Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 31:52 - Common Language Bible

52 ငါ​သည်​ဤ​ကျောက်​ပုံ​နှင့်​မှတ်​တိုင်​ကို​ကျော် လွန်​၍ သင့်​အား​အန္တ​ရာယ်​ပြု​မည်​မ​ဟုတ်​ကြောင်း ကို​လည်း​ကောင်း၊ သင်​သည်​လည်း​ဤ​ကျောက်​ပုံ နှင့်​မှတ်​တိုင်​ကို​ကျော်​လွန်​၍ ငါ့​အား​အန္တ​ရာယ် ပြု​မည်​မ​ဟုတ်​ကြောင်း​ကို​လည်း​ကောင်း ဤ ကျောက်​ပုံ​နှင့်​ဤ​မှတ်​တိုင်​သည်​သက်​သေ ဖြစ်​ပါ​စေ​သား။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

52 ငါ သည် သင့် ထံ သို့ လည်း ကောင်း၊ သင် သည် ငါ့ ထံ သို့ လည်း ကောင်း၊ ထိ ခိုက် ရန် နှင့် စပ် လျဉ်း၍ ဤ ကျောက် ပုံ၊ ဤ မှတ် တိုင် ကို မ လွန် ရ ဟု၊ ၎င်း ကျောက် ပုံ၊ ၎င်း မှတ် တိုင် သည် သက် သေ ဖြစ် ပါ စေ သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

52 ငါ​သည် သင့်​ကို​ခိုက်​ရန်​ပြု​ခြင်း​ငှာ၊ ဤ​ကျောက်​ပုံ၊ ဤ​မှတ်​တိုင်​ကို​မ​ကျော်​ရ။ သင်​သည် ငါ့​ကို​ခိုက်​ရန်​ပြု​ခြင်း​ငှာ၊ ဤ​ကျောက်​ပုံ၊ ဤ​မှတ်​တိုင်​ကို မ​ကျော်​ရ​ဟု ဤ​ကျောက်​ပုံ​နှင့် ဤ​မှတ်​တိုင်​သည် သက်​သေ​ဖြစ်​စေ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

52 ငါ​သည် သင့်​ကို​အန္တရာယ်ပြု​ရန် ဤ​ကျောက်ပုံ​ကို​မ​ကျော်​မည့်​အကြောင်း​၊ သင်​သည်​လည်း ငါ့​ကို​အန္တရာယ်​ပြု​ရန် ဤ​ကျောက်ပုံ​နှင့် ဤ​မှတ်တိုင်​ကို​မ​ကျော်​မည့်​အကြောင်း ဤ​ကျောက်ပုံ​သည် သက်သေ​ဖြစ်​၏​။ ဤ​မှတ်တိုင်​သည်​လည်း သက်သေ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 31:52
5 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​လာ​ဗန်​က``ယ​နေ့​၌​ဤ​ကျောက်​ပုံ သည်​သင်​နှင့်​ငါ​တို့​နှစ်​ဦး​အ​တွက်​သက်​သေ ဖြစ်​စေ​မည်'' ဟု​ယာ​ကုပ်​အား​ဆို​လေ​၏။ ထို အ​ကြောင်း​ကြောင့်​ဤ​အ​ရပ်​ကို​ဂိ​လဒ်​ဟု ခေါ်​တွင်​စေ​ကြ​၏။-


ဤ​ကျောက်​တုံး​များ​သည်​သင်​နှင့်​ငါ​တို့​စပ် ကြား​တွင် ပုံ​ထား​သော​ကျောက်​ပုံ​ဖြစ်​၍​ဤ ကျောက်​သည်​အ​မှတ်​တ​ရ​မှတ်​တိုင်​ဖြစ်​၏။-


အာ​ဗြ​ဟံ​၏​ဘု​ရား​နှင့်​နာ​ခေါ်​၏​ဘု​ရား သည်​ငါ​တို့​နှစ်​ဦး​စပ်​ကြား​တွင်​စီ​ရင်​တော် မူ​စေ​သ​တည်း'' ဟု​သစ္စာ​အ​ဋ္ဌိ​ဋ္ဌာန်​ပြု​လေ​၏။ ထို​နောက်​ယာ​ကုပ်​သည်​လည်း​သူ​၏​ဖ​ခင် ဣ​ဇာက်​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​၏​နာ​မ တော်​ကို​တိုင်​တည်​၍​သစ္စာ​အ​ဋ္ဌိ​ဋ္ဌာန်​ဆို​၏။-


ငါ​တို့​၏​လူ​စု​အ​တွက်​သော်​လည်း​ကောင်း၊ သင် တို့​၏​လူ​စု​နှင့်​နောင်​လာ​နောက်​သား​များ​အ​တွက် သော်​လည်း​ကောင်း သက်​သေ​အ​ထိမ်း​အ​မှတ်​ဖြစ် စေ​ရန်​သာ​ဖြစ်​၏။ ငါ​တို့​သည်​ယဇ်​နှင့်​ပူ​ဇော် သကာ​များ​ကို​မီး​ရှို့​ရာ​သ​ကာ​မှ​စ​၍​သ​ကာ အ​မျိုး​မျိုး​ဖြင့် တဲ​တော်​ရှေ့​၌​သာ​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​မည်​ဖြစ်​ကြောင်း ဤ​ယဇ်​ပလ္လင်​က​သက်​သေ​ဖြစ်​လိမ့်​မည်။ ဤ​နည်း အား​ဖြင့်​သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​က ငါ​တို့​၏​အ​ဆက်​အ​နွယ်​တို့​အား`သင်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​မည်​သို့​မျှ​မ​သက် ဆိုင်' ဟု​ပြော​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်​ပါ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