ဘုရားသခင်သည်သူငယ်နှင့်အတူရှိတော် မူ၏။ သူငယ်သည်လည်းကြီးထွား၍ပါရန်ဟု ခေါ်သောတောကန္တာရ၌နေထိုင်သဖြင့်ကျင် လည်သောမုဆိုးဖြစ်လာသည်။-
ကမ္ဘာဦး 39:3 - Common Language Bible ထာဝရဘုရားသည်သူနှင့်အတူရှိ၍သူပြု လေသမျှတို့တွင် အောင်မြင်ကြောင်းသူ၏သခင် တွေ့မြင်ရသည်။- Garrad Bible သူ နှင့် အ တူ ထာ ဝ ရ ဘု ရား ရှိ ၍ ပြု လေ သ မျှ အ ထ မြောက် စေ တော် မူ ကြောင်း ကို သ ခင် သိ မြင် သော ကြောင့်၊ Judson Bible သူ့ဘက်၌ ထာဝရဘုရားသည်ရှိတော်မူ၍၊ သူပြုလေရာရာ၌ အောင်စေတော်မူကြောင်းကို သခင်လည်းသိမြင်၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူကြောင်းကိုလည်းကောင်း၊ သူပြုလေရာရာ၌ ထာဝရဘုရားအောင်မြင်စေတော်မူကြောင်းကိုလည်းကောင်း သူ၏သခင်သည် သိမြင်လေ၏။ |
ဘုရားသခင်သည်သူငယ်နှင့်အတူရှိတော် မူ၏။ သူငယ်သည်လည်းကြီးထွား၍ပါရန်ဟု ခေါ်သောတောကန္တာရ၌နေထိုင်သဖြင့်ကျင် လည်သောမုဆိုးဖြစ်လာသည်။-
ထိုအချိန်အခါအဘိမလက်သည်သူ၏စစ်ဗိုလ် ချုပ်ဖိကောလနှင့်အတူအာဗြဟံထံသို့သွား ၍``သင်ဆောင်ရွက်သမျှတို့၌ဘုရားသခင်ပါ ရှိတော်မူ၏။-
သို့ဖြစ်၍သင်သည်ငါ့ကိုသော်လည်းကောင်း၊ ငါ ၏သားသမီးနှင့်အဆက်အနွယ်များကိုသော် လည်းကောင်းမလှည့်စားပါဟူ၍ဘုရားသခင် ၏ရှေ့တော်၌ကတိသစ္စာဆိုပါလော့။ ငါသည် သင့်အားသစ္စာစောင့်သည့်နည်းတူ ငါ့ကိုသော် လည်းကောင်း၊ သင်မှီတင်းနေထိုင်ရာဤပြည် ကိုသော်လည်းကောင်းသစ္စာစောင့်ပါမည်ဟူ၍ ကတိပြုလော့'' ဟုအာဗြဟံအားဆိုလေ၏။
ထိုညမှာထာဝရဘုရားသည်သူ့အားကိုယ် ထင်ပြ၍``ငါသည်သင်၏အဖအာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင်တို့နှင့် အတူရှိ၏။ ငါ၏ကျွန်အာဗြဟံအားထား သောကတိတော်ကိုထောက်၍သင့်ကိုကောင်းချီး ပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းများ ပြားစေမည်'' ဟုမိန့်တော်မူသည်။-
သူတို့က``ထာဝရဘုရားသည်သင်နှင့်အတူ ရှိကြောင်း ယခုငါတို့သိရပြီဖြစ်၍ ငါတို့ အချင်းချင်းကတိသစ္စာထားကြပါစို့။-
ထိုအခါလာဗန်က``ငါလည်းပြောပါရစေ။ ထာဝရဘုရားသည်သင့်ကြောင့်ငါ့အား ကောင်းချီးပေးတော်မူကြောင်းကိုငါသိ မြင်လာရပြီ။-
