နံနက်ချိန်၌ယောသပ်သည်သူတို့ထံသွား သောအခါ မျက်နှာညှိုးငယ်လျက်ရှိကြ သည်ကိုတွေ့မြင်ရသဖြင့်၊-
ကမ္ဘာဦး 41:8 - Common Language Bible နံနက်အချိန်ရောက်သောအခါဘုရင်သည် စိတ်သောကရောက်သဖြင့် အီဂျစ်ပြည်ရှိမှော် ဆရာနှင့်ပညာရှိအပါင်းတို့အားဆင့်ခေါ် လေ၏။ ဘုရင်သည်မိမိ၏အိပ်မက်ကိုထိုသူ တို့အားပြောပြသော်လည်း တစ်ယောက်မျှ အနက်ကိုဖွင့်မပြနိုင်ချေ။ Garrad Bible နံ နက် အ ချိန် ဖာ ရော မင်း သည် စိတ် ပူ ပန်၍ အိ ဂျစ် ပြည် တွင် ဗေ ဒင် ဆ ရာ နှင့် ပ ညာ ရှိ အ ပေါင်း တို့ ကို ခေါ် စေ ပြီး လျှင် အိပ် မက် တော် ကို ပြန် ပြော သော် လည်း မင်း အား ဖော် ပြ နိုင် သော သူ မ ရှိ ချေ။ Judson Bible နံနက်အချိန်ရောက်သောအခါ၊ ဖာရောမင်းသည် စိတ်ပူပန်၍၊ အဲဂုတ္တုဗေဒင်တတ် ပညာရှိအပေါင်းတို့ကိုခေါ်၍ အိပ်မက်တော်ကို ပြန်ကြားတော်မူ၏။ သို့သော်လည်းရှေ့တော်၌ အနက်ကိုဖတ်နိုင်သောသူ တစ်ယောက်မျှမရှိ။ မြန်မာ့စံမီသမ္မာကျမ်း နံနက်ရောက်သောအခါ ဖာရောမင်းကြီးသည် စိတ်မငြိမ်မသက်ဖြစ်လေ၏။ ထို့ကြောင့် လူလွှတ်၍ အီဂျစ်ပြည်ရှိ နတ်ဝိဇ္ဇာဆရာအပေါင်းတို့နှင့် ပညာရှိအပေါင်းတို့ကိုခေါ်ပြီးလျှင် မိမိ၏အိပ်မက်ကို သူတို့အား ပြောပြလေ၏။ သို့သော် ဖာရောမင်းကြီးအတွက် ထိုအိပ်မက်တို့၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။ |
နံနက်ချိန်၌ယောသပ်သည်သူတို့ထံသွား သောအခါ မျက်နှာညှိုးငယ်လျက်ရှိကြ သည်ကိုတွေ့မြင်ရသဖြင့်၊-
သူတို့က``ငါတို့တစ်ယောက်စီအိပ်မက်မြင်မက် ကြပါသည်။ သို့ရာတွင်အိပ်မက်၏အနက်ကို ဖွင့်ပြနိုင်သူမရှိပါ'' ဟုဖြေကြ၏။ ယောသပ်က``အိပ်မက်၏အနက်ဖွင့်ပြနိုင်စွမ်း ကိုထာဝရဘုရားသာပေးပါသည်။ သင်တို့ ၏အိပ်မက်များကိုကျွန်တော်အားပြောပြ ပါ'' ဟုဆိုလေ၏။
ဘုရင်ကယောသပ်အား``ငါသည်အိပ်မက်ကို မြင်မက်၏။ သို့ရာတွင်မည်သူမျှအနက်ကိုဖွင့် မပြနိုင်။ သင်သည်အိပ်မက်အနက်ကိုဖွင့်ပြ နိုင်စွမ်းရှိကြောင်းငါကြားသိရသည်'' ဟု မိန့်တော်မူ၏။
အလုံးသေးသောစပါးနှံတို့ကအဆန်အောင် သောစပါးနှံတို့ကိုမျိုလိုက်ကြ၏။ ငါ၏အိပ် မက်ကိုမှော်ဆရာတို့အားပြောပြသော်လည်း မည်သူမျှငါ့အားအနက်ကိုဖွင့်မပြနိုင်'' ဟုမိန့်တော်မူ၏။
