Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ရာ 10:3 - Common Language Bible

3 အမ္မုန်​ပြည်​သား​ခေါင်း​ဆောင်​များ​က​မိ​မိ​တို့ ဘု​ရင်​အား``ဒါ​ဝိဒ်​သည်​အ​ရှင့်​ခ​မည်း​တော်​ကို ဂုဏ်​ပြု​ရန်​အ​တွက် ဤ​လူ​များ​ကို​စေ​လွှတ် လိုက်​သည်​ဟု​အ​ရှင်​ထင်​မှတ်​တော်​မူ​ပါ သ​လော။ အ​ဘယ်​နည်း​နှင့်​မျှ​မ​ဟုတ်​ပါ။ သူ သည်​အ​ကျွန်ုပ်​တို့​ကို​နှိမ်​နင်း​နိုင်​ရန်​ဤ​မြို့ အ​ခြေ​အ​နေ​ကို​စုံ​စမ်း​လို​၍​ဤ​သူ​တို့ အား​သူ​လျှို​အ​ဖြစ်​စေ​လွှတ်​လိုက်​ခြင်း ဖြစ်​ပါ​၏'' ဟု​လျှောက်​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 အ မ္မုန် မှူး မတ် တို့ က ဒါ ဝိဒ် မင်း သည် ခ မည်း တော် ကို ရို သေ သော စိတ် နှင့် နှစ် သိမ့် စေ ရန် ရာ ဇ သံ တို့ ကို စေ လွှတ် သည် ဟု ထင် မှတ် ပါ သ လော။ မြို့ တော် ကို စူး စမ်း စစ် ဆေး၍ ဖြို လှဲ ရန် သာ စေ လွှတ် သည် မ ဟုတ် ပါ လော ဟု ကိုယ့် အ ရှင် ဟာ နုန် မင်း ထံ တင် လျှောက် သည် နှင့် အ ညီ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 အ​မ္မုန်​အ​မျိုး မှူး​မတ်​တို့​သည် မိ​မိ​တို့​အ​ရှင်​ဟာ​နုန်​ထံ​သို့​ဝင်၍၊ ဒါ​ဝိဒ်​သည် စိတ်​တော်​ကို နှစ်​သိမ့်​စေ​သော​သူ​တို့​ကို စေ​လွှတ်​ရာ​တွင် ခ​မည်း​တော်​ကို ရို​သေ​စွာ​ပြု​သည်​ဟု ထင်​မှတ်​တော်​မူ​သ​လော။ မြို့​တော်​ကို​စစ်​ဆေး​စူ​စမ်း၍ ဖျက်​ဆီး​ခြင်း​ငှာ​သာ သူ၏​ကျွန်​တို့​ကို​စေ​လွှတ်​သည် မ​ဟုတ်​လော​ဟု လျှောက်​ကြ​သော်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 အမ္မုန်​အမျိုးသား​အကြီးအကဲ​တို့​က မိမိ​တို့​၏​အရှင်​ဟာနုန်​မင်းကြီး​အား “​ဒါဝိဒ်​မင်းကြီး​သည် အရှင့်​ခမည်းတော်​ကို​ရိုသေလေးစား​သဖြင့် အရှင့်​ထံ​နှစ်သိမ့်​သူ​များ​ကို စေလွှတ်​သည်​ဟု အရှင်​ထင်​သလော​။ ထိုသို့​မ​ဟုတ်​။ မိမိ​၏​မင်းမှုထမ်း​တို့​ကို ဒါဝိဒ်​မင်းကြီး​စေလွှတ်​လိုက်​ခြင်း​မှာ မြို့​ကို​စူးစမ်း​ထောက်လှမ်း​၍ တိုက်ခိုက်​မှောက်လှန်​ရန်​သာ ဖြစ်​သည်​”​ဟု လျှောက်တင်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 10:3
6 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​အ​နက်​တစ်​ယောက်​ယောက်​ကို​စေ​လွှတ်​၍ သင်​တို့​၏​ညီ​ကို​ခေါ်​ဆောင်​ခဲ့​ရ​မည်။ သင်​တို့​၏ စ​ကား​မှန်​သည်​မ​မှန်​သည်​ကို​သိ​နိုင်​သည့်​တိုင် အောင် ကျန်​ရစ်​သော​သင်​တို့​ကို​အ​ကျဉ်း​ချ​ထား မည်။ သင်​တို့​၏​ညီ​ကို​မ​ခေါ်​ဆောင်​နိုင်​ခဲ့​လျှင် သင်​တို့​သည်​ဖာ​ရော​ဘု​ရင်​အ​သက်​ရှင်​တော် မူ​သည်​အ​တိုင်း​သူ​လျှို​များ​မု​ချ​ဖြစ်​ရ​မည်'' ဟု​ဆို​ပြီး​လျှင်၊-


