သို့ရာတွင်အာဗြံက``အရှင်ထာဝရဘုရား အကျွန်ုပ်တွင်သားမထွန်းကားသဖြင့် ကိုယ် တော်၏ဆုကိုအဘယ်သို့ခံစားရပါမည်နည်း။ ဒမာသက်မြို့သားဧလျာဇာသည်သာလျှင် အကျွန်ုပ်၏အမွေခံဖြစ်ပါ၏။-
ကမ္ဘာဦး 43:16 - Common Language Bible ယောသပ်သည်သူတို့နှင့်အတူဗင်္ယာမိန်ပါ လာသည်ကိုမြင်လျှင် သူ၏အိမ်တော်ဝန်အား``ဤ သူတို့ကိုငါ့အိမ်သို့ခေါ်ဆောင်သွားလော့။ သား ကောင်တစ်ကောင်ကိုသတ်၍ဟင်းလျာပြင်လော့။ ငါသည်သူတို့နှင့်နေ့လည်စာကိုသုံးဆောင် မည်'' ဟုစေခိုင်းလေ၏။- Garrad Bible သူ တို့ နှင့် အ တူ ဗင်္ယာ မိန် ကို ယော သပ် မြင် လျင် အိမ် အုပ် ဘ ဏ္ဍာ စိုး အား၊ ထို သူ တို့ ကို အိမ် သို့ ခေါ် သွား၍ ဟင်း ကောင် များ ကို စီ ရင် ပြင် ဆင် လော့။ သူ တို့ သည် ငါ နှင့် အ တူ မွန်း တည့် အ ချိန် စား ပွဲ ထိုင် ကြ လိမ့် မည် ဟု မှာ ထား သည့် အ တိုင်း၊ Judson Bible သူတို့နှင့်အတူ ဗင်္ယာမိန်ပါလာသည်ကို ယောသပ်မြင်လျှင်၊ ဝန်စာရေးကိုခေါ်၍၊ ဤသူတို့ကိုအိမ်သို့ခေါ်သွားလော့။ အကောင်များကိုသတ်၍ စားစရာကိုပြင်ဆင်လော့။ သူတို့သည် ငါနှင့်အတူမွန်းတည့်စာကို စားရကြလိမ့်မည်ဟု မှာထားသည်အတိုင်း၊ မြန်မာ့စံမီသမ္မာကျမ်း ယောသပ်သည် သူတို့နှင့်အတူ ဗင်္ယာမိန်ကိုမြင်သောအခါ မိမိအိမ်ထိန်းအား “ဤသူတို့ကို အိမ်သို့ခေါ်သွားလော့။ တိရစ္ဆာန်ကိုသတ်၍ပြင်ဆင်ချက်ပြုတ်ထားလော့။ ဤသူတို့သည် ငါနှင့်အတူ နေ့လယ်စာ စားသောက်ကြလိမ့်မည်”ဟု မှာကြားလေ၏။ |
သို့ရာတွင်အာဗြံက``အရှင်ထာဝရဘုရား အကျွန်ုပ်တွင်သားမထွန်းကားသဖြင့် ကိုယ် တော်၏ဆုကိုအဘယ်သို့ခံစားရပါမည်နည်း။ ဒမာသက်မြို့သားဧလျာဇာသည်သာလျှင် အကျွန်ုပ်၏အမွေခံဖြစ်ပါ၏။-
ထိုသူငယ်သည်ကြီးထွားလာ၍နို့ခွဲသောနေ့၌ အာဗြဟံသည်ဧည့်ခံပွဲကြီးကျင်းပလေ၏။
ဣဇာက်သည်စားသောက်ပွဲကိုပြင်ဆင်၍ သူ တို့အားလုံးအတူတကွစားသောက်ကြ လေသည်။-
သူသည်တိရစ္ဆာန်တစ်ကောင်ကိုသတ်၍တောင် ပေါ်တွင်ယဇ်ပူဇော်ပြီးလျှင်သူ၏သားချင်း တို့ကိုဖိတ်ခေါ်လျက်စားကြ၏။ ထိုသို့စား သောက်ကြပြီးနောက်သူတို့သည်တောင်ပေါ် တွင်ညအိပ်ကြ၏။-
အိမ်တော်ဝန်သည်စေခိုင်းသည့်အတိုင်းထို သူတို့ကိုယောသပ်၏အိမ်သို့ခေါ်ဆောင်ခဲ့ လေ၏။
သို့ဖြစ်၍သူတို့သည်အိမ်တံခါးဝသို့ ရောက်သောအခါ ယောသပ်၏အိမ်တော်ဝန်အား၊-
ယောသပ်သည်အိမ်တော်ဝန်အား``ထိုသူတို့ ၏အိတ်များတွင်ရိက္ခာစပါးကိုသူတို့သယ်နိုင် သမျှဖြည့်ပေးလော့။ တစ်ယောက်စီ၏အိတ်ဝ ၌လည်းသူ၏စပါးဖိုးငွေကိုထည့်ပေးလော့။-
သူတို့သည်မြို့နှင့်မလှမ်းမကမ်းသောအရပ် သို့ရောက်ကြသောအခါယောသပ်က သူ၏အိမ် တော်ဝန်အား``ထိုသူတို့နောက်သို့အမြန်လိုက်လော့။ သူတို့ကိုမီသောအခါ`သင်တို့သည်အဘယ် ကြောင့်ကျေးဇူးရှင်ကိုကျေးစွပ်ရသနည်း။-
သိုးမွေးညှပ်သူတို့အတွက်ပြင်ဆင်ထားသည့် ငါ့မုန့်၊ ငါ့ရေ၊ ငါ့အမဲသားကိုယူ၍လေလွင့် နေသူတို့အားမပေးနိုင်'' ဟုပြန်၍ပြော၏။