ကျွန်ုပ်မရောက်မီကဦးရီး၌တိရစ္ဆာန်အနည်း ငယ်မျှသာရှိ၍ ယခုမြောက်မြားစွာတိုးပွား လျက်ရှိပါသည်။ ကျွန်ုပ်ကြောင့်ထာဝရဘုရား သည်ဦးရီးအားကောင်းချီးပေးတော်မူပြီ။ ယခုကျွန်ုပ်သည်ကိုယ့်စီးပွားကိုရှာရမည့် အချိန်ရောက်ပါပြီ'' ဟုဆိုလေ၏။
ထာဝရဘုရားသည်ယောသပ်နှင့်အတူရှိ သဖြင့်သူသည်ကြံစည်လုပ်ကိုင်တိုင်းအောင် မြင်၏။ သူသည်သူ၏သခင်အီဂျစ်အမျိုး သား၏အိမ်တွင်နေထိုင်လေသည်။-
ထာဝရဘုရားသည်သူနှင့်အတူရှိ၍သူ့ အားကောင်းချီးပေးသဖြင့် သူသည်ထောင်မှူး ထံ၌မျက်နှာသာရလေ၏။-
ထာဝရဘုရားသည်ယောသပ်နှင့်အတူရှိ၍ သူတာဝန်ယူဆောင်ရွက်သမျှတို့၌အောင်မြင် စေတော်မူသောကြောင့် ထောင်မှူးသည်ယောသပ် အားတာဝန်များကိုစိတ်ချယုံကြည်စွာ လွှဲအပ်လေသည်။
သို့ဖြစ်၍ထာဝရဘုရားသည်သူနှင့်အတူရှိ တော်မူသဖြင့် သူသည်ပြုလေသမျှသော အမှုတို့တွင်အောင်မြင်လေသည်။ သူသည် အာရှုရိဧကရာဇ်ဘုရင်ကိုအညံ့မခံဘဲ ပုန်ကန်လေသည်။-
သင်သည်ဣသရေလအမျိုးသားတို့ အတွက် မောရှေအားထာဝရဘုရားပေး တော်မူသောပညတ်တော်တို့ကိုစောင့်ထိန်း ပါမူ သင်၏အကြံအစည်ထမြာက်လိမ့် မည်။ အားမာန်တင်း၍စိတ်ချယုံကြည် လော့။ အဘယ်အရာကိုမျှမကြောက်နှင့်။-
ဧလာဇာ၏သားဖိနဟတ်သည်အခါ တစ်ပါးက ထိုသူတို့အားကြီးကြပ်အုပ် ချုပ်ရလေသည်။ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူ၏။
ဒါဝိဒ်မင်း၏သားတော်ရှောလမုန်မင်းသည် ဣသရေလနိုင်ငံတွင်အာဏာတည်မြဲလာ၏။ သူ၏ဘုရားသည်သူ့ကိုကောင်းချီးပေးတော် မူသဖြင့်သူသည်အလွန်တန်ခိုးကြီးလာ၏။
သူသည်မိမိ၏ဘာသာရေးအတိုင်ပင်ခံ ဇာခရိအသက်ရှင်လျက်နေသမျှကာလ ပတ်လုံး ထာဝရဘုရားအားသစ္စာနှင့်ကိုး ကွယ်သဖြင့်ဘုရားသခင်သည်သူ့အား ကောင်းချီးပေးတော်မူ၏။
ထိုအခါငါက``ကောင်းကင်ဘုံရှင်ဘုရားသခင်သည် ငါတို့အားအောင်မြင်ခွင့်ကို ပေးတော်မူလိမ့်မည်။ ငါတို့သည်ကိုယ်တော်၏ အစေခံများဖြစ်၍ဗိမာန်တော်တည်ဆောက် မှုကိုအစပြုကြမည်။ သင်တို့မူကားယေရု ရှလင်မြို့တွင်ဘာမျှမပိုင်။ ဤမြို့တွင်သင် တို့နှင့်ဆိုင်သောမှတ်သားဖွယ်ရာဘာမျှ မရှိ'' ဟုပြန်ပြော၏။