အလုံးသေးသောစပါးနှံတို့ကအဆန် အောင်သောစပါးနှံခုနစ်နှံတို့ကိုမျိုလိုက် ကြ၏။ ဘုရင်သည်အိပ်ရာမှနိုးလာ၍မိမိ အိပ်မက်နေကြောင်းသိရလေ၏။-
ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့နှင့်မိတ်သဟာယဖွဲ့တော် မူ၏။ သူတို့အတွက်ကိုယ်တော်၏ပဋိညာဉ်တရား တော်ကို တည်မြဲစေတော်မူ၏။
ထိုအခါဘုရင်သည်သူ၏ပညာရှိများနှင့် မှော်ဆရာများကိုဆင့်ခေါ်၍၊ သူတို့သည် မှော်အတတ်ဖြင့်အလားတူပညာစွမ်းကို ပြကြ၏။-
သို့ရာတွင်အီဂျစ်မှော်ဆရာတို့ကလည်း၊ မိမိတို့၏အတတ်ဖြင့်ရေကိုသွေးဖြစ်စေ ကြရာဘုရင်သည် ယခင်နည်းတူခေါင်းမာ မြဲခေါင်းမာလျက်နေ၏။ ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း သူသည်မောရှေ နှင့်အာရုန်တို့၏စကားကိုနားမထောင် ဘဲနေလေ၏။-
မှော်ဆရာတို့ကလည်းမိမိတို့၏အတတ် ပညာဖြင့် အီဂျစ်ပြည်သို့ဖားများတက် လာစေကြ၏။
အခြားသောအီဂျစ်အမျိုးသားတို့ကဲ့သို့ မှော်ဆရာတို့ကိုယ်ပေါ်တွင်လည်းအနာဆိုး များပေါက်လျက်ရှိသဖြင့် သူတို့သည် မောရှေရှေ့သို့မလာနိုင်ကြတော့ချေ။-
ငါသည်အီဂျစ်အမျိုးသားတို့၏ အကြံ အစည်များကိုပျက်စီးစေ၍ သူတို့၏စိတ် ဋ္ဌာတ်ကိုလည်းပျက်ပြားသွားစေမည်။ သူတို့ သည်မိမိတို့ကိုးကွယ်သည့်ရုပ်တုများထံ တွင်အကူအညီတောင်းခံကြလိမ့်မည်။ နတ် ဝင်သည်များထံသွားရောက်မေးမြန်းစုံစမ်း ကာ၊ သူသေတို့၏ဝိညာဉ်များအားအကြံ ဉာဏ်တောင်းခံကြလိမ့်မည်။-
သို့ဖြစ်၍ငါသည်သူတို့မမျှော်လင့်သည့်ဘေး ဒုက္ခတစ်ခုပြီးတစ်ခုသက်ရောက်စေ၍ သူတို့ အားတုန်လှုပ်ချောက်ချားစေမည်။ ပညာရှိတို့ သည်လူမိုက်များဖြစ်ကုန်ကြလျက်၊ သူတို့ ၏အသိအလိမ္မာမှန်သမျှသည်လည်း သူတို့ အားအဘယ်သို့မျှအကျိုးပြုလိမ့်မည် မဟုတ်'' ဟုယခုမိန့်တော်မူပါ၏။
လူတို့သည်ဖတ်ရွတ်သရဇ္စျာယ်တတ်သူဗေဒင် ဆရာများနှင့် နတ်ဝင်သည်တို့အားစုံစမ်း မေးမြန်းရန်သင်တို့အားပြောကြလိမ့်မည်။ သူတို့က``လူတို့သည်အသက်ရှင်သူတို့ ကိုယ်စားသေသူတို့၏ဝိညာဉ်များကိုမေး မြန်းစုံစမ်းအပ်သည်'' ဟုဆိုကြလိမ့်မည်။
