ယောသပ်ကဆက်လက်၍``သင်တို့အားယခုစကား ပြောနေသူသည်ယောသပ်ပင်ဖြစ်ကြောင်း ဗင်္ယာမိန် အပါအဝင်သင်တို့အားလုံးကမျက်စိဖြင့် မြင်နိုင်ပါပြီ။-
ကမ္ဘာဦး 45:11 - Common Language Bible ဂေါရှင်အရပ်သို့ရောက်လျှင်သားကဖခင်အား ပြုစုစောင့်ရှောက်နိုင်ပါမည်။ အစာခေါင်းပါးသည့် နှစ်ငါးနှစ်ကျန်သေးသဖြင့်ဖခင်၏အိမ်သူအိမ် သားများနှင့်သိုး၊ ဆိတ်၊ နွားများပါမကျန်ရိက္ခာ ပြတ်၍ဆင်းရဲဒုက္ခမရောက်စေလိုပါ'' ဟူ၍ ဆိုလေ၏။ Garrad Bible ကျန် သေး သည့် အ စာ ခေါင်း ပါး ခြင်း ငါး နှစ် အ တွင်း အ ဘ မှ စ၍ အိမ် သူ အိမ် သား နှင့် ဥ စ္စာ ရှိ သ မျှ ပါ ဆင်း ရဲ ဒု က္ခ မ ရောက် ကြ စေ ရန် ထို အ ရပ်၌ ကျွေး မွေး ပါ မည် ဟု သား ယော သပ် ဆို ကြောင်း အ ဘ အား ကြား ပြော ကြ လော့။ Judson Bible ထိုအရပ်၌ ကျွန်ုပ်ကျွေးမွေးပါမည်။ သို့မဟုတ် အဘမှစ၍ အိမ်သူအိမ်သားနှင့်တကွ ရှိသမျှတို့သည် ဆင်းရဲခြင်းသို့ရောက်ကြလိမ့်မည်။ အစာခေါင်းပါးသောနှစ် ငါးနှစ်ရှိသေးသည်ဟု ပြောကြလော့။ မြန်မာ့စံမီသမ္မာကျမ်း ထိုအရပ်၌ အဖေ့ကို အကျွန်ုပ်ကျွေးမွေးပြုစုပါမည်။ သို့မဟုတ်လျှင် အဖေမှစ၍ အဖေ၏အိမ်သူအိမ်သားများနှင့်အဖေပိုင်ဆိုင်သောအရာရှိသမျှတို့သည် ပျက်စီးဆုံးရှုံးကြရလိမ့်မည်။ အကြောင်းမူကား ငတ်မွတ်ခေါင်းပါးသောနှစ် ငါးနှစ်ရှိသေး၏’ဟူ၍ မှာလိုက်ကြောင်း ပြောကြလော့။ |
ယောသပ်ကဆက်လက်၍``သင်တို့အားယခုစကား ပြောနေသူသည်ယောသပ်ပင်ဖြစ်ကြောင်း ဗင်္ယာမိန် အပါအဝင်သင်တို့အားလုံးကမျက်စိဖြင့် မြင်နိုင်ပါပြီ။-
ယောသပ်သည်အဖနှင့်အစ်ကိုများအပါ အဝင် ယာကုပ်၏မိသားစုအားလုံးတို့ အားစားနပ်ရိက္ခာထောက်ပံ့လေ၏။
အီဂျစ်ပြည်တွင်အကောင်းဆုံးအရပ်ဖြစ် သောဂေါရှင်ဒေသ၌နေထိုင်ကြပါစေ။ သူ တို့အနက်သင့်တော်သောသူများရှိလျှင် ငါ၏သိုးနွားအုပ်အရာ၌ခန့်ထားလော့'' ဟုမိန့်ကြားလေ၏။
မစိုးရိမ်ကြပါနှင့်။ ကျွန်ုပ်သည်သင်တို့နှင့် သင်တို့၏သားသမီးများအားကြည့်ရှုစောင့် ရှောက်ထားပါမည်'' ဟုဆိုလေ၏။ ဤနည်းအား ဖြင့်ယောသပ်သည်ညီအစ်ကိုတို့အားနှစ်သိမ့် စကားပြော၍စိတ်ချမ်းသာရာရစေလေ၏။
ယုဒအမျိုးသားမော်ဒကဲသည်ဇေရဇ်ဘုရင် ပြီးလျှင် နိုင်ငံတော်တွင်တန်ခိုးအကြီးဆုံး သောသူဖြစ်၏။ သူသည်ယုဒအမျိုးသား တို့၏ချစ်ခင်ကြည်ညိုရိုသေလေးစားမှုကို ခံရလေသည်။ သူသည်မိမိလူမျိုး၏အ ကျိုးနှင့် သူတို့၏သားမြေးများ၏လုံခြုံမှု အတွက်ဆောင်ရွက်ခဲ့သောသူဖြစ်ပေသည်။ ဧသတာဝတ္ထုပြီး၏။
သို့ရာတွင်မုဆိုးမတစ်စုံတစ်ယောက်တွင်သား မြေးရှိလျှင် သူတို့သည်မိမိတို့၏အိမ်ထောင်စု ဆိုင်ရာဘာသာရေးတာဝန်ဝတ္တရားများကို လည်းကောင်း၊ မိမိတို့အားကျွေးမွေးပြုစုခဲ့သူ မိဘဘိုးဘွားတို့၏ကျေးဇူးကိုပြန်လည်ဆပ် ပေးမှုကိုလည်းကောင်းဦးစွာသင်ရကြပေမည်။ ဤသို့သောအမှုကိုဘုရားသခင်နှစ်သက် တော်မူ၏။-