ထိုအခါဟာဂရက``ငါသည်ထာဝရ ဘုရားကိုအကယ်ပင်ဖူးမြင်ရပြီးနောက် အသက်ရှင်သေးပါတကား'' ဟုဆိုပြီး လျှင်သူ့အားထိုသို့မိန့်ကြားတော်မူသော ထာဝရဘုရားကို``မြင်တော်မူသောဘုရား'' ဟူသောနာမည်ဖြင့်ခေါ်ဝေါ်လေ၏။-
ကမ္ဘာဦး 32:31 - Common Language Bible ယာကုပ်သည်ပေနွေလအရပ်မှထွက်ခွာလာ သောအခါနေထွက်ပြီဖြစ်၏။ သူသည်ခါးဆစ် ဒဏ်ရာကြောင့်ထော့နဲ့ကျိုးနင်းသွားရလေသည်။- Garrad Bible ပေ နွေ လ အ ရပ် ကို ယာ ကုပ် ထော့ နဲ့ လွန် သွား သော အ ခါ နေ ထွက် ချိန် ရှိ ပြီ။ Judson Bible ပေနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ၊ နေထွက်ချိန်ရှိ၍၊ သူသည် ထော့နဲ့သွားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ပေနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ နေထွက်ပြီဖြစ်၏။ သူသည် သူ၏တင်ပါးဆုံအဆစ်လွဲသွားသောကြောင့် ထော့နဲ့ထော့နဲ့ဖြင့်သွားလေ၏။ |
ထိုအခါဟာဂရက``ငါသည်ထာဝရ ဘုရားကိုအကယ်ပင်ဖူးမြင်ရပြီးနောက် အသက်ရှင်သေးပါတကား'' ဟုဆိုပြီး လျှင်သူ့အားထိုသို့မိန့်ကြားတော်မူသော ထာဝရဘုရားကို``မြင်တော်မူသောဘုရား'' ဟူသောနာမည်ဖြင့်ခေါ်ဝေါ်လေ၏။-
နံနက်အချိန်အရုဏ်တက်အချိန်၌ ကောင်းကင်တမန်တို့ကလောတအားအမြန်ထွက်သွားရန်တိုက်တွန်းလေသည်။ သူတို့က``မြို့ကိုဖျက်ဆီးသောအခါသင်၏မယားနှင့်သမီးနှစ်ယောက်အသက်မဆုံးရစေရန် သူတို့ကိုခေါ်၍ယခုအမြန်ထွက်လော့'' ဟုဆို၏။-
ထိုသူသည်မနိုင်မှန်းသိသောအခါယာကုပ် ၏တင်ပါးကိုထိုးသဖြင့်အဆစ်ပြုတ်လေ၏။-
ယာကုပ်သည်တင်ပါးကြွက်သားတွင်အထိုး ခံခဲ့ရသည်ဖြစ်သောကြောင့် ယနေ့ထက်တိုင် ဣသရေလအမျိုးသားတို့သည်တင်ပါး ကြွက်သားကိုမစားကြချေ။
ဣသရေလဘုရင်ယေရောဗောင်သည်တောင် ပေါများသောဧဖရိမ်ပြည်၊ ရှေခင်မြို့ကို တံတိုင်းကာပြီးလျှင်ကာလအတန်ကြာမျှ နန်းစံတော်မူ၏။ ထို့နောက်ထိုမြို့မှထွက်ခွာ ၍ပေနွေလမြို့ကိုတံတိုင်းကာတော်မူ၍၊-
သူတို့သည်လည်းမိမိတို့ထံသို့ယူဆောင် လာသောနွားကိုယဇ်ပူဇော်ရန်အတွက် ပြင် ဆင်ကြပြီးလျှင်ဗာလဘုရားထံသို့မွန်း တည့်ချိန်တိုင်အောင်ဆုတောင်းပတ္ထနာပြု ကြ၏။ သူတို့က``အို ဗာလဘုရား၊ အကျွန်ုပ် တို့၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ ပါ'' ဟုဟစ်အော်ကြပြီးလျှင် မိမိတို့တည် ဆောက်ထားသည့်ယဇ်ပလ္လင်၏ပတ်လည်တွင် ကလျက်နေကြ၏။ သို့ရာတွင်ဗာလဘုရား ထံမှမည်သို့မျှအဖြေမရကြ။
ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို ဖူးမြင်ရကြ၏။ ကိုယ်တော်၏ခြေတော်အောက်တွင် မိုးကောင်းကင်သဖွယ်ပြာလက်နေသောနီလာ ကျောက်ခင်းထားသည်ဟုထင်ရ၏။-
