သူသည်အီဂျစ်ပြည်ထဲသို့ဝင်ရန်နယ်စပ် ကိုဖြတ်ကျော်ခါနီးတွင် သူ၏မယားစာရဲ အား``သင်သည်ရုပ်ရည်လှသောအမျိုးသမီး ဖြစ်၏။-
ကမ္ဘာဦး 26:7 - Common Language Bible ထိုမြို့သားတို့က``သင်နှင့်ပါလာသောအမျိုး သမီးသည်မည်သူနည်း'' ဟုမေးကြသောအခါ သူ၏နှမဖြစ်သည်ဟုဖြေကြားလေသည်။ သူ ၏မယားဖြစ်သည်ဟုမဖော်ပြခြင်းမှာ ရေဗက္က သည်ရုပ်ရည်အလွန်လှသူဖြစ်သဖြင့် ထိုမြို့ သားတို့ကမိမိအားသတ်မည်ကိုဣဇာက် စိုးရိမ်သောကြောင့်ဖြစ်သည်။- Garrad Bible သူ့ မ ယား အ ကြောင်း ၎င်း မြို့ သား တို့ မေး ကြ သည့် ကာ လ၊ ရေ ဗ က္က ရှု ချင် ဖွယ် အ ဆင်း လှ သည် နှင့် သူ့ အ တွက် ငါ့ ကို ဤ မြို့ သား တို့ သတ် မည် စိုး၍ မ ယား ဖြစ် ကြောင်း မ ဆို ဝံ့။ ငါ့ နှ မ ဖြစ် သည် ဟု ပြော ဆို ၏။ Judson Bible ဤပြည်သားယောက်ျားတို့သည် သူ့အကြောင်းကြောင့် ငါ့ကိုသတ်မည်ဟုစိုးရိမ်၍၊ သူသည်ငါ့မယားဖြစ်သည်ဟု မပြောမဆိုဝံ့၊ ငါ့နှမဖြစ်သည်ဟု ပြောဆို၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအရပ်၌ရှိသောယောက်ျားတို့သည် သူ့မယားအကြောင်းကိုမေးကြသောအခါ ဣဇက်က “ငါ့မယားဖြစ်သည်”ဟု ပြောရမည်ကို ကြောက်၍ “ငါ့နှမဖြစ်သည်”ဟု ဆို၏။ အကြောင်းမှာ ရေဗက္ကာသည် ရုပ်ဆင်းသွင်ပြင်လှပသဖြင့် ထိုအရပ်၌ရှိသောယောက်ျားတို့သည် ရေဗက္ကာအတွက်ကြောင့် မိမိအားသတ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။ |
သူသည်အီဂျစ်ပြည်ထဲသို့ဝင်ရန်နယ်စပ် ကိုဖြတ်ကျော်ခါနီးတွင် သူ၏မယားစာရဲ အား``သင်သည်ရုပ်ရည်လှသောအမျိုးသမီး ဖြစ်၏။-
ထို့ကြောင့်သူတို့ကမေးလျှင်သင်သည်ငါ၏ နှမဖြစ်သည်ဟုပြောပါ။ ထိုအခါသင့်အတွက် ကြောင့် ငါ့ကိုအသက်ချမ်းသာပေး၍ကောင်းစွာ ပြုစုဆက်ဆံကြလိမ့်မည်'' ဟူ၍မှာကြားထား လေ၏။-
နန်းတော်မှမှူးမတ်အချို့တို့ကလည်းစာရဲ ၏ရုပ်ရည်အလှကိုမြင်ရ၍ ဖာရောဘုရင် ထံသို့သံတော်ဦးတင်ကြသဖြင့် သူမသည် နန်းတော်သို့ခေါ်ဆောင်ခြင်းကိုခံရလေ၏။-
အာဗြဟံက``ဤအရပ်သားတို့သည်ဘုရား သခင်ကိုကြောက်ရွံ့ခြင်းမရှိကြသဖြင့် ကျွန်ုပ် ၏မယားကိုသိမ်းယူရန်ကျွန်ုပ်ကိုသတ်ကြလိမ့် မည်ဟုထင်သောကြောင့်ဤသို့ပြုမိပါသည်။-
သူ၏မယားစာရာသည်မိမိ၏နှမဖြစ်သည် ဟုဆို၏။ ထို့ကြောင့်ဂေရာဘုရင်အဘိမလက် ကစာရာကိုသိမ်းပိုက်လေသည်။-
အာဗြဟံကိုယ်တိုင်ကသူ၏နှမဖြစ်သည်ဟု ဆိုပါ၏။ သူကလည်းအာဗြဟံသည်သူ၏အစ်ကို ဖြစ်သည်ဟုဆိုပါသည်။ အကျွန်ုပ်သည်စိတ်သဘော ရိုးသားစွာဖြင့် ဤအမှုကိုကြံစည်မိပါသည်။ သို့ရာတွင်အပြစ်ကူးလွန်ခြင်းမရှိပါ'' ဟု လျှောက်ဆို၏။
သူသည်အလွန်ရုပ်ရည်လှသောပျိုကညာဖြစ် ၏။ သူသည်ရေတွင်းသို့ဆင်း၍ရေခရား၌ရေ ဖြည့်ပြီးလျှင်ပြန်တက်လာသည်။-
ဣဇာက်သည်ထိုမြို့တွင်အတန်ကြာနေထိုင်ပြီး နောက်၊ တစ်နေ့တွင်အဘိမလက်ဘုရင်ကြီးသည် ပြူတင်းပေါက်မှအပြင်သို့ကြည့်လိုက်ရာ ဣဇာက် နှင့်ရေဗက္ကတို့ချစ်ကျွမ်းဝင်နေကြသည်ကိုမြင် ရလေသည်။-
လေအာသည်မျက်လုံးမျက်ဖန်လှ၏။ ရာခေလ မူကားကိုယ်လုံးကိုယ်ပေါက်လှ၍ရှုချင်ဖွယ် ကောင်း၏။
လူကိုကြောက်ရွံ့ခြင်း သဘောသည် ကျော့ကွင်း ကို ထောင် တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူ ကား လုံခြုံလိမ့်မည်။
ကိုယ်ခန္ဓာကိုဖျက်ဆီးနိုင်သော်လည်းဝိညာဉ်ကို မဖျက်ဆီးနိုင်သောသူများအားမကြောက်ကြ နှင့်။ ကိုယ်ခန္ဓာနှင့်ဝိညာဉ်ကိုငရဲတွင်ဖျက်ဆီး နိုင်သောဘုရားသခင်ကိုသာလျှင်ကြောက်ကြ လော့။-
လင်ဖြစ်သူတို့၊ ခရစ်တော်သည်အသင်းတော်ကို ချစ်တော်မူ၍ အသင်းတော်အတွက်မိမိအသက် ကိုစွန့်တော်မူသည့်နည်းတူ သင်တို့၏မယားများ ကိုချစ်ကြလော့။-
တစ်ဦးနှင့်တစ်ဦးလိမ်လည်၍မပြောဆိုကြနှင့်။ သင်တို့သည်အကျင့်ဆိုးများနှင့်တကွလူ ဟောင်းကိုချွတ်ပယ်ကာ၊-