သို့ရာတွင်အာဗြံက``အရှင်ထာဝရဘုရား အကျွန်ုပ်တွင်သားမထွန်းကားသဖြင့် ကိုယ် တော်၏ဆုကိုအဘယ်သို့ခံစားရပါမည်နည်း။ ဒမာသက်မြို့သားဧလျာဇာသည်သာလျှင် အကျွန်ုပ်၏အမွေခံဖြစ်ပါ၏။-
ကမ္ဘာဦး 39:4 - Common Language Bible ပေါတိဖာသည်ယောသပ်အားကျေနပ်နှစ်သက် သဖြင့် သူ၏ကိုယ်ရေးကိုယ်တာမှူးအဖြစ်ခန့် ထားလျက် သူပိုင်ဆိုင်သမျှဥစ္စာပစ္စည်းနှင့်အိမ် မှုကိစ္စတို့ကိုအုပ်ထိန်းစေလေသည်။- Garrad Bible ဆောင် ရွက် နေ သူ ယော သပ် အား မျက် နှာ သာ ပေး လျက် အိမ် ကို ကြီး ကြပ် ကြည့် ရှု စေ ၍ ဥ စ္စာ ရှိ သ မျှ ကို သူ့ လက် ဝယ် အပ် လေ ၏။ Judson Bible ထိုကြောင့် ယောသပ်သည် သခင်ရှေ့၌မျက်နှာရ၍ ခစားလျက်နေရ၏။ သခင်သည်လည်း မိမိအိမ်တွင် အိမ်အုပ်အရာနှင့်ခန့်ထား၍ ဥစ္စာရှိသမျှကိုအပ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယောသပ်သည် သခင့်ရှေ့၌မျက်နှာရ၍ သခင့်အားခစားလျက်နေရ၏။ သခင်သည် မိမိအိမ်ကိုကြီးကြပ်သူအဖြစ် သူ့အားခန့်ထား၍ မိမိ၌ရှိသောအရာအားလုံးတို့ကို သူ့လက်၌အပ်လေ၏။ |
သို့ရာတွင်အာဗြံက``အရှင်ထာဝရဘုရား အကျွန်ုပ်တွင်သားမထွန်းကားသဖြင့် ကိုယ် တော်၏ဆုကိုအဘယ်သို့ခံစားရပါမည်နည်း။ ဒမာသက်မြို့သားဧလျာဇာသည်သာလျှင် အကျွန်ုပ်၏အမွေခံဖြစ်ပါ၏။-
``အရှင်သခင်တို့၊ အရှင်တို့အားဧည့်ဝတ်ပြု ပါရစေ။ အကျွန်ုပ်၏အိမ်သို့မဝင်ဘဲမနေ ပါနှင့်။-
ကိုယ်တော်သည်အကျွန်ုပ်အားကျေးဇူးပြုသဖြင့် အသက်ချမ်းသာရာရခဲ့ပါပြီ။ တောင်များသည်ခရီးဝေးလှပါ၏။ တောင်ပေါ်သို့မရောက်မီဘေးသင့်မည်ဟုစိုးရိမ်ရပါ၏။-
သူသည်သူ၏ပစ္စည်းဥစ္စာအားလုံးတို့ကိုအုပ် ထိန်းရသော အသက်အကြီးဆုံးအစေခံကို ခေါ်လျက်``သင်၏လက်ကိုငါ့ပေါင်အောက်မှာ ထား၍သစ္စာဆိုလော့။-
ကျွန်ုပ်တွင်နွား၊ မြည်း၊ သိုး၊ ဆိတ်နှင့်ကျွန်များရှိ ပါသည်။ ကိုယ်တော်ထံ၌ကျွန်ုပ်မျက်နှာသာရ နိုင်မည်ဟုမျှော်လင့်လျက် ဤသို့သတင်းပို့ လျှောက်ထားပါသည်' ဟုပြောလော့'' ဟုမှာ ကြားလိုက်လေသည်။
ယာကုပ်က``ကိုယ်တော်၏ထံမှမျက်နှာသာရ သည်မှန်လျှင် ကျွန်တော်ဆက်သသောလက်ဆောင် များကိုလက်ခံတော်မူပါ။ ကိုယ်တော်သည်ကျွန် တော်ကိုကြည်ဖြူစွာကြိုဆိုပါပြီ။ ကိုယ်တော် ၏မျက်နှာကိုမြင်ရသည်မှာဘုရားသခင်၏ မျက်နှာတော်ကိုဖူးမြင်ရသကဲ့သို့ပင်ဖြစ် ပါသည်။-
