ကမ္ဘာဦး 27:34 - Common Language Bible34 ဧသောသည်ထိုစကားကိုကြားရလျှင်မခံ မရပ်နိုင်အောင်ခံစားရသဖြင့်``အို အဖ၊ ကျွန်တော့် အားလည်းကောင်းချီးပေးပါဦး'' ဟုအသံကျယ် စွာအော်ဟစ်တောင်းပန်လေ၏။ အခန်းကိုကြည့်ပါ။Garrad Bible34 အ ဘ စ ကား ကို ဧ သော ကြား ရ လျင် အ လွန် နစ် နာ ၍ ပြင်း ထန် စွာ အော် ဟစ် လျက် အို အ ဘ၊ ကျွန် တော် ကို လည်း ကောင်း ကြီး ပေး ပါ။ ကျွန် တော် ကို ပင် ပေး ပါ ဦး ဟု လျှောက် ဆို သော်၊ အခန်းကိုကြည့်ပါ။Judson Bible34 အဘဆိုသောစကားကိုဧသောကြားလျှင်၊ အလွန်ပြင်းသောအသံနှင့် သည်းထန်စွာငိုကြွေးလျက်၊ အိုအဘ၊ အကျွန်ုပ်ကိုလည်းကောင်းချီးပေးပါလော့၊ ပေးပါလော့ဟုဆိုလေသော်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း34 ဧသောသည် ဖခင်၏စကားကိုကြားသောအခါ အလွန်ခါးသီးစွာခံစားရလျက် ကျယ်လောင်စွာအော်ဟစ်ငိုကြွေးကာ “အဖေ၊ အကျွန်ုပ်ကို၊ အကျွန်ုပ်ကိုလည်း ကောင်းချီးပေးပါ”ဟု ဖခင်အားဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ဤအဖြစ်အပျက်အလုံးစုံကို မော်ဒကဲ သိရသောအခါပြင်းစွာစိတ်ဒုက္ခရောက်လျက် မိမိ၏အဝတ်များကိုဆုတ်ပြီးလျှင်လျှော် တေကိုဝတ်၍ဦးခေါင်းကိုပြာနှင့်လူး၏။ ထို နောက်သူသည်ပြင်းပြစွာငိုကြွေးမြည်တမ်း လျက် နန်းတော်အဝင်ဝသို့ရောက်သည်တိုင် အောင်မြို့ကိုဖြတ်၍လျှောက်သွားလေသည်။ မည်သူမဆိုလျှော်တေကိုဝတ်၍ နန်းတွင်း သို့မဝင်ရသောကြောင့်သူသည်နန်းတွင်း သို့မဝင်ချေ။-