ထိုသူတို့သည်ချောင်းအနီးတွင်ပေါက်၍လျော်ကန်သင့်မြတ်ချိန်၌ အသီးသီးလျက်အရွက်မညှိုးမနွမ်းတတ်သောအပင်များနှင့်တူ၏။ သူတို့သည်ပြုလေသမျှအမှုကိစ္စတို့တွင်အောင်မြင်တတ်၏။
ထိုနေ့ရက်ကာလ၌ယုဒအမျိုးသား တစ်ဦးအားလူမျိုးခြားတစ်ကျိပ်က``ဘုရားသခင်သည်သင်နှင့်အတူရှိတော်မူကြောင်း ငါတို့ကြားသိရကြပေပြီ။ သို့ဖြစ်၍ ငါတို့သည်သင်တို့နှင့်ဆိုးတူကောင်းဖက် ဖြစ်လိုကြပါသည်' ဟုဆိုလိမ့်မည်'' ဟု မိန့်တော်မူ၏။
ထိုနည်းတူစွာလူတို့သည်သင်တို့၏ကောင်းသော အကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏ဂုဏ်တော်ကိုချီးကူးစေရန် သင် တို့၏အလင်းကိုလူတို့ရှေ့၌ထွန်းလင်းစေကြ လော့။
ငါရောက်ရှိလာသောအခါအလှူငွေကောက်ခံဖို့ မလိုစေရန် တနင်္ဂနွေနေ့တိုင်းသင်တို့တစ်ဦးစီ သည် မိမိ၏ဝင်ငွေနည်းများအလိုက်လှူဒါန်းရန် စုဆောင်းထားကြလော့။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပြုခဲ့လေသမျှကိုအဘယ်သို့ကောင်း ချီးပေးတော်မူခဲ့သည်ကို သတိရကြလော့။ ဤကျယ်ပြန့်သောတောကန္တာရကိုလှည့်လည်ဖြတ် သန်းရာခရီး၌ သင်တို့ကိုစောင့်ရှောက်တော်မူ ခဲ့ပြီ။ ကိုယ်တော်သည်နှစ်ပေါင်းလေးဆယ်ပတ် လုံးသင်တို့နှင့်အတူရှိတော်မူသဖြင့် သင် တို့လိုအပ်သမျှကိုရရှိခဲ့ကြပြီ။''
သို့ဖြစ်၍ငါမိန့်မှာသည့်အတိုင်းရဲရင့်ခြင်း ရှိလော့။ ကြောက်ရွံ့ခြင်းမရှိနှင့်။ စိတ်မပျက်နှင့်။ သင်၏ဘုရားသခင်ငါထာဝရဘုရားသည် သင်သွားလေရာရာ၌သင်နှင့်အတူရှိတော် မူ၏'' ဟုမိန့်တော်မူ၏။
နားထောင်လော့။ မိမိတို့ကိုယ်ကိုယုဒအမျိုး သားများဟုလိမ်လည်ပြောဆိုနေသူစာတန် ၏အဖွဲ့ဝင်တို့အား သင်၏ခြေရင်းသို့လာ ရောက်ပျပ်ဝပ်စေမည်။ သင့်အားငါချစ်ကြောင်း ကိုသူတို့သိကြလိမ့်မည်။-
ထာဝရဘုရားသည်သူနှင့်အတူရှိတော် မူသဖြင့် သူပြုလေသမျှသောအမှုတို့ သည်အောင်မြင်လေ၏။-
ထာဝရဘုရားသည်ဒါဝိဒ်နှင့်အတူရှိတော် မူကြောင်းကိုလည်းကောင်း၊ မိခါလသည်ဒါဝိဒ် အားချစ်ကြောင်းကိုလည်းကောင်း ကောင်းစွာသိ သဖြင့်၊-
ရှမွေလသည်ကြီးပြင်း၍လာ၏။ ထာဝရ ဘုရားသည်သူနှင့်အတူရှိတော်မူ၍ ရှမွေလ ဖော်ပြသမျှသောအမှုအရာတို့ကိုဖြစ် ပျက်စေတော်မူ၏။-