ဧသောသည်ထိုစကားကိုကြားရလျှင်မခံ မရပ်နိုင်အောင်ခံစားရသဖြင့်``အို အဖ၊ ကျွန်တော့် အားလည်းကောင်းချီးပေးပါဦး'' ဟုအသံကျယ် စွာအော်ဟစ်တောင်းပန်လေ၏။
ကမ္ဘာဦး 27:38 - Common Language Bible ဧသောက``အို အဖ၊ ဖခင်ထံ၌ပေးစရာ ကောင်းချီးမင်္ဂလာတစ်ပါးမျှမကျန်ပါ သလော။ ကျွန်တော့်ကိုလည်းကောင်းချီးမင်္ဂလာ ပေးပါဦး'' ဟုဖခင်အားဆက်လက်တောင်းပန် ၍ငိုကြွေးလေ၏။ Garrad Bible ဧ သော က အို အ ဘ၊ ကောင်း ကြီး တစ် ပါး သာ လျှင် ရှိ ပါ သ လော။ အို အ ဘ၊ ကျွန် တော် ကို လည်း ကောင်း ကြီး ပေး ပါ။ ကျွန် တော် ကို ပင် ပေး ပါ ဦး ဟု ပြန် လျှောက် လျက် အော် ဟစ် ငို ကြွေး လေ၏။ Judson Bible ဧသောက၊ အိုအဘ၊ ကောင်းချီးမင်္ဂလာ တစ်စုံတစ်ခုမျှမရှိပါသလော။ အိုအဘ၊ အကျွန်ုပ်ကိုလည်း ကောင်းချီးပေးပါလော့၊ ပေးပါလော့ဟု အဘအားပြောဆိုလျက်၊ တစ်ဖန်အသံကိုလွှင့်၍ ငိုကြွေးလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဧသောကလည်း “အဖေ၊ အဖေ့တွင် ကောင်းချီးမင်္ဂလာတစ်ပါးတည်းသာရှိသလော။ အဖေ၊ အကျွန်ုပ်ကို၊ အကျွန်ုပ်ကိုလည်း ကောင်းချီးပေးပါ”ဟု ဖခင်အားဆို၏။ ထို့နောက် ဧသောသည် အော်ဟစ်ငိုကြွေးလေ၏။ |
ဧသောသည်ထိုစကားကိုကြားရလျှင်မခံ မရပ်နိုင်အောင်ခံစားရသဖြင့်``အို အဖ၊ ကျွန်တော့် အားလည်းကောင်းချီးပေးပါဦး'' ဟုအသံကျယ် စွာအော်ဟစ်တောင်းပန်လေ၏။
ဧသောက``သူသည်ကျွန်တော်အားနှစ်ကြိမ်တိုင် တိုင်ယာကုပ်ဟူသောနာမည်နှင့်လိုက်အောင်လှည့် စားခဲ့ပါပြီ။ သူသည်ကျွန်တော်၏သားဦးအရာ ကိုတစ်ကြိမ်၊ ယခုတစ်ဖန်ကျွန်တော်ခံစားရ မည့်ကောင်းချီးကိုတစ်ကြိမ်ယူသွားပါပြီ။ ကျွန်တော်အဖို့ကောင်းချီးတစ်ပါးပါးမကျန် ပါသလော'' ဟုဖခင်အားမေးလေ၏။
ဤသူတို့သည် ဣသရေလအနွယ်တစ်ဆယ့် နှစ်နွယ်ဖြစ်၏။ သူတို့၏အဖကသူတို့တစ် ဦးစီနှင့်သက်ဆိုင်သော မင်္ဂလာစကားများ ကိုအထက်ဖော်ပြပါအတိုင်းမြွက်ဆိုခဲ့ လေသည်။
ငါ၏ကျွန်တို့သည်ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုရကြလျက် သင်တို့မူကားစိတ် နှလုံးကြေကွဲကျိုးပဲ့လျက်ငိုကြွေးရ ကြလိမ့်မည်။-
သင်တို့သိသည့်အတိုင်း သူသည်နောင်အခါမှ ဖခင်၏ကောင်းချီးကိုခံယူရန်အလိုရှိ၏။ သို့ရာတွင်မရရှိခဲ့။ အဘယ်ကြောင့်ဆိုသော် သူသည်မိမိပြုပြီးသည့်အမှုကိုပြန်လည် ပြင်ဆင်ရန် နည်းလမ်းကိုမျက်ရည်ကျလျက် ရှာသော်လည်းမတွေ့နိုင်သောကြောင့်ဖြစ်၏။
စေတမန်တို့သည်ရှောလုနေထိုင်ရာဂိဗာ မြို့သို့ရောက်ရှိလာလျက် ထိုသတင်းကိုပြော ကြားကြသောအခါ လူတို့သည်စိတ်ပျက် အားလျော့လျက်ငိုကြွေးကြကုန်၏။-