မီးဖွားနေစဉ်ကလေးတစ်ယောက်ကလက်ကိုအပြင် သို့ဆန့်ထုတ်လေ၏။ ဝမ်းဆွဲကထိုလက်ကိုဖမ်းကိုင် ၍ကြိုးနီစချည်လျက်``ဤကလေးသည်သားဦး ဖြစ်သည်'' ဟုဆို၏။-
ကမ္ဘာဦး 38:29 - Common Language Bible သို့ရာတွင်ကလေးသည်လက်ကိုပြန်ရုပ်ရာအခြား အမြွှာသားကဦးစွာဖွားမြင်လာလေသည်။ ထို အခါဝမ်းဆွဲက``သင်သည်နိုင်လိုမင်းထက်ပြု၍ ထွက်လာသည်'' ဟုဆို၏။ ထိုကြောင့်ထိုကလေး အားဖာရက်ဟုနာမည်မှည့်ကြ၏။- Garrad Bible ထို သား သည် လက် ကို ရုပ် ပြန် ရာ အ မြွာ ဘက် ဖွား သော် လက် သည် က၊ သင် ထိုး ဖောက် လေ ပြီ တ ကား ဟု ဆို ၍ ဖာ ရက် အ မည် ဖြင့် မှည့် ကြ ၏။ Judson Bible သို့သော်လည်း ထိုသူသည်မိမိလက်ကိုရုပ်ပြန်၍ သူ့အစ်ကိုဖွားသည်ကို ဝမ်းဆွဲက၊ သင်သည် အဘယ်ကြောင့်အနိုင်အထက်ပြုရသနည်း။ အနိုင်အထက်ပြုသောဤအမှုသည် သင်၌စွဲစေဟုဆိုလျက် သူ့ကိုဖာရက်အမည်ဖြင့် မှည့်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထိုကလေးသည် လက်ကိုပြန်ရုပ်လိုက်ရာ ကျန်တစ်ယောက်သည် သူ့ထက်အလျင်မွေးလာ၏။ ထိုအခါ ဝမ်းဆွဲက “သင်သည် မရမကထိုးဖောက်ထွက်လာပါသည်တကား”ဟု ဆိုလေ၏။ ထို့ကြောင့် ထိုသား၏အမည်ကို ဖာရက် ဟုမှည့်ခေါ်လေ၏။ |
မီးဖွားနေစဉ်ကလေးတစ်ယောက်ကလက်ကိုအပြင် သို့ဆန့်ထုတ်လေ၏။ ဝမ်းဆွဲကထိုလက်ကိုဖမ်းကိုင် ၍ကြိုးနီစချည်လျက်``ဤကလေးသည်သားဦး ဖြစ်သည်'' ဟုဆို၏။-
ယုဒနှင့်သူ၏သားများဖြစ်ကြသောရှေလ၊ ဖာရက်၊ ဇာရ (ယုဒ၏အခြားသားများဖြစ် ကြသောဧရနှင့်သြနန်တို့သည်ခါနာန်ပြည် ၌သေဆုံးကြ၏။) ဖာရက်၏သားများဖြစ် ကြသောဟေဇရုံနှင့်ဟာမုလ။-
ယုဒသည်မိမိ၏ချွေးမနှင့်ရပြန်သော သားနှစ်ယောက်မှာဖာရက်နှင့်ဇာရဖြစ်၏။
ယုဒအနွယ်မှအိမ်ထောင်စုပေါင်းခြောက်ရာ ကိုးဆယ်တို့သည် ယေရုရှလင်မြို့တွင်နေ ထိုင်ကြ၏။ ယုဒ၏သားဖာရက်မှဆင်းသက်လာသူတို့ ၏ခေါင်းဆောင်မှာဥသဲဖြစ်၏။ သူသည်အမိ ဟုဒ်၏သား၊ သြမရိ၏မြေးတည်း။ သူ၏ အခြားဘိုးဘေးများတွင်ဣမရိနှင့် ဗာနိတို့ပါဝင်သည်။ ယုဒ၏သားရှေလမှဆင်းသက်လာသူတို့ ၏ခေါင်းဆောင်မှာအသာယဖြစ်၏။ သူသည် မိမိ၏အိမ်ထောင်ဦးစီးဖြစ်လေသည်။ ယုဒ၏သားဇေရမှဆင်းသက်လာသူ တို့၏ခေါင်းဆောင်မှာယွေလဖြစ်၏။
ဖရက်၏သားမြေးများအနက်သူရဲကောင်း လေးရာခြောက်ဆယ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့တွင်နေထိုင်ကြ၏။ ယောဒ၏မြေး၊ မေရှုလံ၏သားသလ္လု။ သူ ၏အခြားဘိုးဘေးများတွင်ပေဒါယ၊ ကောလာယ၊ မာသေယ၊ ဣသေလ၊ ယေရှာယ တို့ပါဝင်သည်။
ယုဒနှင့်တာမာမှရသောသားများသည်ဖာရက် နှင့်ဇာရ၊ ဖာရက်၏သားမှာဟေဇရုံ၊ ဟေဇရုံ ၏သားကားအာရံဖြစ်၏။-
နာရှုန်သည်အမိနဒပ်၏သား၊ အမိနဒပ်သည် အဒ်မိန်၏သား၊ အဒ်မိန်သည်အာရံနိ၏သား၊ အာရံနိသည်ဟေဇရုံ၏သား၊ ဟေဇရုံသည် ဖာရက်၏သား၊ ဖာရက်သည်ယုဒ၏သားဖြစ်၏။-
ဤအမျိုးသမီးအားဖြင့် ထာဝရဘုရား ပေးတော်မူသောသားသမီးများသည် ယုဒ နှင့်တာမာတို့၏သားဖာရက်၏အိမ်ထောင် စုဝင်များကဲ့သို့ဖြစ်ကြပါစေသော'' ဟု ဆိုကြ၏။