ဒံယေလ 7:28 - Common Language Bible28 ငါ၏အိပ်မက်နှင့်သက်ဆိုင်သောအကြောင်းအရာများကားဤတွင်ပြီးသတည်း။ ငါသည်လွန်စွာထိတ်လန့်သဖြင့်မျက်နှာညှိုးငယ်၍သွား၏။ ဤအကြောင်းအရာအလုံးစုံကိုစိတ်တွင်မှတ်ကျုံးထား၏။ အခန်းကိုကြည့်ပါ။Garrad Bible28 ထို အ ချင်း အ ရာ၏ အ ချုပ် အ ခြာ ကား ဤ ရွေ့ တည်း။ ငါ ဒံ ယေ လ သည် ဆင် ခြင် ပူ ပန် လျက် မျက် နှာ ပျက် ရ သော် လည်း မြင် မက် သ မျှ ကို စိတ် နှ လုံး၌ ပိုက် ကျုံး လေ၏။ အခန်းကိုကြည့်ပါ။Judson Bible28 ဤရွေ့ကား အနက်အဓိပ္ပာယ်ပေတည်းဟု ဆိုလေ၏။ ငါဒံယေလသည် စိတ်ပူပန်ခြင်းသို့ရောက်၍ မျက်နှာညှိုးငယ်ခြင်းရှိ၏။ သို့သော်လည်း မြင်ရသောအာရုံများကို စိတ်နှလုံးထဲ၌ သိုထား၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 ဤသည်ကား အဖြစ်အပျက်အလုံးစုံတည်း။ ငါဒံယေလသည် အတွေးများကြောင့် စိုးရိမ်ထိတ်လန့်ကာ မျက်စိမျက်နှာပျက်လေ၏။ သို့သော် ထိုအဖြစ်အပျက်တို့ကို ငါ့စိတ်ထဲတွင် သိမ်းဆည်းထားလေ၏”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါဗေလတရှာဇာဟုလည်းနာမည် တွင်သောဒံယေလသည် အလွန်ထိတ်လန့် သွားသဖြင့်စကားပင်မပြောနိုင်ဘဲနေ ၏။ မင်းကြီးက``အချင်းဗေလတရှာဇာ၊ အိပ်မက်နှင့်အိပ်မက်၏အနက်ကြောင့်ထိတ် လန့်ခြင်းမရှိနှင့်'' ဟုမိန့်တော်မူလျှင်၊ ဗေလတရှာဇာက``အရှင်မင်းကြီး၊ ထိုအိပ် မက်နှင့်အနက်သည်အရှင်၏အတွက်မဟုတ် ဘဲအရှင်၏ရန်သူများအတွက်ဖြစ်ပါစေ သော။-