Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 12:18 - Common Language Bible

18 ထို​အ​ခါ​၌​ဘု​ရင်​သည်​အာ​ဗြံ​ကို​ဆင့်​ခေါ် ၍``သင်​သည်​ငါ့​အား​အ​ဘယ်​သို့​ပြု​သ​နည်း။ စာ​ရဲ​သည်​သင်​၏​မ​ယား​ဖြစ်​ကြောင်း​ကို ငါ့ အား​အ​ဘယ်​ကြောင့်​မ​ပြော​ပြ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ဖာ ရော မင်း သည် အာ ဗြံ ကို ခေါ်၍ ငါ ၌ သင် ပြု သော အ မှု ကား မည် သို့ နည်း။ ထို မိန်း မ သည် သင့် မ ယား ဖြစ် ကြောင်း အ ဘယ် ကြောင့် မ လျှောက် သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ဖာ​ရော​ဘု​ရင်​သည်​လည်း​အာ​ဗြံ​ကို​ခေါ်၍၊ သင်​သည်​ငါ၌​ပြု​သော​အ​မှု​ကား အ​ဘယ်​သို့​နည်း။ သူ​သည်​သင်၏​မ​ယား​ဖြစ်​ကြောင်း​ကို၊ ငါ​အား​အ​ဘယ်​ကြောင့် မ​ပြော​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ထိုအခါ ဖာရော​မင်းကြီး​သည် အာဗြံ​ကို​ဆင့်ခေါ်​၍ “​ငါ​၌ သင်​ပြု​သော​ဤ​အမှု​ကား မည်သို့နည်း​။ သူ​သည် သင်​၏​မယား​ဖြစ်ကြောင်း ငါ့​ကို အဘယ်ကြောင့်​မ​ပြော​သနည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 12:18
15 ပူးပေါင်းရင်းမြစ်များ  

သူ့​ကို​ငါ​၏​မယား​အ​ဖြစ်​သိမ်း​ပိုက်​စေ​ရန် သူ သည်​သင်​၏​နှ​မ​ဖြစ်​သည်​ဟု​အ​ဘယ်​ကြောင့် သင်​ဆို​သ​နည်း။ ယ​ခု​ပင်​သင်​၏​မ​ယား​ကို ခေါ်​၍​ထွက်​သွား​လော့'' ဟု​အ​မိန့်​ပေး​၏။-


ည​အ​ခါ​အိပ်​မက်​ထဲ​၌​ဘု​ရား​သ​ခင်​က``သင် သည်​ဤ​မိန်း​မ​ကို​သိမ်း​ပိုက်​သ​ဖြင့်​သေ​ရ​မည်။ သူ​သည်​လင်​ရှိ​မ​ယား​ဖြစ်​သည်'' ဟု​အ​ဘိ မ​လက်​အား​မိန့်​တော်​မူ​၏။


မိုး​လင်း​ချိန်​ရောက်​မှ​ယာကုပ်​သည်​မိ​မိ​၏​မယား​မှာ လေ​အာ​ဖြစ်​ကြောင်း​သိ​ရ​လေ​သည်။ သူ​သည်​လာ​ဗန် ထံ​သို့​သွား​၍``အ​ဘယ်​ကြောင့်​ထို​သို့​ပြု​လုပ်​ရ​ပါ သ​နည်း။ ကျွန်ုပ်​သည်​ရာ​ခေ​လ​ကို​ရ​ရန်​အ​တွက် အ​လုပ်​လုပ်​ခဲ့​ပါ​သည်။ ကျွန်ုပ်​ကို​အ​ဘယ်​ကြောင့် လှည့်​စား​ပါ​သ​နည်း'' ဟု​မေး​လေ​၏။


ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သခင်​က​မိန်း​မ​အား``သင် သည်​အ​ဘယ်​ကြောင့်​ထို​သို့​ပြု​ရ​သ​နည်း'' ဟု မေး​တော်​မူ​လျှင် ``မြွေ​က​ကျွန်​မ​ကို​လှည့်​စား သ​ဖြင့်​စား​မိ​ပါ​သည်'' ဟု​ပြန်​လည်​လျှောက် လေ​၏။


