ထိုအခါသူက``ဘုရားသခင်သည်ငါ့အား လက်ဆောင်ကောင်းကိုပေးသနားတော်မူပြီ။ ငါ သည်သားခြောက်ယောက်ကိုဖွားမြင်ပေးသဖြင့် ယခုငါ၏လင်ယောကျာ်းသည်ငါ့ကိုမြတ်နိုး လိမ့်မည်'' ဟုဆိုလျက်ထိုသားကိုဇာဗုလုန် ဟူ၍နာမည်မှည့်လေ၏။-
လေ အာ က၊ ဘု ရား သ ခင် သည် ကောင်း မွန် စွာ လက် ဖွဲ့ တော် မူ ပြီ။ သား ခြောက် ယောက် ကို ငါ ဖွား မြင် သော ကြောင့် လင် သည် ယ ခု ငါ ကို ဂုဏ် ရောက် စေ မည် ဟု ဆို လျက် ဇာ ဗု လုန် အ မည် ဖြင့် မှည့် လေ ၏။
ဘုရားသခင်သည်၊ ကောင်းသောလက်ဖွဲ့ကို ပေးသနားတော်မူပြီ။ ငါ့လင်အား သားခြောက်ယောက်ကို ဖွားမြင်သောကြောင့်၊ ယခုငါနှင့် အမြဲနေလိမ့်မည်ဟုဆို၍၊ ထိုသားကို ဇာဗုလုန်အမည်ဖြင့် မှည့်လေ၏။
ထိုအခါ လေအာက “ဘုရားသခင်သည် ကောင်းသောလက်ဆောင်ကို ငါ့အားပေးတော်မူပြီ။ ငါသည် ငါ့ယောက်ျားအတွက် သားခြောက်ယောက်ကိုမွေးဖွားပြီဖြစ်၍ ဤတစ်ကြိမ်တွင် သူသည် ငါ့ကိုတန်ဖိုးထားလိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ဇာဗုလုန် ဟုမှည့်ခေါ်လေ၏။
ထိုနောက်သူသည်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားတစ်ယောက်ကိုဖွားမြင်ပြန်သည်ရှိသော် သူက``ငါ၏လင်ယောကျာ်းအားသားသုံး ယောက်ကိုဖွားမြင်ပေးပြီဖြစ်ရာသူသည် ငါ့အားယခင်ကထက်ပို၍ခင်တွယ်မှုရှိ မည်'' ဟုဆိုလျက်တတိယသားကိုလေဝိ ဟူ၍နာမည်မှည့်လေသည်။-
လေအာက``သင်သည်ငါ၏လင်ယောကျာ်းကိုယူရုံ ဖြင့်အားမရဘဲ ယခုငါ့သား၏အနုဆေးသီး ကိုယူချင်ပြန်ပြီလော'' ဟုဆိုလေ၏။ ရာခေလက``သင့်သား၏အနုဆေးပင်များကို ပေးလျှင် သင်သည်ယနေ့ညယာကုပ်နှင့်အတူ အိပ်နိုင်သည်'' ဟုပြန်ပြောလေ၏။
တစ်ဖန်လေအာသည်ကိုယ်ဝန်ဆောင်၍ဆဋ္ဌမ သားကိုဖွားမြင်သည်။-
ထိုနောက်သူသည်သမီးတစ်ယောက်ကိုဖွားမြင် သဖြင့်ဒိနဟူ၍နာမည်မှည့်လေသည်။
သင်တို့အလိုရှိသမျှမင်္ဂလာကြေးနှင့် လက်ဖွဲ့ပစ္စည်းကိုအမြင့်ဆုံးသတ်မှတ်တောင်း ဆိုကြပါ။ ဒိနကိုလက်ထပ်ခွင့်ပေးမည်ဆို လျှင်သင်တို့တောင်းဆိုသမျှကိုပေးပါမည်'' ဟုပြောလေ၏။
