ထိုအစည်းအဝေးတွင်ရှိကြသောဟိတ္တိအမျိုးသားအပေါင်းတို့ကထိုမြေကွက်ကိုအာဗြဟံ၏ပိုင်မြေအဖြစ်အသိအမှတ်ပြုကြ၏။
ကမ္ဘာဦး 23:10 - Common Language Bible ဧဖရုန်ကိုယ်တိုင်အခြားဟိတ္တိအမျိုးသားတို့နှင့်အတူ မြို့တံခါးအနီးရှိစုဝေးရာအရပ်၌ထိုင်လျက်ရှိသည်။ သူကအာဗြဟံအား၊- Garrad Bible ထို အ ခါ ဟိ တ္တိ လူ ဧ ဖ ရုန် သည် ဟေ သ အ မျိုး သား တို့ အ လယ် တွင် ထိုင် နေ သည် ဖြစ်၍ မြို့ တံ ခါး ဖြင့် ထွက် ၀င် ပိုင် သူ ဟူ သ မျှ သော ဟေ သ အ မျိုး သား တို့ ရှေ့၊ Judson Bible ထိုအခါ ဧဖရုန်သည်၊ ဟေသအမျိုးသားတို့တွင် ထိုင်လျက်ရှိ၏။ သို့ဖြစ်၍ မြို့တံခါးသို့ဝင်သောသူအပေါင်းတည်းဟူသော ဟေသအမျိုးသားပရိသတ်၌၊ ဟိတ္တိအမျိုးသားဧဖရုန်က၊ ထိုသို့မဟုတ်ပါ။ မြန်မာ့စံမီသမ္မာကျမ်း ဧဖရုန်သည် ဟေသအမျိုးသားတို့အလယ်တွင် ထိုင်လျက်ရှိ၏။ သို့ဖြစ်၍ ဟိတ္တိလူမျိုးဧဖရုန်သည် မြို့တံခါးသို့ ရောက်လာသော ဟေသအမျိုးသားအပေါင်းတို့ရှေ့၌ အာဗြဟံအား |
ထိုအစည်းအဝေးတွင်ရှိကြသောဟိတ္တိအမျိုးသားအပေါင်းတို့ကထိုမြေကွက်ကိုအာဗြဟံ၏ပိုင်မြေအဖြစ်အသိအမှတ်ပြုကြ၏။
မပ္ပေလဂူကိုငါ့အားရောင်းချရန်ကျေးဇူးပြု၍သူ့ကိုတိုက်တွန်းပေးကြပါ။ သင်္ချိုင်းမြေတစ်ကွက်ငါအပိုင်ရရန်ထိုမြေကိုတန်ရာတန်ဖိုးဖြင့်ငါ့အားသင်တို့ရှေ့မှောက်တွင်ရောင်းချစေပါ'' ဟုဆိုလေ၏။
အာဗြဟံ၏ပစ္စည်းဥစ္စာကိုအုပ်ထိန်းရသော ထိုအစေခံသည် မိမိသခင်၏ကုလားအုတ် များထဲမှကုလားအုတ်ဆယ်စီးကိုယူ၍ မက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်းရှိ နာခေါ်နေထိုင်ရာမြို့သို့ခရီးထွက်ခဲ့လေသည်။-
ဟာမော်နှင့်သူ၏သားရှေခင်တို့သည် မြို့ တံခါးဝရှိစည်းဝေးရာနေရာသို့သွား၍ မြို့သားတို့အား၊-
မြို့သားတို့သည်လည်းဟာမော်နှင့်သူ၏သား ရှေခင်တို့၏အကြံပေးချက်ကိုသဘောတူ လက်ခံ၍ ယောကျာ်းမှန်သမျှအရေဖျားလှီး ခြင်းမင်္ဂလာကိုခံကြ၏။
ငါသည်မြို့အလယ်၌ ရှောက်၍၊ မြို့တံခါးသို့ သွားလျက်၊ လမ်း၌ ထိုင်ရာကို ပြင်ဆင်လျက်နေစဉ်တွင်၊
ကိုယ်တော်သည်တရားသူကြီးအဖြစ်ဆောင် ရွက်ရသူတို့အား တရားမျှတစွာပြုကျင့် တတ်သောစိတ်နေသဘောထားကိုလည်းကောင်း၊ ရန်သူတို့ကိုမြို့တံခါးများမှနှင်ထုတ်ရ ကြသောသူတို့အား ရဲစွမ်းသတ္တိကိုလည်း ကောင်းပေးတော်မူလိမ့်မည်။
သခင်ယေရှုသည်လှေကိုစီး၍အိုင်တစ်ဖက်သို့ ကူးပြီးလျှင်မိမိနေရင်းမြို့သို့ကြွတော်မူ၏။-
မြို့အကြီးအကဲများနှင့်အခြားသူတို့ ကလည်း``ငါတို့သည်အသိသက်သေဖြစ် ကြပါ၏။ သင်၏ဇနီးအားယာကုပ်အတွက် သားသမီးအမြောက်အမြားမွေးဖွားပေး သည့်ရာခေလနှင့်လေအာတို့ကဲ့သို့ဖြစ် စေရန် ထာဝရဘုရားကူမတော်မူပါစေ သော။ သင်သည်လည်းဧဖရတ်သားချင်းစု တွင်ချမ်းသာကြွယ်ဝလျက် ဗက်လင်မြို့ ၌ထင်ပေါ်ကျော်စောပါစေသော။-