ဇိလသည်တုဗလကာဣနနာမည်ရှိသားကို ဖွားမြင်၏။ ထိုသူသည်ပန်းတဉ်းသမား၊ ပန်းပဲ သမားတို့၏ဖခင်ဖြစ်သတည်း။ တုဗလ ကာဣန၏နှမကားနေမဖြစ်၏။
ကမ္ဘာဦး 4:23 - Common Language Bible လာမက်ကမိမိမယားတို့အား``ငါ့မယား အာဒနှင့် ဇိလတို့ငါ့စကားကိုနားထောင်ကြလော့။ ငါ့ကိုရိုက်နှက်သူလူငယ်တစ်ဦးသည်ငါ့ကို ရိုက်နှက်သောကြောင့်ငါသတ်ခဲ့ပြီ။ Garrad Bible လာ မက် က လည်း အာ ဒ နှင့် ဇိ လ တို့၊ ငါ ပြော ဆို သံ ကို ကြား နာ ကြ လော့။ လာ မက် မ ယား တို့၊ ငါ့ စ ကား ကို နား ထောင် ကြ လော့။ ငါ့ ကို ထိ ရှ စေ သော သူ တည်း ဟူ သော ငါ့ အား နာ ကျင် စေ သော လူ ပျို ကို ငါ သတ် ခဲ့ ပြီ။ Judson Bible လာမက်ကလည်း၊ အာဒနှင့် ဇိလ၊ ငါပြောသံကိုမှတ်ကြလော့။ လာမက်မယားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ငါ့ကိုထိခိုက်သော လူတစ်ယောက်တည်းဟူသော၊ ငါ့ကိုညှဉ်းဆဲသောလူပျိုတစ်ယောက်ကို ငါသတ်ခဲ့ပြီ။ မြန်မာ့စံမီသမ္မာကျမ်း လာမက်သည် မိမိမယားတို့အား “အာဒနှင့်ဇိလတို့၊ ငါ့အသံကိုနားထောင်ကြလော့။ လာမက်၏မယားတို့၊ ငါ့စကားကိုစူးစိုက်နားထောင်ကြလော့။ ငါ့ကိုအနာတရဖြစ်စေသောလူ၊ ငါ့ကိုဒဏ်ရာရစေသောလူငယ်ကို ငါသတ်ခဲ့ပြီ။ |
ဇိလသည်တုဗလကာဣနနာမည်ရှိသားကို ဖွားမြင်၏။ ထိုသူသည်ပန်းတဉ်းသမား၊ ပန်းပဲ သမားတို့၏ဖခင်ဖြစ်သတည်း။ တုဗလ ကာဣန၏နှမကားနေမဖြစ်၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အပြစ်ပေးပိုင်တော်မူသော ဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်၏အမျက်တော်ကိုပေါ်လွင်ထင်ရှား စေတော်မူပါ။
သူတစ်ပါးအားလက်စားမချေရ။ ရန်ငြိုး မထားရ။ အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ် ရမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူ၏။
ထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆိုလေ၏။ ``ဇိဖော်၏သားဗာလက်၊ငါ့ထံသို့လာ၍ ငါပြောမည့်စကားကိုနားထောင်လော့။
ထာဝရဘုရားသည်ရန်သူတို့အားဒဏ်ခတ်၍ လက်စားချေတော်မူမည်။ သူတို့ရှုံးနိမ့်ရသောအချိန်ရောက်လိမ့်မည်။ သူတို့ပျက်စီးရသောအချိန်နီးပြီ။
ဤအခြင်းအရာကိုယောသံကြားသိသော အခါ ဂေရဇိမ်တောင်ထိပ်သို့တက်၍ရပ်ပြီး လျှင် အော်ဟစ်၍ဤသို့ဆို၏။ ``အချင်းရှေခင် မြို့သားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သို့ပြုလျှင်ဘုရားသခင်သည်လည်း သင်တို့ ၏စကားကိုနားထောင်ကောင်းနားထောင် တော်မူလိမ့်မည်။-