လာ​ဗန်​က``သင်​သည်​အ​ဘယ်​ကြောင့်​ငါ့​ကို လှည့်​စား​၍ ငါ​၏​သ​မီး​များ​ကို​စစ်​သုံ့​ပန်း များ​ကဲ့​သို့​ခေါ်​ဆောင်​သွား​ရ​ပါ​သ​နည်း။-


ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​အ​ဘယ်​ကြောင့် ဤ​ဆိုး​ယုတ်​သော​အ​မှု​ကို​ပြု​ရ​သ​နည်း။ သင့် ညီ​အ​သွေး​၏​အ​သံ​သည်​မြေ​ထဲ​မှ ငါ့​ထံ​သို့ အော်​ဟစ်​လျက်​ရှိ​သည်​တ​ကား။-


ယော​သပ်​က``သင်​တို့​အ​ဘယ်​ကြောင့်​ဤ​သို့​ပြု ဘိ​သ​နည်း။ ငါ​သည်​သင်​တို့​ပြု​သ​မျှ​တို့​ကို နိ​မိတ်​ဖတ်​ခြင်း​ဖြင့်​သိ​နိုင်​စွမ်း​ရှိ​ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော'' ဟု​ဆို​လေ​၏။


ထို​အ​ခါ​သူ​သည်​ဘု​ရင့်​ထံ​သို့​သွား​၍``အ​ရှင် အ​ဘယ်​သို့​ပြု​တော်​မူ​ပါ​သ​နည်း။ အာ​ဗ​နာ​သည် အ​ရှင့်​ထံ​သို့​ရောက်​ရှိ​လာ​သော်​လည်း အ​ရှင်​သည် အ​ဘယ်​ကြောင့်​သူ့​အား​ဤ​သို့​ပြန်​၍​လွှတ်​တော် မူ​ပါ​သ​နည်း။-


မော​ရှေ​က​အာ​ရုန်​အား``ဤ​သူ​တို့​သည်​သင့် ကြောင့်​ထို​မျှ​လောက်​ကြီး​လေး​သော​အ​ပြစ် ကို​ပြု​မိ​ရန် သူ​တို့​သည်​သင့်​အား​အ​ဘယ် သို့​ပြု​ကြ​သ​နည်း'' ဟု​မေး​၏။


ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ ဖြစ်၍၊ ထာဝရဘုရား၏ လက်တော်၌ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့်စေတော်မူ၏။


ယော​ရှု​က​သူ့​အား``ငါ့​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​တွင်​မှန်​ရာ​ကို​ပြော​၍​ဝန်​ခံ လော့။ သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​မ​ထိမ်​မ​ချန် ဘဲ​ငါ့​အား​ထုတ်​ဖော်​ပြော​ကြား​လော့'' ဟု ဆို​လေ​၏။


သင်​တို့​သည်​ဤ​ပြည်​တွင်​နေ​ထိုင်​သူ​တို့​နှင့် အ​ဘယ်​သို့​မျှ​ပ​ဋိ​ညာဉ်​မ​ပြု​ရ။ ထို​သူ တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ​ရ​ကြ​မည် ဟု​သင်​တို့​အား​ငါ​မိန့်​မှာ​ခဲ့​၏။ သို့​ရာ​တွင် သင်​တို့​သည်​ငါ​၏​အ​မိန့်​ကို​မ​နာ​ခံ​ကြ။ အ​ဘယ်​ကြောင့်​ဤ​သို့​ပြု​ဘိ​သ​နည်း။-


ထို​အ​ခါ​ရှော​လု​သည်​ယော​န​သန်​အား``သင် အ​ဘယ်​အ​မှု​ကို​ပြု​သ​နည်း'' ဟု​မေး​၏။ ယော​န​သန်​က``အ​ကျွန်ုပ်​သည်​ပျား​ရည်​အ​နည်း ငယ်​ကို​စား​မိ​ပါ​၏။ အ​မိန့်​တော်​အ​တိုင်း​သေ ဒဏ်​ခံ​ရန်​အ​ကျွန်ုပ်​အ​သင့်​ရှိ​ပါ​၏'' ဟု​လျှောက် လျှင်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