သို့သော်လည်းဘုရင်က စာရဲကိုသိမ်းပိုက် မိခြင်းကြောင့်ထာဝရဘုရားသည်ဘုရင်နှင့် တကွ နန်းတွင်းသားတို့အားကြောက်မက်ဖွယ် သောရောဂါဆိုးဒဏ်ကိုခံစေတော်မူ၏။-
ကမ္ဘာဦး 20:3 - Common Language Bible ညအခါအိပ်မက်ထဲ၌ဘုရားသခင်က``သင် သည်ဤမိန်းမကိုသိမ်းပိုက်သဖြင့်သေရမည်။ သူသည်လင်ရှိမယားဖြစ်သည်'' ဟုအဘိ မလက်အားမိန့်တော်မူ၏။ Garrad Bible ညဉ့် အ ချိန် အ ဘိ မ လက် မင်း အိပ် မက် တွင် ဘု ရား သ ခင် ကြွ ရောက် လျက် သင် ခေါ် ဆောင် ခဲ့ သူ မိန်း မ မှာ ကာ မ ပိုင် လင် ရှိ၍ သင် သည် အ သေ ဖြစ် ပြီ ဟု မိန့် ဆို တော် မူ လျင်၊ Judson Bible ညအချိန်တွင်အိပ်မက်အားဖြင့် ဘုရားသခင်သည် အဘိမလက်ဆီသို့ကြွလာ၍၊ သင်သည် လူသေဖြစ်၏။ အကြောင်းမူကား၊ သင်ယူသောမိန်းမသည် သူ့မယားဖြစ်၏ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဘုရားသခင်သည် အဘိမလက်မင်းကြီးထံသို့ ညအိပ်မက်ထဲတွင်ကြွလာ၍ “သင်သိမ်းယူသောမိန်းမကြောင့် သင်သေရမည်။ အကြောင်းမှာ သူသည် ယောက်ျားရှိသောမိန်းမဖြစ်၏”ဟု မိန့်တော်မူ၏။ |
သို့သော်လည်းဘုရင်က စာရဲကိုသိမ်းပိုက် မိခြင်းကြောင့်ထာဝရဘုရားသည်ဘုရင်နှင့် တကွ နန်းတွင်းသားတို့အားကြောက်မက်ဖွယ် သောရောဂါဆိုးဒဏ်ကိုခံစေတော်မူ၏။-
ထိုအခါ၌ဘုရင်သည်အာဗြံကိုဆင့်ခေါ် ၍``သင်သည်ငါ့အားအဘယ်သို့ပြုသနည်း။ စာရဲသည်သင်၏မယားဖြစ်ကြောင်းကို ငါ့ အားအဘယ်ကြောင့်မပြောပြသနည်း။-
ယခုပင်ထိုမိန်းမကိုသူ၏ယောကျာ်းထံသို့ ပြန်အပ်လော့။ ထိုသူသည်ပရောဖက်ဖြစ်၍သင့် အသက်ချမ်းသာရာရစေရန် သူသည်သင့်အ တွက်ဆုတောင်းပေးလိမ့်မည်။ ထိုမိန်းမကိုပြန် ၍မအပ်လျှင်မူကား သင်နှင့်တကွသင်၏လူ မျိုးအားလုံးတို့သည်မုချသေရကြမည်'' ဟုဘုရင်အားမိန့်တော်မူ၏။
ထိုသို့အိပ်နေစဉ်အိပ်မက်ထဲ၌မြေပြင်မှမိုး ကောင်းကင်သို့တိုင်အောင်ထောင်လျက်ရှိသော လှေကားပေါ်တွင် ကောင်းကင်တမန်များတက် လျက်ဆင်းလျက်ရှိသည်ကိုမြင်ရ၏။-
ထိုနေ့ည၌အိပ်မက်ထဲတွင်ဘုရားသခင် သည်လာဗန်ထံသို့ကြွလာတော်မူ၍``သင် သည်ယာကုပ်အားမည်သို့မျှခြိမ်းခြောက်ခြင်း မပြုမိရန်သတိပြုလော့'' ဟုမိန့်တော်မူ၏။-
တစ်ခါကယောသပ်သည် အိပ်မက်မြင်မက်သ ဖြင့်အစ်ကိုတို့အားထိုအိပ်မက်အကြောင်း ကိုပြောပြသောအခါ သူတို့သည်ပို၍ပင် ရွံမုန်းကြ၏။-
