Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 23:11 - Common Language Bible

11 ``အ​စီ​ရင်​ခံ​ပါ​ရ​စေ။ ဂူ​နှင့်​တ​ကွ​မြေ​ကွက်​တစ်​ခု​လုံး​ကို​ကျွန်ုပ်​ပေး​ပါ​၏။ အ​ရှင်​၏​မယား​ကို​သင်္ဂြိုဟ်​ရန်​ကျွန်ုပ်​တို့​၏​အ​မျိုး​သား​တို့​ရှေ့​မှောက်​တွင်​ထို​မြေ​ကို​ကျွန်ုပ်​ပေး​ပါ​၏'' ဟု​ရှိ​သ​မျှ​သော​သူ​တို့​ကြား​နိုင်​အောင်​ပြော​ကြား​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 အ ရှင် ဘု ရား၊ ထို သို့ မ ဖြစ် ပါ စေ နှင့်။ ကျွန် တော့် စ ကား ကို နာ ယူ တော် မူ ပါ။ ထို မြေ ကွက် နှင့် ၎င်း ဂူ ကို ကိုယ် တော် အား ကျွန် တော် ဆက် သ ပါ၏။ အ မျိုး သား ချင်း တို့ ရှေ့၌ ပင် ဆက် သ ပါ၏။ အ လောင်း ကို သင်္ဂြိုဟ် တော် မူ ပါ ဟု အာ ဗြ ဟံ အား ပြန် လျှောက်​ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 အ​ကျွန်ုပ်​သ​ခင်၊ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​ပါ။ ထို​လယ်​ပြင်​ကို​လည်း​ကောင်း၊ လယ်​ပြင်၌​ရှိ​သော​မြေ​တွင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ပေး​ပါ၏။ အ​ကျွန်ုပ်​အ​မျိုး​သား​များ​ရှေ့၌၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ပေး​ပါ၏။ ကိုယ်​တော်၏​မ​ယား​အ​သေ​ကောင်ကို သင်္ဂြိုဟ်​ပါ​ဟု၊ အာ​ဗြ​ဟံ​အား ပြန်​ပြော​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 “​ထိုသို့​မ​ဟုတ်​ပါ​။ သခင်​၊ အကျွန်ုပ်​စကား​ကို​နားထောင်​ပါ​။ ထို​လယ်​နှင့် ထို​လယ်​ထဲ​ရှိ​လိုဏ်ဂူ​ကို သခင့်​အား​အကျွန်ုပ်​ပေး​ပါ​၏​။ အကျွန်ုပ်​အမျိုးသားချင်း​တို့​ရှေ့​၌ပင် သခင့်​အား အကျွန်ုပ်​ပေး​ပါ​၏​။ သခင့်​မယား​၏​အလောင်း​ကို သင်္ဂြိုဟ်​ပါ​”​ဟု ပြန်ပြော​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 23:11
15 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည်​လည်း​မြို့​သား​တို့​ရှေ့​တွင်​ဦး​ညွတ်​၍၊-


ထို​အ​စည်း​အ​ဝေး​တွင်​ရှိ​ကြ​သော​ဟိတ္တိ​အ​မျိုး​သား​အ​ပေါင်း​တို့​က​ထို​မြေ​ကွက်​ကို​အာ​ဗြ​ဟံ​၏​ပိုင်​မြေ​အ​ဖြစ်​အ​သိ​အ​မှတ်​ပြု​ကြ​၏။


သို့​ရာ​တွင်​ရိုး​ဖြောင့်​သူ​မူ​ကား​ရိုး​ဖြောင့်​စွာ ပြု​ကျင့်​တတ်​လျက် အ​မှန်​တ​ရား​ဘက်​မှ​စွဲ မြဲ​စွာ​ရပ်​တည်​နေ​တတ်​၏။


``လူ​သတ်​မှု​ဖြင့်​စွပ်​စွဲ​ခြင်း​ခံ​ရ​သူ​အား သက် သေ​နှစ်​ဦး​သို့​မ​ဟုတ်​နှစ်​ဦး​ထက်​ပို​၍​ရှိ​မှ သေ​ဒဏ်​စီ​ရင်​ရ​မည်။ သက်​သေ​တစ်​ဦး​တည်း ၏​စွပ်​စွဲ​ချက်​ဖြင့် ထို​သူ​အား​သေ​ဒဏ်​မ​စီ ရင်​ရ။-


အ​နီး​တွင်​ရပ်​နေ​သူ​များ​အား​မင်း​ကြီး​က `ထို သူ​ထံ​မှ​ရွှေ​ဒင်္ဂါး​ကို​ယူ​၍​ရွှေ​ဒင်္ဂါး​ဆယ်​ပြား ရှိ​သူ​အား​ပေး​ကြ​လော့' ဟု​မိန့်​တော်​မူ​လျှင်။-


