အာဗြဟံက``ဤအရပ်သားတို့သည်ဘုရား သခင်ကိုကြောက်ရွံ့ခြင်းမရှိကြသဖြင့် ကျွန်ုပ် ၏မယားကိုသိမ်းယူရန်ကျွန်ုပ်ကိုသတ်ကြလိမ့် မည်ဟုထင်သောကြောင့်ဤသို့ပြုမိပါသည်။-
ကမ္ဘာဦး 22:12 - Common Language Bible ကောင်းကင်တမန်က``သူငယ်အားမည်သို့မျှမနာ မကျင်စေနှင့်။ သင်သည်တစ်ဦးတည်းသောသားကို ငါ့အားပူဇော်ရန်မငြင်းဆိုခဲ့သဖြင့် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေ၍အမိန့်တော်ကို နာခံသူဖြစ်ကြောင်း ယခုငါသိရပြီ'' ဟုမိန့် တော်မူ၏။ Garrad Bible သူ ငယ် ကို ထိ ခိုက် စေ ရန် လက် ရောက် မ ပြု နှင့်။ သင့် ဧ က ပု တ္တ သား ကို ပင် ငါ တောင်း ရာ မ ငြင်း သည် ဖြစ်၍ ဘု ရား သ ခင် ကို ခန့် ညား သူ ဖြစ် ကြောင်း ငါ သိ ပြီ ဟု မိန့် တော် မူ ၏။ Judson Bible ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်းမပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခုငါသိ၏။ အကြောင်းမူကား၊ သင်၏သား၊ သင်၌တစ်ယောက်တည်းသောသားကိုငါတောင်း၍၊ သင်သည်ငါ့ကိုမငြင်းဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်တမန်ကလည်း “သူငယ်အပေါ် လက်မရောက်စေနှင့်။ သူ့ကို ဘာမျှမပြုနှင့်။ အကြောင်းမူကား သင်သည် သင်၏သား၊ သင်၏တစ်ဦးတည်းသောသားကိုပင် ငါ့အားပူဇော်ရန်မငြင်းဆိုခဲ့သဖြင့် သင်သည် ဘုရားသခင်ကိုကြောက်ရွံ့ကြောင်း ယခု ငါသိပြီ”ဟု မြွက်ဆို၏။ |
အာဗြဟံက``ဤအရပ်သားတို့သည်ဘုရား သခင်ကိုကြောက်ရွံ့ခြင်းမရှိကြသဖြင့် ကျွန်ုပ် ၏မယားကိုသိမ်းယူရန်ကျွန်ုပ်ကိုသတ်ကြလိမ့် မည်ဟုထင်သောကြောင့်ဤသို့ပြုမိပါသည်။-
ထိုနောက်အာဗြဟံသည်မော်၍ကြည့်လိုက်သော အခါ ချုံထဲတွင်ဦးချိုငြိနေသောသိုးထီးတစ် ကောင်ကိုမြင်ရလေသည်။ သူသည်သွား၍ထိုသိုး ကိုယူဆောင်ခဲ့ပြီးလျှင် သား၏ကိုယ်စားမီးရှို့ ရာယဇ်ကောင်အဖြစ်ပူဇော်လေ၏။-
``ငါထာဝရဘုရား၊ ယခုမိန့်ကြားနေသည်။ ငါသည်သင့်အားကြွယ်ဝစွာကောင်းချီးပေး မည်။ သင်၏တစ်ယောက်တည်းသောသားကိုငါ တောင်းသည့်အတိုင်းငြင်းဆန်ခြင်းမပြုဘဲ ပူဇော်သည့်အမှုကြောင့်၊-
ထိုအခါဘုရားသခင်က``သင်အလွန်ချစ်သော သင်၏တစ်ဦးတည်းသောသားဣဇာက်ကိုခေါ်ဆောင် ၍မောရိပြည်သို့သွားလော့။ ထိုအရပ်တွင်ငါပြ မည့်တောင်ပေါ်၌သူ့ကိုယဇ်ကောင်အဖြစ်ဖြင့် ငါ့အားပူဇော်လော့'' ဟုအမိန့်ပေးတော် မူ၏။
