ဆာလံ 68:27 - Common Language Bible27 ချီတက်လာသောထိုလူစုထဲတွင်ဦးစွာ အငယ်ဆုံးဖြစ်သောဗင်္ယာမိန်အနွယ်ဝင်များ၊ ထိုနောက်ယုဒခေါင်းဆောင်များနှင့်အနွယ် ဝင်များ၊ သူတို့နောက်မှဇာဗုလုန်နှင့်နဿလိ ခေါင်းဆောင်များနှင့်အနွယ်ဝင်များလိုက်ပါ ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible27 အုပ် စိုး ရ သော သား ထွေး ဗင်္ယာ မိန် မှ စ၍၊ ယု ဒ၊ ဇာ ဗု လုံ၊ နဿ လိ မှူး တော် မတ် တော် များ စု ရုံး ကြ ပါ၏။ အခန်းကိုကြည့်ပါ။Judson Bible27 အစိုးရသော ဗင်္ယာမိန်ငယ်မှစ၍၊ မိမိအလုံးအရင်းနှင့်တကွ ယုဒမင်းများ၊ ဇာဗုလုန်မင်းများ၊ နဿလိမင်းများ ပါကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 ထိုအရပ်တွင် သူတို့ကိုအုပ်စိုးသည့် အသေးငယ်ဆုံးသောဗင်္ယာမိန်အနွယ်ရှိ၍ သူတို့၏အုပ်စုထဲတွင် ယုဒအနွယ်၏အကြီးအကဲများ၊ ဇာဗုလုန်အနွယ်၏အကြီးအကဲများနှင့် နဿလိအနွယ်၏အကြီးအကဲများပါရှိကြပါ၏။ အခန်းကိုကြည့်ပါ။ |
ရှောလုက``အကျွန်ုပ်သည် ဗင်္ယာမိန်အနွယ်ဝင် ဖြစ်ပါ၏။ ထိုသားချင်းစုသည်ဣသရေလ အမျိုးတွင်အသေးငယ်ဆုံးဖြစ်ပါ၏။ အ ကျွန်ုပ်၏အိမ်ထောင်စုသည်လည်း ထိုသားချင်း စုတွင်အသိမ်ငယ်ဆုံးဖြစ်ပါ၏။ သို့ဖြစ်၍ အရှင်သည်အဘယ်ကြောင့်အကျွန်ုပ်အား ဤသို့မိန့်တော်မူပါသနည်း'' ဟုလျှောက်၏။