သို့​ရာ​တွင်​သက်​သေ​ခံ​နှစ်​ဦး​သုံး​ဦး​ရှိ​မှ သာ​ထို​အ​ပြစ်​ရှိ​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ မည်။ သက်​သေ​တစ်​ဦး​တည်း​၏​ထွက်​ချက် ဖြင့်​ထို​သူ​ကို​သေ​ဒဏ်​မ​စီ​ရင်​ရ။-


``သက်​သေ​တစ်​ဦး​တည်း​၏​ထွက်​ဆို​ချက်​ဖြင့် လူ​တစ်​ယောက်​အား ပြစ်​မှု​ကူး​လွန်​သည်​ဟု မ​စီ​ရင်​ရ။ အ​နည်း​ဆုံး​သက်​သေ​နှစ်​ဦး​ရှိ မှ​လူ​တစ်​ယောက်​အား အ​ပြစ်​ရှိ​သည်​ဟု ဆုံး​ဖြတ်​ရ​မည်။-


ဗော​ဇ​သည်​မြို့​တံ​ခါး​ဝ​ရှိ​တ​ရား​စီ​ရင်​ရာ ဌာ​န​သို့ သွား​၍​ထိုင်​လျက်​နေ​၏။ ထို​အ​ခါ ဧ​လိ​မ​လက်​၏​အ​ရင်း​အ​ချာ​ဆုံး​သော​ဆွေ မျိုး​သား​ချင်း​ဖြစ်​သူ​သည် ရောက်​ရှိ​လာ​လေ သည်။ ထို​သူ​ကား​ယ​ခင်​က​ဗော​ဇ​ဖော်​ပြ​ခဲ့ သူ​ပင်​ဖြစ်​၏။ ဗော​ဇ​က​သူ့​အား``မိတ်​ဆွေ၊ ဤ နေ​ရာ​သို့​လာ​၍​ထိုင်​ပါ​လော့'' ဟု​ဆို​သ​ဖြင့် သူ​သည်​လာ​၍​ထိုင်​၏။-


မြို့​အ​ကြီး​အ​ကဲ​များ​နှင့်​အ​ခြား​သူ​တို့ က​လည်း``ငါ​တို့​သည်​အ​သိ​သက်​သေ​ဖြစ် ကြ​ပါ​၏။ သင်​၏​ဇ​နီး​အား​ယာ​ကုပ်​အ​တွက် သား​သ​မီး​အ​မြောက်​အ​မြား​မွေး​ဖွား​ပေး သည့်​ရာ​ခေ​လ​နှင့်​လေ​အာ​တို့​ကဲ့​သို့​ဖြစ် စေ​ရန် ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော်​မူ​ပါ​စေ သော။ သင်​သည်​လည်း​ဧ​ဖ​ရတ်​သား​ချင်း​စု တွင်​ချမ်း​သာ​ကြွယ်​ဝ​လျက် ဗက်​လင်​မြို့ ၌​ထင်​ပေါ်​ကျော်​စော​ပါ​စေ​သော။-


ဤ​အ​ကြောင်း​ကို​သင်​သိ​သင့်​သည်​ဟု ငါ​ထင် မြင်​ပါ​၏။ အ​ကယ်​၍​သင်​ဝယ်​လို​ပါ​က​ယ​ခု ထိုင်​လျက်​နေ​သည့်​လူ​ကြီး​များ​၏​ရှေ့​မှောက် တွင်​ဝယ်​ယူ​ပါ​လော့။ သို့​ရာ​တွင်​မ​ဝယ်​လို​လျှင် မူ​ကား မ​ဝယ်​လို​ကြောင်း​ပြော​ပါ​လော့။ သင် မ​ဝယ်​မှ​ငါ​ဝယ်​ယူ​နိုင်​ခွင့်​ရှိ​ပါ​သည်'' ဟု ဆို​၏။ ထို​သူ​က​လည်း``ငါ​ဝယ်​ယူ​ပါ​မည်'' ဟု ပြန်​ပြော​၏။


ထို​အ​ခါ​ဗောဇ​က​မြို့​အ​ကြီး​အ​ကဲ​များ နှင့် အ​ခြား​သူ​အ​ပေါင်း​တို့​အား``ဧ​လိ​မ​လက်၊ ခိ​လျုန်​နှင့်​မ​ဟာ​လုန်​တို့​ပိုင်​သော​ဥစ္စာ​ပစ္စည်း မှန်​သ​မျှ​ကို နော​မိ​ထံ​မှ​ယ​နေ့​ငါ​ဝယ်​ယူ ကြောင်း​သင်​တို့​အ​သိ​သက်​သေ​ဖြစ်​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