ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
ကမ္ဘာဦး 22:9 - Common Language Bible ဘုရားသခင်ညွှန်ပြတော်မူသောအရပ်သို့ ရောက်ကြသောအခါ အာဗြဟံသည်ယဇ်ပလ္လင် ကိုတည်၍ထင်းကိုပလ္လင်ပေါ်တွင်ပုံ၏။ ထိုနောက် သူ၏သားကိုတုတ်နှောင်ပြီးလျှင်ထင်းပုံပေါ် တွင်တင်ထား၏။- Garrad Bible ဘု ရား သ ခင် မိန့် တော် မူ သော အ ရပ် သို့ ရောက် ကြ သော အ ခါ အာ ဗြ ဟံ သည် ပ လ္လင် တော် ကို တည် ၍ ထင်း ကို ပုံ ပြီး လျှင် သား ဣဇာက် ကို ချည် နှောင် လျက် ပ လ္လင် တော် ထက် ထင်း ပေါ် တွင် တင် ထား ပြီး သော်၊ Judson Bible ထိုသို့နှစ်ယောက်အတူသွား၍၊ ဘုရားသခင်မိန့်တော်မူသောအရပ်သို့ ရောက်ကြသောအခါ၊ အာဗြဟံသည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင်၊ သားဣဇာက်ကိုချည်နှောင်၍၊ ယဇ်ပလ္လင်၌ ထင်းပေါ်မှာတင်ထား၏။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်မိန့်တော်မူသောအရပ်သို့ရောက်သောအခါ အာဗြဟံသည် ထိုအရပ်တွင် ယဇ်ပလ္လင်ကိုတည်၍ ထင်းများကိုစီပြီးလျှင် မိမိသားဣဇက်ကိုချည်နှောင်လျက် ယဇ်ပလ္လင်အပေါ်ရှိ ထင်းများပေါ်တွင် သူ့ကိုတင်လေ၏။ |
ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
ထိုအရပ်မှသူသည်ဗေသလမြို့အရှေ့ဘက် တောင်ထူထပ်သောအရပ်သို့ပြောင်းရွှေ့၍ စခန်း ချလေသည်။ ထိုစခန်း၏အနောက်ဘက်တွင် ဗေသလမြို့၊ အရှေ့ဘက်တွင်အာဣမြို့တည်ရှိ လေသည်။ ထိုအရပ်၌လည်းသူသည်ယဇ်ပလ္လင် ကိုတည်၍ထာဝရဘုရားကိုကိုးကွယ်လေ သည်။-
ထို့ကြောင့်အာဗြံသည်မိမိ၏စခန်းမှ ဟေဗြုန်မြို့ရှိမံရေသပိတ်တောသစ်ပင်များအနီးသို့ပြောင်းရွှေ့နေထိုင်ပြီးလျှင် ထိုနေရာ၌ထာဝရဘုရားအားပူဇော်ရန်ယဇ်ပလ္လင်ကိုတည်လေ၏။
အာဗြဟံက``ဘုရားသခင်ကိုယ်တော်တိုင် ယဇ်ကောင်ကိုစီမံပေးပါလိမ့်မည်'' ဟုပြန် ဖြေလိုက်၏။ ထိုနောက်သူတို့နှစ်ဦးဆက်၍ လျှောက်သွားကြလေသည်။
နောဧသည်ထာဝရဘုရားအားပူဇော်ရန်ယဇ် ပလ္လင်ကိုတည်၍ သန့်စင်သောတိရစ္ဆာန်နှင့်ငှက်အမျိုး မျိုးထဲမှတစ်ကောင်ကျစီယူလျက် ပလ္လင်ထက်တွင် အကောင်လိုက်မီးရှို့ပူဇော်လေ၏။-
ထို့နောက်ထင်းကိုယဇ်ပလ္လင်ပေါ်တွင်စီ၍တင် ပြီးနောက် နွားကိုအပိုင်းပိုင်းခုတ်၍ထင်းပေါ်တွင် တင်ထားလေသည်။ သူက``အိုးလေးလုံးကိုရေ အပြည့်ခပ်၍ပူဇော်သကာနှင့်ထင်းပေါ်သို့ လောင်းလော့'' ဟုဆိုသည့်အတိုင်းလူတို့ လောင်းပြီးသောအခါ၊-
