ဟေရှာယ 28:6 - Common Language Bible6 ကိုယ်တော်သည်တရားသူကြီးအဖြစ်ဆောင် ရွက်ရသူတို့အား တရားမျှတစွာပြုကျင့် တတ်သောစိတ်နေသဘောထားကိုလည်းကောင်း၊ ရန်သူတို့ကိုမြို့တံခါးများမှနှင်ထုတ်ရ ကြသောသူတို့အား ရဲစွမ်းသတ္တိကိုလည်း ကောင်းပေးတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible6 တ ရား ခွင် တွင် ထိုင် နေ သူ တို့ ၌၊ တ ရား စီ ရင် ခြင်း ဉာဏ် သ ဖွယ်၊ မြို့ တံ ခါး မှ စစ် မက် ကို တွန်း လှန် သူ တို့ ၌၊ စွမ်း အား သ ဖွယ်၊ ဖြစ် တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible6 တရားမှုကို စီရင်သောသူတို့အား တရားစီရင်သော ဉာဏ်ကိုလည်းကောင်း၊ ရန်သူမျိုး တံခါးတိုင်အောင် စစ်မှုကိုလှန်သောသူတို့အား၊ ခွန်အားဗလကိုလည်းကောင်း ပေးတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 တရားပလ္လင်ပေါ်ထိုင်သောသူအတွက် တရားမျှတခြင်းဝိညာဉ်၊ မြို့တံခါး၌ ရန်သူကိုတွန်းလှန်သောသူတို့အတွက် ရဲစွမ်းသတ္တိ ဖြစ်တော်မူမည်။ အခန်းကိုကြည့်ပါ။ |
သူ၏ဘက်၌လူသားတို့၏တန်ခိုးစွမ်းရည် သာလျှင်ရှိပေသည်။ ငါတို့ဘက်၌မူကား ကူမတော်မူ၍စစ်ပွဲများတွင်ပါဝင်တိုက် ခိုက်တော်မူသောငါတို့၏ဘုရားသခင် ထာဝရဘုရားရှိတော်မူ၏'' ဟုမိန့်တော် မူလေသည်။ ဤသို့မင်းကြီးမိန့်တော်မူ သောစကားကြောင့်လူတို့သည်အား တက်လာကြကုန်၏။
ဆင်းရဲသူနှင့် ခိုကိုးရာမဲ့သူတို့သည် ကိုယ်တော်ရှင်၏ထံတော်သို့ခိုလှုံကြသဖြင့် ဒုက္ခရောက်ချိန်၌ဘေးမဲ့လုံခြုံမှုကိုရရှိကြ ပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားမိုးသက်မုန်တိုင်းမှ အကာအကွယ်ကိုလည်းကောင်း၊ ပြင်းထန်သည့်အပူရှိန်မှခိုလှုံရန်အရိပ် အာဝါသ ကိုလည်းကောင်းပေးတော်မူပါ၏။ ရက်စက်ကြမ်းကြုတ်သူတို့၏တိုက်ခိုက်မှုသည်၊ ဆောင်းလေပြင်းနှင့်လည်းကောင်း၊