ဒံယေလ 5:11 - Common Language Bible
11 သင်၏နိုင်ငံတော်တွင်သန့်ရှင်းမြင့်မြတ်သော ဘုရားတို့၏ဝိညာဉ်ဖြင့်ပြည့်ဝသူလူတစ် ယောက်ရှိပါ၏။ သင်၏ခမည်းတော်နန်းစံစဉ် အခါက ထိုသူ၌အသိပညာနှင့်အမြော် အမြင်၊ ဘုရားကဲ့သို့ပညာဉာဏ်ရှိကြောင်း ထင်ရှားခဲ့ပါ၏။ သင်၏ခမည်းတော်နေဗုခဒ် နေဇာမင်းသည်သူ့အားဗေဒင်ဆရာ၊ မှော် ဆရာ၊ ပယောဂဆရာနှင့်နက္ခတ်ဆရာတို့ ၏အကြီးအမှူးအဖြစ်ဖြင့်ခန့်ထားတော် မူခဲ့ပါ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
11-12 သန့် ရှင်း သော ဘု ရား များ၏ ဝိ ညာဉ် တော် ပြည့် စုံ သူ တစ် ပါး သည် နိုင် ငံ တော် တွင် ရှိ ပါ၏။ ခ မည်း တော် ဘု ရား လက် ထက်၊ ထို သူ၌ ဘု ရား များ၏ ပ ညာ နှင့် တူ သော ပ ညာ၊ ဉာဏ်၊ အ လင်း ထင် ရှား လျက် ရှိ သည် နှင့် အ ညီ ထူး ချွန် သော စိတ်၊ အ သိ ပ ညာ၊ ဉာဏ် ပ ဋိ ဘာန် မှ စ၍ အိပ် မက် အ နက် ကို ဖတ် ခြင်း၊ စ ကား ဝှက် များ ကို ဖော် ပြ ခြင်း၊ ပြဿ နာ များ ကို ဖြေ ခြင်း သ တ္တိ သည် ဘု ရင့် ထံ ဗေ လ တ ရှာ ဇာ ဘွဲ့ ခံ သူ ဒံ ယေ လ၌ ထင် ရှား လျက် ရှိ သော ကြောင့် ခ မည်း တော် နေ ဗု ခဒ် နေ ဇာ မင်း သည် ဗေ ဒင် ဆ ရာ၊ မှော် ဆ ရာ၊ ခါ လ ဒဲ ဆ ရာ၊ ဟူး ရား ဆ ရာ တို့ အ ပေါ် တွင် သု ခ မိန် ဝန် ရာ ထူး၌ ခန့် ထား တော် မူ၏။ ၎င်း ဒံ ယေ လ ကို ခေါ် တော် မူ လျှင် အ နက် ကို ဖတ် ပြ ပါ လိမ့် မည် ဟု ပြော ဆို လေ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
11 သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံသော သူတစ်ယောက်သည် နိုင်ငံတော်တွင် ရှိပါ၏။ ခမည်းတော်ဘုရား လက်ထက်တော်၌၊ ထိုသူတွင် ဘုရားပညာနှင့်တူသော ပညာဉာဏ်သတ္တိ ထင်ရှားလျက်ရှိပါ၏။ ထိုသူကို ခမည်းတော်ဘုရား နေဗုခဒ်နေဇာမင်းကြီးသည် မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာဂတ္တိဆရာတို့အပေါ်တွင် ဆရာအုပ်အရာ၌ ခန့်ထားတော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
11 အရှင်မင်းကြီး၏နိုင်ငံတော်တွင် သန့်ရှင်းသောဘုရားများ၏ဝိညာဉ်နှင့်ပြည့်သောသူတစ်ဦး ရှိပါ၏။ ထိုသူသည် အရှင်မင်းကြီး၏ခမည်းတော်လက်ထက်ကပင် ဉာဏ်အလင်း၊ ပိုင်းခြားသိနိုင်သောဉာဏ်၊ ဘုရားဉာဏ်နှင့်တူသောဉာဏ် ရှိသောသူအဖြစ် ကျော်ကြားခဲ့၏။ အရှင်မင်းကြီး၏ခမည်းတော်နေဗုခဒ်နေဇာမင်းကြီးသည် သူ့အား မှော်ဆရာများ၊ ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများ၏အကြီးအမှူးအဖြစ် ခန့်အပ်ခဲ့၏။
အခန်းကိုကြည့်ပါ။ ကော်ပီ