အာဗြဟံသည်ငါ၏စကားကိုနားထောင်၍ငါ ၏ပညတ်နှင့်အမိန့်ရှိသမျှတို့ကိုစောင့်ထိန်း သောကြောင့် ငါသည်သင့်အားကောင်းချီးပေး မည်'' ဟုမိန့်တော်မူ၏။
တတိယနေ့၌ ယောသပ်ကသူတို့အား``ငါ ဘုရားကိုကြောက်ရွံ့ရိုသေသောသူဖြစ်၏။ သင် တို့အသက်ချမ်းသာစေရန် ဤသို့ပြုလုပ်လော့။-
ငါ၏အလျင်ဘုရင်ခံလုပ်ခဲ့သူတို့သည် ပြည်သူတို့အားဝန်လေးစေခဲ့ကြ၏။ သူ တို့ထံမှရိက္ခာနှင့်စပျစ်ရည်အတွက်တစ် နေ့လျှင် ငွေဒင်္ဂါးလေးဆယ်တောင်းယူခဲ့ ကြလေသည်။ ထိုဘုရင်ခံတို့၏အစေ အပါးများသည်ပင်လျှင်ပြည်သူတို့အား ညှဉ်းပန်းနှိပ်စက်ခဲ့ကြ၏။ ငါမူကား ဘုရားသခင်အားကြောက်ရွံ့ရိုသေသူ ဖြစ်သဖြင့်ထိုသို့မပြု။-
ယောဘအမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံသောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။
လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။
သင့်ကိုအမှုခြောက်ပါးထဲက နှုတ်ယူတော်မူ သည်သာမက၊ ခုနစ်ပါးသောအမှု၌လည်း ဘေးတစုံတခုမျှ မထိမခိုက်ရ။
ထာဝရဘုရားသည်သူတော်ကောင်းများကိုပို့ဆောင်စောင့်ထိန်းတော်မူလိမ့်မည်။ သူယုတ်မာတို့မူကားဆုံးရှုံးပျက်စီးရကြလိမ့်မည်။
ထာဝရဘုရားကိုကြောက်ရွံ့ရိုသေတတ်သော သဘောသည်ပညာ၏အချုပ်အခြာဖြစ်၏။ ပညတ်တော်ကိုစောင့်ထိန်းသူအပေါင်းတို့အား မှန်ကန်စွာဆုံးဖြတ်နိုင်ခွင့်ကိုကိုယ်တော်ပေး တော်မူ၏။ ကိုယ်တော်အားထာဝစဉ်ထောမနာပြုကြ ပါစေသတည်း။
သို့ရာတွင်မိမိအားကြောက်ရွံ့ရိုသေသူများ၊ ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသူများ ကို နှစ်သက်တော်မူပေသည်။
သင်တို့သည်ကြောက်ရွံ့ရိုသေသောစိတ်နှင့် ထာဝရဘုရား၏အမှုတော်ကိုထမ်းရွက်ကြလော့။
ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသောသူ တို့သည် မိမိတို့လျှောက်အပ်သည့်လမ်းစဉ်ကို ကိုယ်တော်၏ထံမှသင်ယူကြလိမ့်မည်။
ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့နှင့်မိတ်သဟာယဖွဲ့တော် မူ၏။ သူတို့အတွက်ကိုယ်တော်၏ပဋိညာဉ်တရား တော်ကို တည်မြဲစေတော်မူ၏။
ထိုအခါမောရှေက``မကြောက်ရွံ့ကြနှင့်။ သင် တို့ကိုစုံစမ်းခြင်းငှာလည်းကောင်း၊ သင်တို့ သည်ကိုယ်တော်၏စကားကိုနားထောင်၍ အပြစ်မပြုစေခြင်းငှာလည်းကောင်း ဘုရားသခင်ကြွလာခြင်းဖြစ်သည်'' ဟုဖြေကြား လေ၏။-
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။