မင်းကြီးသည်အဘယ်မေးခွန်းကိုပင်မေးသည်မဆို၊ အဘယ်ပြဿနာကိုပင်တင်ပြသည်မဆိုထိုသူလေးဦးတို့သည်နိုင်ငံတစ်ဝန်းလုံးရှိဗေဒင်ဆရာ၊ မှော်ဆရာများထက်ဆယ်ဆမျှပို၍တတ်သိနားလည်ကြသည်ကိုတွေ့ရှိတော်မူ၏။-
နေဗုခဒ်နေဇာမင်းက``ဤကားငါမြင်မက် သည့်အိပ်မက်ဖြစ်၏။ အချင်းဗေလတရှာဇာ၊ ယခုငါ့အားထိုအိပ်မက်၏အနက်ကိုဖော် ပြပါလော့။ ယင်းကိုငါ၏အတိုင်ပင်ခံ အရာရှိတစ်ယောက်မျှမဖော်ပြနိုင်ပါ။ သို့ရာတွင်သန့်ရှင်းမြင့်မြတ်သည့်ဘုရားတို့ ၏ဝိညာဉ်သည်သင့်၏အထဲ၌ကိန်းအောင်း သည်ဖြစ်၍သင်သည်ထိုအိပ်မက်၏အနက် ကိုဖော်ပြနိုင်ပါ၏'' ဟုမိန့်တော်မူ၏။
ထိုအခါဗေလတရှာဇာဟုလည်းနာမည် တွင်သောဒံယေလသည် အလွန်ထိတ်လန့် သွားသဖြင့်စကားပင်မပြောနိုင်ဘဲနေ ၏။ မင်းကြီးက``အချင်းဗေလတရှာဇာ၊ အိပ်မက်နှင့်အိပ်မက်၏အနက်ကြောင့်ထိတ် လန့်ခြင်းမရှိနှင့်'' ဟုမိန့်တော်မူလျှင်၊ ဗေလတရှာဇာက``အရှင်မင်းကြီး၊ ထိုအိပ် မက်နှင့်အနက်သည်အရှင်၏အတွက်မဟုတ် ဘဲအရှင်၏ရန်သူများအတွက်ဖြစ်ပါစေ သော။-
ကြောက်မက်ဖွယ်ကောင်းသောအိပ်မက်ကို မြင်မက်၍ ထိတ်လန့်ဖွယ်ရာရူပါရုံများ ကိုမြင်ရ၏။-
ငါသည်အိပ်မက်၏အနက်အဋ္ဌိပ္ပါယ်ကိုမိမိ အားဖွင့်ပြရန် အတိုင်ပင်ခံအရာရှိအပေါင်း တို့ကိုဆင့်ခေါ်ခဲ့၏။-
ထိုအခါရှိရှိသမျှသောဗေဒင်ဆရာ၊ မျက် လှည့်ဆရာ၊ မှော်ဆရာနှင့်နက္ခတ်ဆရာများ သည်ရှေ့တော်သို့ရောက်ရှိလာကြ၏။ ငါသည် သူတို့အားငါ၏အိပ်မက်ကိုပြောပြသော် လည်း သူတို့သည်ထိုအိပ်မက်၏အနက်ကို မဖော်ပြနိုင်ကြပါ။-
သင်၏နိုင်ငံတော်တွင်သန့်ရှင်းမြင့်မြတ်သော ဘုရားတို့၏ဝိညာဉ်ဖြင့်ပြည့်ဝသူလူတစ် ယောက်ရှိပါ၏။ သင်၏ခမည်းတော်နန်းစံစဉ် အခါက ထိုသူ၌အသိပညာနှင့်အမြော် အမြင်၊ ဘုရားကဲ့သို့ပညာဉာဏ်ရှိကြောင်း ထင်ရှားခဲ့ပါ၏။ သင်၏ခမည်းတော်နေဗုခဒ် နေဇာမင်းသည်သူ့အားဗေဒင်ဆရာ၊ မှော် ဆရာ၊ ပယောဂဆရာနှင့်နက္ခတ်ဆရာတို့ ၏အကြီးအမှူးအဖြစ်ဖြင့်ခန့်ထားတော် မူခဲ့ပါ၏။-
ငါ၏အိပ်မက်နှင့်သက်ဆိုင်သောအကြောင်းအရာများကားဤတွင်ပြီးသတည်း။ ငါသည်လွန်စွာထိတ်လန့်သဖြင့်မျက်နှာညှိုးငယ်၍သွား၏။ ဤအကြောင်းအရာအလုံးစုံကိုစိတ်တွင်မှတ်ကျုံးထား၏။