တစ်ဖန်ယောသပ်သည်အိပ်မက်မက်ပြန်၍အစ် ကိုတို့အား``ကျွန်တော်သည်အိပ်မက်မြင်မက် ပြန်ပြီ။ ထိုအိပ်မက်ထဲတွင်နေ၊ လနှင့်ကြယ် တစ်ဆယ့်တစ်လုံးတို့ကကျွန်တော်အားဦး ညွှတ်ရှိခိုးကြသည်ကိုမြင်ရပါသည်''ဟု ပြောလေ၏။
တစ်ည၌ထောင်ထဲတွင်ဖလားတော်ဆက်ဝန် နှင့်စားတော်ဆက်ဝန်တို့သည် သီးခြားအနက် ပါရှိသောအိပ်မက်များကိုမြင်မက်ကြလေ သည်။-
သူတို့က``ငါတို့တစ်ယောက်စီအိပ်မက်မြင်မက် ကြပါသည်။ သို့ရာတွင်အိပ်မက်၏အနက်ကို ဖွင့်ပြနိုင်သူမရှိပါ'' ဟုဖြေကြ၏။ ယောသပ်က``အိပ်မက်၏အနက်ဖွင့်ပြနိုင်စွမ်း ကိုထာဝရဘုရားသာပေးပါသည်။ သင်တို့ ၏အိပ်မက်များကိုကျွန်တော်အားပြောပြ ပါ'' ဟုဆိုလေ၏။
ညအချိန်၌သူမြင်ရသောရူပါရုံတွင် ဘုရားသခင်က``ယာကုပ်၊ ယာကုပ်'' ဟုခေါ် တော်မူ၏။ ``အကျွန်ုပ်ရှိပါသည်အရှင်ဘုရား'' ဟု ယာကုပ်ထူးလေ၏။
သို့ရာတွင်ဘုရားသခင်သည်သူတို့အားဖိစီး နှိပ်စက်ရန် အဘယ်သူကိုမျှခွင့်ပြုတော်မမူ။ သူတို့အားကာကွယ်စောင့်ရှောက်ရန် ရှင်ဘုရင်တို့အားသတိပေးတော်မူ၏။
လူသည်အိပ်ရာပေါ်မှာငိုက်လျက် အိပ်ပျော် လျက်နေသောအခါ အိပ်မက်မြင်၍၊ ညဉ့်ရူပါရုံကို ခံရသောအားဖြင့်၊
ထိုသို့လူသည် မိမိအကြံကိုစွန့်စေခြင်းငှါ၎င်း၊ မာန်မာနနှင့် ကင်းလွတ်စေခြင်းငှါ၎င်း ပြုတော်မူ၏။
သို့ရာတွင်ဘုရားသခင်သည်သူတို့အား ဖိစီးနှိပ်စက်ရန်အဘယ်သူကိုမျှခွင့်ပြုတော်မမူ။ သူတို့ကိုကာကွယ်စောင့်ရှောက်တော်မူ၏။
ယောနသည်နိနေဝေမြို့သို့ရောက်၍မြို့တွင်း သို့တစ်နေ့ခရီးဝင်ပြီးနောက်``နိနေဝေမြို့ သည်အရက်လေးဆယ်ကြာသောအခါ ပျက်လိမ့်မည်'' ဟုကြေညာလေ၏။
ဘုရားသခင်သည်ဗာလမ်ထံသို့ကြွလာ ၍``သင်နှင့်အတူတည်းခိုနေသူများသည် မည်သူတို့နည်း'' ဟုမေးတော်မူ၏။
ဤသို့အကြံရှိနေစဉ်သူသည်ထာဝရဘုရား ၏ကောင်းကင်တမန်တစ်ပါးကိုအိပ်မက်မြင်မက်၏။ ထိုကောင်းကင်တမန်က ``ဒါဝိဒ်၏သားမြေးယောသပ်၊ သင်သည်မာရိအားဇနီးအဖြစ်သိမ်းပိုက်ရမည်ကို မကြောက်နှင့်။ အဘယ်ကြောင့်ဆိုသော်သူ၏ဝမ်းတွင် ရှိသောပဋိသေနန္ဓကားသန့်ရှင်းသောဝိညာဉ်တော် ၏တန်ခိုးတော်အားဖြင့်ရသောပဋိသေနန္ဓဖြစ်၏။-
ပိလတ်မင်းသည်တရားခွင်တွင်ထိုင်လျက်နေစဉ် သူ၏ဇနီးသည်လူတစ်ယောက်ကိုစေလွှတ်၍ ``ထို အပြစ်ကင်းသူနှင့်ပတ်သက်၍မည်သည့်အရာ ကိုမျှမပြုပါနှင့်။ အကျွန်ုပ်သည်ယမန်ညက အိပ်မက်တွင်သူ၏အတွက်စိတ်ဒုက္ခများစွာ ရောက်ရပါ၏'' ဟုပြောစေ၏။