၏စစ်တန်း လျားများတွင်ဆွဲချိတ်ထားကြ၏။ သူတို့ သည်ကားသင်၏ဂုဏ်အသရေကိုတိုးစေ သူများဖြစ်ကြ၏။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိုးကောင်းကင်ရှိကြယ်များနှင့်အမျှသင်တို့ ကိုများပြားစေတော်မူပြီ။-
ယောသပ်သည်နွားလားဥသဖကဲ့သို့လည်း ကောင်း၊ နွားရိုင်းဦးချိုကဲ့သို့လည်းကောင်းခွန်အား ကြီး၏။ သူ၏ဦးချိုများသည်ကားမနာရှေအနွယ်ဝင်နှင့် ဧဖရိမ်အနွယ်ဝင်ထောင်သောင်းများစွာတို့ ဖြစ်သတည်း။ သူသည်ထိုဦးချိုများဖြင့်လူအမျိုးမျိုးတို့ကို မြေကြီးအစွန်းသို့တိုင်အောင်ခတ်ထုတ်လိမ့်မည်။''