ဘုရားသခင်သည်ဣသရေလအမျိုးသားခေါင်း ဆောင်တို့အားဘေးဥပဒ်ရောက်စေတော်မမူ။ သူတို့သည် ဘုရားသခင်အားဖူးမြင်ပြီး နောက်အတူတကွစားသောက်ကြ၏။
ငါကလည်း၊``ငါ၌မျှော်လင့်စရာမရှိတော့ပြီ။ ငါသည်အမင်္ဂလာရှိပါသည်တကား။ ငါ၏နှုတ်ထွက်စကားမှန်သမျှသည်ညစ်ညမ်း၍ ညစ်ညမ်းသောစကားကိုသာလျှင်ပြောဆိုတတ်သူတို့အထဲတွင်ငါနေထိုင်ရ၏။ သို့ရာတွင်ယခုငါသည် အနန္တတန်ခိုးရှင်ထာဝရဘုရားတည်းဟူသောဘုရင်မင်းကိုဖူးမြင်ရလေပြီ'' ဟုဆို၏။
ငါ၏စကားတော်ကိုရိုသေသူသင်တို့ အဖို့မှာမူကား ငါ၏ကယ်တင်ခြင်းတန် ခိုးသည်နေမင်းသဖွယ် သူတို့အပေါ်၌ ထွန်းလင်းလျက်နေရောင်ခြည်သဖွယ် သင် တို့၏အနာရောဂါများကိုပျောက်ကင်း စေလိမ့်မည်။ သင်တို့သည်တင်းကုပ်မှလွှတ် ထုတ်လိုက်သည့်နွားငယ်များကဲ့သို့လွတ် လပ်ပျော်ရွှင်စွာခုန်ပေါက်လျက်နေလိမ့်မည်။-
ငါမြင်ရသည့်အံ့သြဖွယ်ရူပါရုံများ ကြောင့်ငါ့ကိုယ်ကိုအထင်မကြီးစေရန်ငါ သည်မိမိကိုယ်ခန္ဓာတွင်နာကျင်သော ဝေဒနာကိုခံစားနေရ၏။ ထိုဝေဒနာ သည်စာတန်၏စေတမန်သဖွယ်ငါ့ကို ဒဏ်ခတ်၍ငါ၏မာန်မာနကိုချိုးနှိမ်၏။-
သို့ဖြစ်၍ငါသည်ခရစ်တော်၏တန်ခိုး တော်တွင်ခိုလှုံနိုင်ရန် ငါ၏အားနည်းချက် များကြောင့်အထူးဝမ်းမြောက်လျက်ဂုဏ် ယူဝါကြွား၏။-
`အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ၏အသံတော်ကိုမီးထဲမှကြားရသဖြင့် အကျွန်ုပ်တို့အားထာဝရဘုရားက မိမိ ၏ဘုန်းတန်ခိုးတော်ကိုထင်ရှားပြသတော် မူပါပြီ။ ဘုရားသခင်သည်လူသားအား စကားပြောသော်လည်း လူသားသည်မသေ ဘဲအသက်ရှင်နေနိုင်ကြောင်းကိုအကျွန်ုပ် တို့ယနေ့သိမြင်ရကြပါပြီ။-
အသက်ရှင်တော်မူသောဘုရား၏အသံတော် ကိုမီးထဲမှ အကျွန်ုပ်တို့ကဲ့သို့ကြားရပြီးမှ အသက်ရှင်သောလူသတ္တဝါရှိဖူးပါသလော။-
ထိုအခါဂိဒေါင်သည်မိမိတွေ့ရှိခဲ့သူမှာ ထာဝရဘုရား၏ကောင်းကင်တမန်ပင်ဖြစ် ကြောင်းသိလေလျှင် ကြောက်လန့်လျက်ဤသို့ ဆို၏။ ``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ် သည်ကိုယ်တော်၏ကောင်းကင်တမန်နှင့်မျက် နှာချင်းဆိုင်တွေ့မြင်ရပါပြီတကား'' ဟုလျှောက်လေသည်။
သို့ရာတွင်ထာဝရဘုရားက``စိတ်အေးချမ်း သာစွာနေလော့။ မစိုးရိမ်နှင့်။ သင်သည်သေရ လိမ့်မည်မဟုတ်'' ဟုသူ့အားမိန့်တော်မူ၏။-
ထိုနောက်သူသည်ပေနွေလမြို့သို့သွား၍ ရှေးနည်းတူ ထိုမြို့သားတို့ထံမှအကူအညီ တောင်းခံသော်လည်း ပေနွေလမြို့သားတို့က သုကုတ်မြို့သားတို့နည်းတူပြန်လည်ဖြေ ကြားကြ၏။-