ကမ္ဘာဦး 22:8 - Common Language Bible8 အာဗြဟံက``ဘုရားသခင်ကိုယ်တော်တိုင် ယဇ်ကောင်ကိုစီမံပေးပါလိမ့်မည်'' ဟုပြန် ဖြေလိုက်၏။ ထိုနောက်သူတို့နှစ်ဦးဆက်၍ လျှောက်သွားကြလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible8 အာ ဗြ ဟံ က ငါ့ သား၊ ပူ ဇော် ရန် သိုး ငယ် ကို ဘု ရား သ ခင် စီ မံ တော် မူ လိမ့် မည် ဟု ဆို လျက် နှစ် ယောက် အ တူ သွား မြဲ သွား ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible8 အာဗြဟံက ငါ့သား၊ ယဇ်ရှို့စရာဖို့ သိုးသငယ်ကို ဘုရားသခင်သည် မိမိအဖို့ပြင်ဆင်တော်မူလိမ့်မည်ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 အာဗြဟံကလည်း “ငါ့သား၊ ဘုရားသခင်ကိုယ်တော်တိုင် မီးရှို့ရာယဇ်အတွက် သိုးသငယ်ကိုအသင့်ပြင်ဆင်တော်မူလိမ့်မည်”ဟု ဆိုပြီးမှ သူတို့နှစ်ယောက်သည် အတူတူဆက်သွားကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ဧလိယသည်ဧလိရှဲအား``ဤတွင် နေရစ်ပါလော့။ ထာဝရဘုရားသည်ငါ့အား ယော်ဒန်မြစ်သို့စေလွှတ်တော်မူသည်'' ဟု ဆို၏။ သို့ရာတွင်ဧလိရှဲက``အကျွန်ုပ်သည်အရှင် နှင့်ခွဲခွာမည်မဟုတ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားနှင့်အရှင့်အပေါ်၌ အကျွန်ုပ် ထားရှိသည့်ကျေးဇူးသစ္စာကိုတိုင်တည်၍ကျိန် ဆိုပါ၏'' ဟုပြန်ပြောလေသည်။ သို့ဖြစ်၍ သူတို့သည်ဆက်လက်ထွက်ခွာသွားကြ၏။-
ထိုနောက်သိုးသူငယ်သည်သက်ရှိသတ္တဝါလေး ပါးတို့နှင့်အကြီးအကဲများခြံရံလျက်ရှိ သည့်ပလ္လင်တော်အလယ်၌ရပ်လျက်နေသည် ကိုငါမြင်၏။ သူသည်ယဇ်ပူဇော်ရန်အသတ် ခံရပြီးသည့်သိုးနှင့်တူ၏။ သူ့မှာဦးချိုခုနစ် ချောင်းနှင့်မျက်စိခုနစ်လုံးရှိ၏။ ယင်းတို့သည် ကမ္ဘာမြေတစ်ပြင်လုံးသို့ဘုရားသခင်စေ လွှတ်တော်မူသောဝိညာဉ်ခုနစ်ပါးဖြစ်၏။-