သင်၏အဆက်အနွယ်ကိုမိုးကောင်းကင်ရှိ ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေ ရှိသဲပွင့်များကဲ့သို့လည်းကောင်းများပြား စေမည်။ သင်၏အဆက်အနွယ်တို့သည်သူတို့ ၏ရန်သူများကိုတိုက်ခိုက်အောင်မြင်လိမ့် မည်။-
ကမ္ဘာဦး 36:1 - Common Language Bible ဧဒုံဟူ၍လည်းနာမည်တွင်သောဧသော ၏အဆက်အနွယ်တို့ကိုဖော်ပြပေအံ့။- Garrad Bible ဧ ဒုံ၊ တစ် နည်း ဧ သော၏ သား စဉ် မြေး ဆက် ဟူ မူ ကား၊ Judson Bible ဧဒုံအမည်ရှိသော ဧသောအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများဟူမူကား၊ မြန်မာ့စံမီသမ္မာကျမ်း ဧဒုံ ခေါ် ဧသော၏အတ္ထုပ္ပတ္တိကား ဤသို့ဖြစ်၏။ |
သင်၏အဆက်အနွယ်ကိုမိုးကောင်းကင်ရှိ ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေ ရှိသဲပွင့်များကဲ့သို့လည်းကောင်းများပြား စေမည်။ သင်၏အဆက်အနွယ်တို့သည်သူတို့ ၏ရန်သူများကိုတိုက်ခိုက်အောင်မြင်လိမ့် မည်။-
ဧဒုံပြည်၊ ဗောဇရမြို့မှလာသောသူကား အဘယ်သူနည်း။ လှပတင့်တယ်စွာနီမြန်း သောအဝတ်ကိုဝတ်ဆင်ထားလျက်ခွန်အား စွမ်းရည်အပြည့်အဝနှင့်ချီတက်လာသူ ကားအဘယ်သူနည်း။ ထိုသူသည်မိမိ၏အောင်ပွဲကိုကြေညာ ရန်ကြွလာသည့်အရှင်၊ ကယ်တင်ပိုင်သော တန်ခိုးတော်အရှင်ထာဝရဘုရားပေ တည်း။
အရှင်ထာဝရဘုရားက``ဧဒုံပြည်သည် ရက်စက်စွာယုဒပြည်ကိုလက်စားချေ ခြင်းအားဖြင့်ကြီးလေးသောအပြစ်ကို ကူးလွန်၏။-
``ဧဒုံအမျိုးသားတို့သည် သင်တို့၏သား ချင်းများဖြစ်သောကြောင့် သူတို့ကိုမမုန်းရ။ အီဂျစ်အမျိုးသားတို့ကိုလည်းမမုန်းရ။ သင်တို့သည်တစ်ခါက သူတို့၏ပြည်တွင် နေထိုင်ခဲ့ဖူးသည်။-
ရှောလုသည်ဣသရေလပြည်တွင်နန်းတက် ပြီးနောက် နေရာအနှံ့အပြားတွင်ရန်သူ များဖြစ်ကြသောမောဘပြည်သားများ၊ အမ္မုန်ပြည်သားများနှင့်ဧဒုံပြည်သား များကိုလည်းကောင်း၊ ဇောဘမင်းများနှင့် ဖိလိတ္တိအမျိုးသားများကိုလည်းကောင်း စစ်တိုက်ရလေသည်။ သူသည်မည်သည့် အရပ်တွင်တိုက်ပွဲဖြစ်သည်မဆိုအောင် မြင်သည် သာဖြစ်၏။-