ထာဝရဘုရားသည်ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါတို့အားကျေးဇူးပြုတော်မူပြီ။ သင်တို့သည်သစ်ခက်များကိုင်၍၊ ပွဲသဘင်ကိုအစပြုကာယဇ်ပလ္လင်ကိုလှည့်၍ ချီတက်ကြလော့။
ထိုနောက်ကိုယ်တော်ကိုချည်နှောင်၍ရောမဘုရင်ခံ ပိလတ်မင်းထံပို့ဆောင်၍အပ်လိုက်ကြ၏။
နံနက်စောစော၌ယဇ်ပုရောဟိတ်ကြီးတို့သည် ကျမ်းတတ်ဆရာများ၊ ဘာသာရေးခေါင်းဆောင် များနှင့်ယုဒတရားလွှတ်တော်အဖွဲ့ဝင်အပေါင်း တို့နှင့် အလျင်အမြန်တွေ့ဆုံ၍တိုင်ပင်ကြ၏။ ထိုနောက်သခင်ယေရှုကိုချည်နှောင်ကာ ပိလတ် မင်းထံသို့ခေါ်ဆောင်၍အပ်လိုက်ကြ၏။-
ထိုသူဖတ်လျက်နေသည့်ကျမ်းချက်ကား၊ ``သတ်ရန်ဆွဲယူသွားသောသိုးကဲ့သို့ သူ့ကိုလည်းဆောင်ယူသွားကြ၏။ အမွှေးညှပ်သူတို့၏ရှေ့တွင်သိုးသားငယ်သည် နှုတ်ကိုပိတ်ထားသကဲ့သို့၊သူသည် မိမိနှုတ်ကိုမဖွင့်ဘဲနေ၏။
``သစ်တိုင်ပေါ်မှာဆွဲ၍အသတ်ခံရသူသည် ဘုရားသခင်၏ကျိန်စာသင့်သူဖြစ်၏'' ဟု ကျမ်းစာလာသည်နှင့်အညီ ခရစ်တော်သည် ငါတို့အတွက်ကျိန်စာသင့်သူအဖြစ်ကိုခံ ယူတော်မူပြီးနောက် ငါတို့အားပညတ်တရား ကြောင့်ကျိန်စာသင့်သည့်ဘေးမှရွေးနုတ် ကယ်တင်တော်မူ၏။-
ခရစ်တော်သည်ငါတို့ကိုချစ်တော်မူ၍ငါတို့ အတွက် မိမိကိုယ်ကိုဘုရားသခင်နှစ်သက် တော်မူရာမွှေးကြိုင်သောယဇ်သကာအဖြစ် ဖြင့်ဆက်သတော်မူသကဲ့သို့ သင်တို့သည် လည်းမေတ္တာတရားကိုကျင့်သုံးကြလော့။
ထိုနည်းတူစွာခရစ်တော်သည်လည်းလူအများ ၏အပြစ်ကိုဖြေလွှတ်ရန်အတွက် မိမိ၏ကိုယ် ကိုတစ်ကြိမ်တည်းတင်လှူပူဇော်တော်မူသည်။ အပြစ်ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းရန် မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသူတို့အား ကယ်တင်တော်မူရန် ကိုယ်တော်သည်ဒုတိယ အကြိမ်ကြွလာတော်မူပေအံ့။
ငါတို့၏ဘိုးဘေးအာဗြဟံသည် ဘုရား သခင်နှင့်မှန်ကန်စွာဆက်ဆံမှုကိုအဘယ် သို့ရရှိသနည်း။ သူသည်မိမိသားဣဇာက် ကို ပလ္လင်ပေါ်တွင်တင်လှူပူဇော်ခြင်းတည်း ဟူသောအကျင့်အားဖြင့်ရရှိပေသည်။-
ငါတို့သည်အပြစ်ဒုစရိုက်ကိုအမြစ်ဖြတ် ၍ဖြောင့်မတ်ခြင်းအတွက်အသက်ရှင်နိုင် ကြစေရန် ကိုယ်တော်တိုင်ပင်လျှင်ငါတို့၏ အပြစ်များကိုကိုယ်ခန္ဓာတော်ပေါ်တွင်ယူ ဆောင်ကာလက်ဝါးကပ်တိုင်၌ဒုက္ခဝေဒနာ ခံတော်မူ၏။ ငါတို့သည်ကိုယ်တော်၏ဒဏ်ရာ ဒဏ်ချက်များအားဖြင့်အနာပျောက်လျက် ရှိကြ၏။-