သူ​သည်​သူ​တို့​အ​ကြောင်း​နှင့်​ပတ်​သက်​သော အိပ်​မက်​ကို​သ​တိ​ရ​၍``သင်​တို့​သည်​သူ​လျှို​များ ဖြစ်​၏။ ဤ​တိုင်း​ပြည်​၏​အား​နည်း​ချက်​ကို​ထောက် လှမ်း​ရန်​လာ​ကြ​သူ​များ​ဖြစ်​သည်'' ဟု​စွပ်​စွဲ လိုက်​လေ​၏။


သူ​သည်​အ​ရှင့်​အား​လိမ်​လည်​လှည့်​စား​၍ အ​ရှင် သွား​လာ​လှုပ်​ရှား​မှု​အ​လုံး​စုံ​ကို​စုံ​စမ်း​ရန် လာ​ရောက်​ခြင်း​ဖြစ်​သည်​ကို​အ​ရှင်​သိ​တော်​မူ သည်​မ​ဟုတ်​ပါ​လော'' ဟု​လျှောက်​၏။


အမ္မုန်​အ​မျိုး​သား​ခေါင်း​ဆောင်​များ​က``ဒါ​ဝိဒ် သည်​အ​ရှင်​မင်း​ကြီး​၏​ခမည်း​တော်​ကို​ဂုဏ်​ပြု သည့်​အ​နေ​ဖြင့် ဤ​စေ​တ​မန်​များ​ကို​စေ​လွှတ် ၍​ဝမ်း​နည်း​ကြေ​ကွဲ​ကြောင်း​သ​ဝဏ်​လွှာ​ကို ပေး​ပို့​ခြင်း​ဖြစ်​သည်​ဟု​မှတ်​တော်​မူ​ပါ သ​လော။ အ​ဘယ်​နည်း​နှင့်​မျှ​မ​ဟုတ်​ပါ။ ဤ နိုင်​ငံ​ကို​ချင်း​နင်း​ဝင်​ရောက်​သိမ်း​ပိုက်​နိုင်​ရန် အ​ခြေ​အ​နေ​ကို​လေ့​လာ​စုံ​စမ်း​ရန် ထို​သူ တို့​အား​သူ​လျှို​များ​အ​ဖြစ်​ဖြင့်​စေ​လွှတ် လိုက်​ခြင်း​သာ​လျှင်​ဖြစ်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။


မ​လျောက်​ပတ်​သည့်​အ​မှု​ကို​မ​ပြု​တတ်။ ကိုယ် ကျိုး​ကို​မ​ရှာ​တတ်။ ဒေါ​သ​အ​မျက်​မ​ထွက် တတ်။ သူ​တစ်​ပါး​၏​အ​ပြစ်​ကို​မှတ်​၍​မ​ထား တတ်။-


မည့်​သည့်​အ​ခါ​မျှ​လက်​အ​လျော့​မ​ပေး​တတ်။ မေတ္တာ​သည်​အ​မြဲ​ယုံ​ကြည်​တတ်​၏။ အ​မြဲ မျှော်​လင့်​တတ်​၏။ အ​မြဲ​သည်း​ခံ​တတ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