အချုပ်အခြာစကားဟူမူကား၊ ဘုရားသခင်ကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သော အမှုအရာအလုံးအစုံတို့ကို ချုပ်ခြာသတည်း။
မိမိတို့သားသမီးများအားမီးရှို့ရာယဇ် အဖြစ်ပူဇော်ရန် ဗာလဘုရားအတွက်မြင့် သောအရပ်၌ယဇ်ပလ္လင်များကိုတည်ဆောက် ကြလေပြီ။ သူတို့သားသမီးများကိုဤ သို့ဗာလဘုရားအားမီးရှို့ပူဇော်စေရန် ငါသည်အဘယ်အခါ၌မျှအမိန့်မပေး ခဲ့၊ မပြောကြားခဲ့၊ စိတ်မကူးခဲ့။-
ငါသည်သူတို့နှင့်ထာဝရပဋိညာဉ်ပြုမည်။ သူတို့အားထာဝစဉ်ကောင်းကျိုးပေးမည်။ သူ တို့သည်အဘယ်အခါ၌မျှငါ့ကိုမစွန့် မပယ်စေကြစေရန် သူတို့၏နှလုံးတွင်ငါ့ ကိုကြောက်ရွံ့ရိုသေသောစိတ်သဘောကို ငါရရှိစေမည်။-
ငါ၏စကားတော်ကိုရိုသေသူသင်တို့ အဖို့မှာမူကား ငါ၏ကယ်တင်ခြင်းတန် ခိုးသည်နေမင်းသဖွယ် သူတို့အပေါ်၌ ထွန်းလင်းလျက်နေရောင်ခြည်သဖွယ် သင် တို့၏အနာရောဂါများကိုပျောက်ကင်း စေလိမ့်မည်။ သင်တို့သည်တင်းကုပ်မှလွှတ် ထုတ်လိုက်သည့်နွားငယ်များကဲ့သို့လွတ် လပ်ပျော်ရွှင်စွာခုန်ပေါက်လျက်နေလိမ့်မည်။-
ထိုနောက်သခင်ယေရှုက ``ငါ့တပည့်ဖြစ်လိုသူ သည်ကိုယ်ကျိုးကိုစွန့်ရမည်။ ကိုယ့်လက်ဝါးကပ် တိုင်ကိုထမ်း၍ငါ့နောက်သို့လိုက်ရမည်။-
ထိုမှတစ်ပါးငါ့အတွက်ကြောင့်အိမ်၊ မြေ၊ ညီ အစ်ကို၊ နှမ၊ အစ်မ၊ မိဘ၊ သားသမီးအနက် တစ်စုံတစ်ယောက်ကိုစွန့်သောသူသည်မိမိစွန့် သည်ထက်အဆတစ်ရာမျှအကျိုးကိုပြန် လည်ရရှိလိမ့်မည်။ ထာဝရအသက်ကိုလည်း ရလိမ့်မည်။-
ထိုနည်းတူစွာလူတို့သည်သင်တို့၏ကောင်းသော အကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏ဂုဏ်တော်ကိုချီးကူးစေရန် သင် တို့၏အလင်းကိုလူတို့ရှေ့၌ထွန်းလင်းစေကြ လော့။
ဘုရားသခင်သည်လောကသားတို့ကိုလွန်စွာ ချစ်တော်မူသဖြင့် သားတော်အားယုံကြည်သူ အပေါင်းတို့သည်ပျက်စီးဆုံးပါးခြင်းမရှိ ဘဲ ထာဝရအသက်ကိုရစေခြင်းငှာ မိမိ ၏တစ်ပါးတည်းသောသားတော်ကိုစွန့်တော် မူ၏။-
ထို့ကြောင့်ထိုကာလ၌ယုဒပြည်၊ ဂါလိလဲ ပြည်နှင့်ရှမာရိပြည်အရပ်ရပ်တို့တွင်အသင်း တော်သည်အေးချမ်းစွာနေရလေသည်။ အသင်း တော်သည်သခင်ဘုရားအားကြောက်ရွံ့ရိုသေ သောစိတ်ဖြင့် သက်ရှင်လှုပ်ရှားလျက်သန့်ရှင်း သောဝိညာဉ်တော်၏ကူညီအားပေးမှုဖြင့် တည်တံ့ခိုင်မြဲကာအသင်းသားအရေ အတွက်တိုးတက်များပြားလာလေသည်။
သို့ရာတွင်ငါတို့သည်အပြစ်ကူးလျက်ရှိနေ ကြစဉ်ပင် ခရစ်တော်သည်ငါတို့အတွက်အသေ ခံတော်မူ၏။ ဤနည်းအားဖြင့်ဘုရားသခင်သည် ငါတို့အားအဘယ်မျှချစ်တော်မူကြောင်းကို ထင်ရှားစွာပြတော်မူ၏။-
