ကျွန်တော်တို့သည်ဖခင်တစ်ဦးတည်းမှပေါက် ဖွားသောညီအစ်ကိုများဖြစ်ကြပါသည်။ ကိုယ်တော်ကျွန်တို့သည်သူလျှိုများမဟုတ် ပါ။ ရိုးသားသူများဖြစ်ကြပါသည်'' ဟု ပြန်လည်လျှောက်ထားကြ၏။
ကမ္ဘာဦး 42:16 - Common Language Bible သင်တို့အနက်တစ်ယောက်ယောက်ကိုစေလွှတ်၍ သင်တို့၏ညီကိုခေါ်ဆောင်ခဲ့ရမည်။ သင်တို့၏ စကားမှန်သည်မမှန်သည်ကိုသိနိုင်သည့်တိုင် အောင် ကျန်ရစ်သောသင်တို့ကိုအကျဉ်းချထား မည်။ သင်တို့၏ညီကိုမခေါ်ဆောင်နိုင်ခဲ့လျှင် သင်တို့သည်ဖာရောဘုရင်အသက်ရှင်တော် မူသည်အတိုင်းသူလျှိုများမုချဖြစ်ရမည်'' ဟုဆိုပြီးလျှင်၊- Garrad Bible သင် တို့ စ ကား မှန် မ မှန် စစ် ဆေး ရန်၊ အ ကျဉ်း ခံ နေ ကြ ရ မည်။ သင် တို့ အ နက် တစ် ဦး တစ် ယောက် ကို စေ လွှတ် ၍၊ ညီ ထွေး ဆို သူ ကို ခေါ် ခဲ့ စေ။ သို့ မ ဟုတ် သူ လျှို အ မှန် ဖြစ် ကြ မည် ဟူ၍၊ ဖာ ရော မင်း ၏ အ သက် တော် ကို တိုင် တည် လျက် ငါ ပြော သည် ဟု ဆို ပြီး လျှင်၊ Judson Bible သင်တို့စကား မှန်သည်မမှန်သည်ကို စုံစမ်း၍သိစေခြင်းငှာ သင်တို့တွင် တစ်ယောက်သောသူကိုစေလွှတ်၍ ညီကိုဆောင်ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင်ထဲမှာချထားမည်။ သို့မဟုတ် ဖာရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း၊ အကယ်စင်စစ် သင်တို့သည်သူလျှို ဖြစ်ကြ၏ဟုဆိုပြီးလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏စကားမှန်သည်၊ မမှန်သည်ကိုစစ်ဆေးရန် သင်တို့သည် အကျဉ်းချခံရမည်။ သို့သော် သင်တို့ထဲမှ တစ်ယောက်ကိုစေလွှတ်၍ သူသည် သင်တို့၏ညီကိုခေါ်ဆောင်လာပါစေ။ သို့မဟုတ်လျှင် သင်တို့သည် သူလျှိုများဖြစ်ကြသည်ဟု ဖာရောမင်းကြီးအသက်ရှင်သည်နှင့်အညီ ငါပြောသည်”ဟု သူတို့အား ဆိုပြီးလျှင် |
ကျွန်တော်တို့သည်ဖခင်တစ်ဦးတည်းမှပေါက် ဖွားသောညီအစ်ကိုများဖြစ်ကြပါသည်။ ကိုယ်တော်ကျွန်တို့သည်သူလျှိုများမဟုတ် ပါ။ ရိုးသားသူများဖြစ်ကြပါသည်'' ဟု ပြန်လည်လျှောက်ထားကြ၏။
သူတို့က``အီဂျစ်ပြည်ကိုအစိုးရသူသည် ကျွန် တော်တို့အားခက်ထန်စွာပြောဆိုဆက်ဆံပါ သည်။ ကျွန်တော်တို့သည်သူ၏တိုင်းပြည်ကို ထောက်လှမ်းသောသူလျှိုများဖြစ်သည်ဟု စွပ်စွဲပါသည်။-
အမ္မုန်ပြည်သားခေါင်းဆောင်များကမိမိတို့ ဘုရင်အား``ဒါဝိဒ်သည်အရှင့်ခမည်းတော်ကို ဂုဏ်ပြုရန်အတွက် ဤလူများကိုစေလွှတ် လိုက်သည်ဟုအရှင်ထင်မှတ်တော်မူပါ သလော။ အဘယ်နည်းနှင့်မျှမဟုတ်ပါ။ သူ သည်အကျွန်ုပ်တို့ကိုနှိမ်နင်းနိုင်ရန်ဤမြို့ အခြေအနေကိုစုံစမ်းလို၍ဤသူတို့ အားသူလျှိုအဖြစ်စေလွှတ်လိုက်ခြင်း ဖြစ်ပါ၏'' ဟုလျှောက်ထားကြ၏။
ထိုနောက်ယောရှုသည်ခါနာန်ပြည်၏အခြေအနေ၊ အထူးသဖြင့်ယေရိခေါမြို့၏အခြေအနေကိုထောက်လှမ်းရန် သူလျှိုနှစ်ဦးကိုစခန်းချရာအကေရှအရပ်မှစေလွှတ်လိုက်လေသည်။ သူတို့သည်ယေရိခေါမြို့သို့သွားရောက်သော အခါရာခပ်နာမည်ရှိပြည့်တန်ဆာမအိမ် တွင်တစ်ညတည်းခိုကြလေသည်။-