ဧသောက``လမ်းတွင်ငါတွေ့ခဲ့သောတိရစ္ဆာန် အုပ်များကိုမည်သည့်အတွက်ကြောင့်ရှေ့က သွားစေသနည်း'' ဟုမေးလျှင်၊ ယာကုပ်က``ကိုယ်တော်ထံမှမျက်နှာသာရ စေရန်ဖြစ်ပါသည်'' ဟုပြန်ဖြေလေ၏။
သို့ရာတွင်ယောသပ်ကငြင်းဆန်လျက်``သခင်သည် ကျွန်တော်အားအရာရာကိုမျက်နှာလွှဲအပ်ထား ပါသည်။ သခင်ပိုင်သမျှဥစ္စာပစ္စည်းကိုထိန်းသိမ်း ရန်ကျွန်တော်အားတာဝန်ပေးအပ်ထားပါသည်။-
ဘုရင့်ရထားတပ်ခွဲမှူးဇိမရိဆိုသူသည် မင်း ကြီးအားလုပ်ကြံရန်လျှို့ဝှက်ကြံစည်လေသည်။ တစ်နေ့သ၌မင်းကြီးသည်တိရဇမြို့ရှိနန်း တော်အုပ်အာဇ၏အိမ်တွင်သောက်စားမူးယစ် လျက်နေစဉ်၊-
ဟေဂဲသည်ဧသတာအားစိတ်နှင့်တွေ့သဖြင့် မျက်နှာသာပေး၏။ နှိပ်နယ်ပေးခြင်း၊ အထူး အစားအစာကိုကျွေးခြင်းတို့ကိုအလျင် အမြန်စတင်ပြုလုပ်ပေး၏။ အပျိုတော် ဆောင်တွင်အကောင်းဆုံးနေရာထိုင်ခင်းကို ပေး၍ နန်းတွင်းသူအမျိုးသမီးခုနစ် ယောက်ကိုအထူးရွေးချယ်ကာဧသတာ ကိုလုပ်ကျွေးပြုစုစေ၏။
ပညာရှိသော အကျွန်အားရှင်ဘုရင်သည် ကျေးဇူးပြုတတ်၏။ အရှက်ခွဲတတ်သော ကျွန်မူကား၊ အမျက်တော်ကို ခံရမည်။
လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့်သင့်တင့် စေတော်မူ၏။
ဆောင်ရွက်စရာအမှုကိုကြိုးစား၍ ပြီးစီးစေ တတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏ အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏ အမှုတော်ကို ဆောင် ရွက်၏။
သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သော သူသည် ဂုဏ်အသရေကို ရတတ်၏။
သို့ဖြစ်၍သင်တို့သည်မိမိတို့ကိုကိုယ်လည်း ကောင်း၊ သင်တို့လက်သို့ သန့်ရှင်းသောဝိညာဉ်တော် ပေးအပ်ထားသည့်သိုးစုကိုလည်းကောင်းစောင့် ရှောက်ကြည့်ရှုကြလော့။ ဘုရားသခင်၏အသင်း တော်ကိုသိုးထိန်းသဖွယ်စောင့်ထိန်းကြည့်ရှုကြ လော့။ ကိုယ်တော်သည်မိမိသားတော်အသေခံ သောအားဖြင့် ထိုအသင်းတော်ကိုမိမိပိုင်ဆိုင် ရာဖြစ်စေတော်မူသည်။-
အလုပ်သမားခေါင်းဆောင်က``ထိုသူငယ်မ သည် မောဘပြည်မှနောမိနှင့်အတူလိုက်လာ သည့်မောဘအမျိုးသမီးဖြစ်ပါသည်။-
ထိုနောက်``ငါသည်ဒါဝိဒ်ကိုနှစ်သက်တော်မူသည်။ သူ့အားငါ့ထံ၌ခစားပါစေ'' ဟုယေရှဲထံလူ လွှတ်မိန့်ကြားတော်မူလိုက်၏။-
သူငယ်ရှမွေလသည်ဆက်လက်ကြီးပြင်း၍ ထာဝရဘုရား၏ရှေ့လူတို့ရှေ့၌မျက်နှာ ရလေ၏။