Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 44:4 - Common Language Bible

4 သူ​တို့​သည်​မြို့​နှင့်​မ​လှမ်း​မ​ကမ်း​သော​အ​ရပ် သို့​ရောက်​ကြ​သော​အ​ခါ​ယော​သပ်​က သူ​၏​အိမ် တော်​ဝန်​အား``ထို​သူ​တို့​နောက်​သို့​အမြန်​လိုက်​လော့။ သူ​တို့​ကို​မီ​သော​အ​ခါ`သင်​တို့​သည်​အ​ဘယ် ကြောင့်​ကျေး​ဇူး​ရှင်​ကို​ကျေး​စွပ်​ရ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 မြို့ မှ ထွက်၍ ခ ရီး မ​၀ေး သေး မှီ ယော သပ် က၊ ထို သူ တို့ ကို မှီ အောင် လိုက်၍ ဆို ရ မည် မှာ အ ကောင်း အ စား အ ဆိုး ကို အ ဘယ် ကြောင့် သင် တို့ ဆပ် ကြ သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 မြို့​ပြင်​သို့​ရောက်၍ မ​ဝေး​သေး​သော​အ​ခါ၊ ယော​သပ်​သည်​ဝန်​စာ​ရေး​ကို​ခေါ်၍၊ ထို​သူ​တို့​ကို မြန်​မြန်​လိုက်​လော့။ မီ​သော​အ​ခါ သင်​တို့​သည်​ကျေး​ဇူး​ကို မ​ကောင်း​သော​အ​မှု​နှင့် အ​ဘယ်​ကြောင့်​ဆပ်​ကြ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 သူ​တို့​သည် မြို့​မှ​ထွက်​၍ အဝေး​သို့​မ​ရောက်​သေး​မီ ယောသပ်​သည် မိမိ​၏​အိမ်ထိန်း​အား “​ထ​လော့​။ သူ​တို့​နောက်သို့​လိုက်​လော့​။ သူ​တို့​ကို​မီ​သောအခါ ‘​သင်​တို့​သည် အဘယ်ကြောင့် အကောင်း​ကို​အဆိုး​ဖြင့်​တုံ့ပြန်​ရ​သနည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 44:4
9 ပူးပေါင်းရင်းမြစ်များ  

သ​ခင်​ယေ​ရှု​က ``ခ​မည်း​တော်​စေ​ခိုင်း​တော်​မူ သ​ဖြင့် ငါ​သည်​ကောင်း​မြတ်​သော​အ​မှု​များ ကို​ပြု​ခဲ့​၏။ ၎င်း​အ​မှု​များ​အ​နက်​အ​ဘယ် အ​မှု​ကြောင့်​ငါ့​အား​သင်​တို့​ခဲ​နှင့်​ပေါက်​လို ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။


သူ​တို့​သည်​ငါ့​အား​ကျေး​ဇူး​ကန်း​ကြ​၏။ သို့​ဖြစ်​၍​ငါ​သည်​အ​လွန်​စိတ်​ပျက်​လှ​၏။


အကြင်သူသည် ကျေးဇူးကိုမသိ၊ မကောင်းသော အမှုနှင့် ဆပ်၏၊ ထိုသူ၏အိမ်သည် မကောင်းသော အမှုနှင့်မကင်းမလွတ်ရ။


သူ​တို့​သည်​ကျွန်​တော်​မျိုး​ပြု​သည့်​ကျေး​ဇူး​ကို ဆိုး​ညစ်​မှု​ဖြင့်​လည်း​ကောင်း၊ကျွန်​တော်​မျိုး​၏ မေတ္တာ​ကို​မုန်း​တီး​ခြင်း​ဖြင့်​လည်း​ကောင်း ပြန်​လည်​ပေး​ဆပ်​ကြ​ပါ​၏။


ဤ​သို့​ပြု​သည့်​အ​တွက်​ကျေး​ဇူး​ဆပ်​သည့် အ​နေ​ဖြင့်​သူ​တို့​သည် အ​ကျွန်ုပ်​တို့​အား ကိုယ်​တော်​ပေး​သနား​တော်​မူ​သည့်​ပြည်​တော် မှ​နှင်​ထုတ်​ရန်​ရောက်​ရှိ​လာ​ကြ​ပါ​၏။-


ထို​နောက်​ဒါ​ဝိဒ်​အား``သင်​သည်​မှန်​ကန်​၍ ငါ​သည်​မှား​ပါ​၏။ ငါ​သည်​သင့်​အား​ဆိုး ယုတ်​စွာ​ပြု​ခဲ့​သော်​လည်း သင်​သည်​ငါ့ ကို​ကျေး​ဇူး​ပြု​ပါ​သည်​တ​ကား။-


``စစ်​သူ​ရဲ​အ​ပေါင်း​တို့​သေ​ဆုံး​ကုန်​ပြီး​နောက်၊


နံ​နက်​မိုး​လင်း​သော​အ​ခါ​သူ​တို့​သည်​မြည်း များ​နှင့်​တ​ကွ​ထွက်​သွား​ကြ​လေ​၏။-


ထို​အ​ခါ​သူ​တို့​သည်​စိတ်​ပျက်​ဝမ်း​နည်း​လျက် မိ​မိ​တို့​၏​အ​ဝတ်​ကို​ဆုတ်​ဖြဲ​ကြ​၏။ ထို​နောက် မြည်း​များ​ပေါ်​သို့​စပါး​အိတ်​များ​ကို​တင်​ပြီး လျှင်​မြို့​ထဲ​သို့​ပြန်​၍​လိုက်​လာ​ကြ​လေ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