လေအာမှဖွားမြင်သောသားများမှာရုဗင် (ယာကုပ်၏သားဦး) ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါနှင့်ဇာဗုလုန်တို့ဖြစ်သည်။
ဇာဗုလုန်နှင့်သူ၏သားများဖြစ်ကြသော သရက်၊ ဧလုန်၊ ယာလေလ။-
ဇာဗုလုန်သည်ပင်လယ်ကမ်းနား၌နေထိုင်၍ သူ၏ဆိပ်ကမ်းများသည်သင်္ဘောများခိုလှုံရာ ဖြစ်လိမ့်မည်။ သူ၏ပိုင်နက်နယ်မြေသည်ဇိအုန်မြို့တိုင်အောင် ကျယ်ပြန့်လိမ့်မည်။
ချီတက်လာသောထိုလူစုထဲတွင်ဦးစွာ အငယ်ဆုံးဖြစ်သောဗင်္ယာမိန်အနွယ်ဝင်များ၊ ထိုနောက်ယုဒခေါင်းဆောင်များနှင့်အနွယ် ဝင်များ၊ သူတို့နောက်မှဇာဗုလုန်နှင့်နဿလိ ခေါင်းဆောင်များနှင့်အနွယ်ဝင်များလိုက်ပါ ကြ၏။
အကယ်၍မိန်းမပျို၏ဖခင်ကထိုသူနှင့် သဘောမတူလျှင်၊ သူသည်မိန်းမပျိုတစ်ဦး အတွက်တင်တောင်းရသောမင်္ဂလာလက်ဖွဲ့ကြေး ကိုဖခင်အားပေးလျော်ရမည်။
ကိုယ်တော်သည်နာဇရက်မြို့တွင်နေထိုင်တော် မမူဘဲဇာဗုလုန်နယ်နှင့်နဿလိနယ်စပ်ကြား၊ ဂါလိလဲအိုင်အနီးရှိကပေရနောင်မြို့သို့ သွားရောက်နေထိုင်တော်မူ၏။-
အမင်္ဂလာရွတ်ဆိုသောအခါ၌ ရုဗင်၊ ဂဒ်၊ အာရှာ၊ ဇာဗုလုန်၊ ဒန်နှင့်နဿလိအနွယ် တို့သည်ဧဗလတောင်ပေါ်တွင်ရပ်နေရ ကြမည်။-
ဗာရက်သည်နဿလိအနွယ်ဝင်နှင့်ဇာဗုလုန် အနွယ်ဝင်တို့ကို ကေဒေရှမြို့သို့ခေါ်ယူရာ သူ၏နောက်သို့လူပေါင်းတစ်သောင်းလိုက်ကြ ၏။ ဒေဗောရသည်လည်းသူနှင့်အတူလိုက် လေသည်။
သူတို့သည်ဗင်္ယာမိန်အနွယ်ဝင်တို့နောက်က လိုက်၍ ဧဖရိမ်နယ်မြေမှချိုင့်ဝှမ်းထဲသို့ဆင်းလာ ကြ၏။ စစ်သူကြီးများသည်မာခိရအနွယ်ထဲမှ လည်းကောင်း စစ်အရာရှိတို့သည်ဇာဗုလုန်အနွယ် ထဲမှလည်းကောင်းဆင်းလာကြ၏။
ထိုအခါရှောလုက``သင်တို့သည်ဒါဝိဒ်အား မင်းကြီးသည်သင့်အားသမီးတော်ကိုပေးရ သည့်အတွက်လက်ဆောင်အဖြစ် သင့်ထံမှ ဖိလိတ္တိအမျိုးသားလူသေအလောင်းတစ်ရာ တို့၏အရေဖျားများကိုသာလျှင် ရန်သူ တို့အားလက်စားချေသည့်အနေဖြင့်အလို ရှိတော်မူသည်ဟုပြောကြားလော့'' ဟု အမိန့်ပေးတော်မူ၏။ (ရှောလုဤသို့ပြု ခြင်းမှာဖိလိတ္တိအမျိုးသားတို့၏လက် ဖြင့်ဒါဝိဒ်အသတ်ခံရရန်ဖြစ်၏။-)