Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 22:13 - Common Language Bible

13 ထို​နောက်​အာ​ဗြ​ဟံ​သည်​မော်​၍​ကြည့်​လိုက်​သော အ​ခါ ချုံ​ထဲ​တွင်​ဦး​ချို​ငြိ​နေ​သော​သိုးထီး​တစ် ကောင်​ကို​မြင်​ရ​လေ​သည်။ သူ​သည်​သွား​၍​ထို​သိုး ကို​ယူ​ဆောင်​ခဲ့​ပြီး​လျှင် သား​၏​ကိုယ်​စား​မီး​ရှို့ ရာ​ယဇ်​ကောင်​အ​ဖြစ်​ပူ​ဇော်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ထို အ ခါ အာ ဗြ ဟံ သည် လှည့် ကြည့် သော် နောက် ချုံ တွင် ချို ညိ လျက် ရှိ သော သိုး ထီး တစ် ကောင် ကို မြင် သ ဖြင့် သွား ၍ ဖမ်း ယူ ပြီး လျှင် သား ကိုယ် စား ပူ ဇော် သ က္ကာ အ ဖြစ် ဆက် ကပ် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ထို​အ​ခါ အာ​ဗြ​ဟံ​သည်​မျှော်​ကြည့်၍၊ မိ​မိ​နောက်​မှာ ချုံ​ပုတ်၌ ချို​ညှိ​လျက်​ရှိ​သော​သိုး​ကို​မြင်​လေ၏။ ထို​သိုး​ကို​သွား၍​ယူ​ပြီး​လျှင်၊ မိ​မိ​သား​ကိုယ်​စား မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 အာဗြဟံ​သည် မျှော်ကြည့်​လိုက်​ရာ ချုံတော​၌​ဦးချို​ငြိ​နေ​သော သိုးထီး​တစ်​ကောင်​ကို​မြင်​လေ​၏​။ ထိုအခါ အာဗြဟံ​သည် သွား​၍ ထို​သိုးထီး​ကို​ဖမ်းယူ​ပြီးလျှင် မိမိ​သား​အစား ၎င်း​ကို​မီးရှို့ရာယဇ်​အဖြစ်​ပူဇော်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 22:13
10 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​တ​မန်​က``သူ​ငယ်​အား​မည်​သို့​မျှ​မ​နာ မ​ကျင်​စေ​နှင့်။ သင်​သည်​တစ်​ဦး​တည်း​သော​သား​ကို ငါ့​အား​ပူ​ဇော်​ရန်​မ​ငြင်း​ဆို​ခဲ့​သ​ဖြင့် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​၍​အ​မိန့်​တော်​ကို နာ​ခံ​သူ​ဖြစ်​ကြောင်း ယ​ခု​ငါ​သိ​ရ​ပြီ'' ဟု​မိန့် တော်​မူ​၏။


အာ​ဗြ​ဟံ​သည်​ထို​အ​ရပ်​ကို``ထာ​ဝ​ရ​ဘု​ရား ပြင်​ဆင် ပေး​သည်'' ဟု​သ​မုတ်​လေ​၏။ ယ​နေ့​ထက်​တိုင်​လူ တို့​က``တောင်​ပေါ်​မှာ​ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင် ပေး​လိမ့်​မည်'' ဟူ​၍​ပြော​ဆို​လေ့​ရှိ​ကြ​၏။


အာ​ဗြ​ဟံ​က``ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ယဇ်​ကောင်​ကို​စီ​မံ​ပေး​ပါ​လိမ့်​မည်'' ဟု​ပြန် ဖြေ​လိုက်​၏။ ထို​နောက်​သူ​တို့​နှစ်​ဦး​ဆက်​၍ လျှောက်​သွား​ကြ​လေ​သည်။


လက်​ဝဲ​ဘက်​သို့​သော်​လည်း​ကောင်း၊ လက်​ယာ ဘက်​သို့​သော်​လည်း​ကောင်း သင်​တို့​လမ်း​မှား ၍​လိုက်​မိ​ကြ​သော​အ​ခါ``လမ်း​မှန်​ကား​ဤ မှာ​တည်း။ ဤ​လမ်း​အ​တိုင်း​လိုက်​ကြ​လော့'' ဟု​သင်​တို့​နောက်​မှ​နေ​၍​ကိုယ်​တော်​မိန့်​တော် မူ​သံ​ကို​ကြား​ရ​ကြ​လိမ့်​မည်။-


သင်​တို့​တွေ့​ကြုံ​ရ​သည့်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း များ​သည်​လူ​အ​ပေါင်း​တို့​တွေ့​ကြုံ​နေ​ကြ၊ သာ မန်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​သာ​ဖြစ်​၏။ ဘု​ရား သ​ခင်​သည်​က​တိ​တည်​တော်​မူ​သော​အ​ရှင်​ဖြစ် တော်​မူ​သ​ဖြင့် သင်​တို့​အား​မိ​မိ​တို့​ခံ​နိုင်​သည် ထက်​ပို​၍​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ခံ​စေ​တော် မူ​လိမ့်​မည်​မ​ဟုတ်။ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ခံ​ရ ချိန်​၌​ခံ​နိုင်​သော​ခွန်​အား​ကို​ပေး​တော်​မူ​သ​ဖြင့် ထို​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​မှ​လွတ်​မြောက်​ရန် လမ်း​ဖွင့်​ပေး​တော်​မူ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