ကမ္ဘာဦး 21:30 - Common Language Bible အာဗြဟံက``ဤရေတွင်းသည်ငါတူးသော ရေတွင်းဖြစ်သည်ဟုအသိအမှတ်ပြုသည့် အနေဖြင့် ဤသိုးကလေးခုနစ်ကောင်ကို လက်ခံပါ'' ဟုဖြေကြားလေသည်။- Garrad Bible ဤ ရေ တွင်း ကို ကျွန် တော် တူး ရ သော သက် သေ အ လို့ ငှါ ထို သိုး မ ငယ် ခု နစ် ကောင် ကို ကျွန် တော့် လက် မှ ခံ ယူ ပါ ဟု အာ ဗြ ဟံ လျှောက် ပြန်၏။ Judson Bible အာဗြဟံက၊ ဤရေတွင်းကိုငါတူးပြီးဟု ဤသိုးသငယ်မခုနစ်ကောင်တို့သည် ငါ့ဘက်၌သက်သေဖြစ်မည်အကြောင်း သူတို့ကို သင်သည်ငါ့လက်မှခံယူရမည်ဟု ဆိုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း အာဗြဟံက “ဤရေတွင်းကို အကျွန်ုပ်တူးထားကြောင်း အကျွန်ုပ်၏သက်သေဖြစ်စေရန်အတွက် ဤသိုးသငယ်အမခုနစ်ကောင်ကို အကျွန်ုပ်၏လက်မှ ခံယူပါ”ဟု ဆိုလေ၏။ |
သူ၏အဖအာဗြဟံအသက်ရှင်စဉ်အဖ၏ အစေခံတို့တူးဖော်ခဲ့သောရေတွင်းရှိသမျှ တို့ကိုမြေဖို့ပစ်ကြလေ၏။
အာဗြဟံလက်ထက်ကတူးဖော်ခဲ့၍အာဗြဟံ ကွယ်လွန်ပြီးနောက် ဖိလိတ္တိအမျိုးသားတို့မြေဖို့ ခဲ့ကြသောရေတွင်းများကို သူသည်တစ်ဖန်တူး ဖော်၍ထိုရေတွင်းများကိုသူ၏ဖခင်မှည့်ခေါ် သောနာမည်များဖြင့်မှည့်ခေါ်လေ၏။-
ငါသည်ဤကျောက်ပုံနှင့်မှတ်တိုင်ကိုကျော် လွန်၍ သင့်အားအန္တရာယ်ပြုမည်မဟုတ်ကြောင်း ကိုလည်းကောင်း၊ သင်သည်လည်းဤကျောက်ပုံ နှင့်မှတ်တိုင်ကိုကျော်လွန်၍ ငါ့အားအန္တရာယ် ပြုမည်မဟုတ်ကြောင်းကိုလည်းကောင်း ဤ ကျောက်ပုံနှင့်ဤမှတ်တိုင်သည်သက်သေ ဖြစ်ပါစေသား။-
ယောရှုကလူအပေါင်းတို့အား``ဤကျောက်တုံး သည်ငါတို့အတွက်သက်သေဖြစ်စေမည်။ ငါတို့ အားထာဝရဘုရားမိန့်တော်မူသမျှကိုဤ ကျောက်တုံးသည်ကြားရပြီ။ သို့ဖြစ်၍သင်တို့ သည်သင်တို့၏ဘုရားသခင်ကိုပုန်ကန်လျှင် ဤကျောက်တုံးသည်သက်သေဖြစ်ကြလိမ့် မည်'' ဟုမိန့်ကြားလေ၏။-