ငါဒံယေလသည်ရက်ပေါင်းများစွာစိတ် ညှိုးငယ်လျက် မကျန်းမမာဖြစ်၍နေ၏။ ထို နောက်ငါသည်ထ၍ဘုရင်ပေးအပ်ထားသည့် အလုပ်တာဝန်ကိုဆောင်ရွက်၏။ သို့ရာတွင် ထိုဗျာဒိတ်ရူပါရုံကြောင့်စိတ်ရှုပ်ထွေးလျက် နေသဖြင့် ငါသည်ယင်း၏အနက်အဋ္ဌိပ္ပါယ် ကိုနားမလည်နိုင်ပါ။
``သေသူတို့၏ဝိညာဉ်နှင့်ဆက်သွယ်သောသူ တို့ထံမှ အကြံဉာဏ်မတောင်းခံနှင့်။ ထိုသို့ပြု လျှင်သင်တို့သည် ဘာသာရေးထုံးနည်းအရ ညစ်ညမ်းကြလိမ့်မည်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။
``သေသူတို့၏ဝိညာဉ်နှင့်ဆက်သွယ်သောသူတို့ထံမှ အကြံဉာဏ်တောင်းခံသူကိုငါသည်မျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ်မည်။-
ဟေရုဒ်မင်း၏လက်ထက်၊ ယုဒပြည်ဗက်လင်မြို့ တွင် မယ်တော်မာရိသည်သူငယ်တော်ယေရှုကို ဖွားမြင်လေသည်။ ထိုအခါအရှေ့တိုင်းနိုင်ငံ မှပညာရှိတို့သည် ယေရုရှလင်မြို့သို့ရောက် လာပြီးလျှင်၊-
ဧပိကုရုနှင့်သတောအိပ်ဟုခေါ်သော အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်အချေအတင်ဆွေးနွေးကြ၏။ ထို သူအချို့တို့က ``ဤစကားအိုးသည်အဘယ် အရာကိုပြောဆိုနေပါသနည်း'' ဟုဆိုကြ၏။ အခြားသူများက ``သူသည်လူမျိုးခြားတို့၏ နတ်ဘုရားများအကြောင်းကို ပြောဆိုနေဟန် တူ၏'' ဟုဆိုကြ၏။ ထိုသူတို့ဤသို့ပြောကြ ခြင်းမှာပေါလုသည်သခင်ယေရှုအကြောင်း နှင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းအကြောင်း တို့ကိုဟောပြောနေသောကြောင့်ဖြစ်၏။-
မောရှေသည်အီဂျစ်အမျိုးသားတို့၏အတတ် ပညာအလုံးစုံကိုဆည်းပူး၍ နှလုံးရည်လက် ရုံးရည်တို့ဖြင့်ပြည့်စုံသူဖြစ်လာ၏။''
အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်တွင် ``ပညာရှိတို့၏ဉာဏ်ပညာကိုငါဖျက်ဆီးမည်။ အသိပညာရှင်တို့၏အသိပညာကိုလည်း ငါပယ်ရှားမည်'' ဟုရေးသားဖော်ပြထားသောကြောင့်ဖြစ်၏။-
ဖိလိတ္တိအမျိုးသားခေါင်းဆောင်များသည် ယဇ်ပုရောဟိတ်များနှင့် မှော်ဆရာများကို ဖိတ်ခေါ်ကာ``ထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်ကိုငါတို့အဘယ်သို့ပြုရ ကြပါမည်နည်း။ ထိုသေတ္တာတော်ကိုမူရင်း အရပ်သို့ပြန်လည်ပို့ဆောင်မည်ဆိုပါက ယင်းနှင့်အတူအဘယ်ပူဇော်သကာကို ပေးသင့်ပါသနည်း'' ဟုမေးမြန်းကြ၏။