မိမိ၏သားတော်ရင်းကိုပင်မနှမြောဘဲငါ တို့ရှိသမျှအတွက် ယဇ်အဖြစ်ပူဇော်တော် မူသောဘုရားသခင်သည်ဆန့်ကျင်မည်မဟုတ်။ ငါတို့အတွက်သားတော်ကိုပူဇော်သောအရှင် သည်အရာခပ်သိမ်းကို ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း။-
သင်တို့တွေ့ကြုံရသည့်စုံစမ်းနှောင့်ယှက်ခြင်း များသည်လူအပေါင်းတို့တွေ့ကြုံနေကြ၊ သာ မန်စုံစမ်းနှောင့်ယှက်ခြင်းများသာဖြစ်၏။ ဘုရား သခင်သည်ကတိတည်တော်မူသောအရှင်ဖြစ် တော်မူသဖြင့် သင်တို့အားမိမိတို့ခံနိုင်သည် ထက်ပို၍စုံစမ်းနှောင့်ယှက်ခြင်းကိုခံစေတော် မူလိမ့်မည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းခံရ ချိန်၌ခံနိုင်သောခွန်အားကိုပေးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှလွတ်မြောက်ရန် လမ်းဖွင့်ပေးတော်မူလိမ့်မည်။
သင်တို့ပေးလှူလိုသောစေတနာစိတ်ရှိလျှင် ဘုရားသခင်သည်သင်တို့မတတ်နိုင်မှုကို မထောက်ဘဲတတ်နိုင်မှုကိုထောက်၍သင်တို့ ၏အမှုကိုလက်ခံတော်မူလိမ့်မည်။
ဣဇာက်အားသေရာမှဘုရားသခင်ပြန်၍ ရှင်စေတော်မူနိုင်ကြောင်းကိုသူသည်မှတ်ယူ ၏။ အမှန်စင်စစ်အားဖြင့်သူသည်မိမိ၏ သားကိုသေရာမှပြန်၍ရသည်ဟုဆိုနိုင် လေသည်။
ထို့ကြောင့်ငါတို့ရရှိကြသည့်နိုင်ငံတော် သည်မတုန်မလှုပ်နိုင်သည်ဖြစ်ရာငါတို့ သည်ကျေးဇူးတော်ကိုချီးမွမ်းကြစို့။ ငါ တို့သည်ကျေးဇူးတင်၍ကြောက်ရွံ့ရိုသေ သောသဘောနှင့်ကိုယ်တော်အား နှစ်သက် တော်မူသောနည်းဖြင့်ဝတ်ပြုကိုးကွယ် ကြကုန်အံ့။-
သို့ရာတွင်တစ်စုံတစ်ယောက်က``လူတစ်ဦး မှာယုံကြည်ခြင်းရှိ၍အခြားတစ်ဦးမှာ အကျင့်ရှိသည်'' ဟုစောဒကတက်လျှင်``အကျင့် နှင့်ကင်းသည့်ယုံကြည်ခြင်းကိုငါ့အားပြလော့။ ငါမူကားအကျင့်အားဖြင့်ငါ၏ယုံကြည် ခြင်းကိုပြမည်'' ဟုငါဆိုပေအံ့။-
``ဘုရားသခင်၏အစေခံအပေါင်းတို့၊ ကိုယ်တော် ကိုကြောက်ရွံ့ရိုသေသူအကြီးအငယ်အပေါင်း တို့၊ ငါတို့ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်း ကြလော့'' ဟုပလ္လင်တော်မှအသံထွက်ပေါ်လာ၏။-
ရှမွေလက``ထာဝရဘုရားသည်မီးရှို့ ရာယဇ်အစရှိသည့်ပူဇော်သကာများ ဆက်သမှုနှင့် မိမိ၏အမိန့်တော်နာခံ မှုတို့အနက်မည်သည်ကိုပို၍နှစ်သက်တော် မူပါသနည်း။ နာခံခြင်းသည်အဆူဖြိုး ဆုံးသိုးကိုယဇ်ပူဇော်ခြင်းထက်ပို၍မြတ်၏။-