ထိုနောက်ကောင်းကင်တမန်တစ်ပါးက``အသက်ဘေးမှလွတ်အောင်ပြေးကြလော့။ နောက်သို့လှည့်မကြည့်နှင့်။ ချိုင့်ဝှမ်းထဲ၌မရပ်နားနေနှင့်။ အသက်ချမ်းသာရာရရန်တောင်ပေါ်သို့ပြေးကြလော့'' ဟုမှာကြားလေသည်။
ပြင် သို့ ထုတ် ဆောင် ခဲ့ ပြီး သော အ ခါ အ သက် ချမ်း သာ ရ အံ့ သော ငှာ ပြေး လော့။ နောက် သို့ လှည့် မကြည့် နှင့်။ မြစ် ကမ်း ပြင် ၌ အ လျင်း မ နေ ဘဲ တောင် တန်း သို့ ပြေး လော့။ သို့ မ ဟုတ် ပယ် ရှင်း ခြင်း ကို ခံ ရ လိမ့် မည် ဟု ဆို လေ ၏။
ပြင်သို့ရောက်သောအခါ၊ သင်သည်အသက်ချမ်းသာရခြင်းငှာ ပြေးလော့။ နောက်သို့လှည့်၍ မကြည့်နှင့်။ မြေညီသောအရပ်၌ အလျှင်းမနေနှင့်။ တောင်ပေါ်သို့ပြေးလော့။ သို့မဟုတ် ဆုံးလိမ့်မည်ဟု ဆိုလေ၏။
ထိုသို့ သူတို့ကို မြို့အပြင်ဘက်သို့ ခေါ်ထုတ်ပြီးနောက် ကောင်းကင်တမန်တစ်ပါးက “အသက်လွတ်အောင်ပြေးလော့။ နောက်လှည့်မကြည့်နှင့်။ ဤမြစ်ဝှမ်းရှိ မည်သည့်အရပ်၌မျှမရပ်နှင့်။ တောင်ပေါ်သို့ပြေးလော့။ သို့မဟုတ်လျှင် သင်သည် ဖျက်ဆီးသုတ်သင်ခြင်းခံရလိမ့်မည်”ဟု ဆို၏။
ထိုအခါလောတသည်ပတ်ဝန်းကျင်သို့လှည့်ကြည့်ရာဇောရမြို့သို့တိုင်အောင် ယော်ဒန်မြစ်ဝှမ်းတစ်လျှောက်လုံးသည်ထာဝရဘုရား၏ဥယျာဉ်တော် ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့လည်းကောင်းရေပေါများကြောင်းတွေ့ရလေသည်။ (ထာဝရဘုရားသည်သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုမဖျက်ဆီးမီကအခြေအနေဖြစ်၏။-)
ထိုချိုင့်ဝှမ်းတွင်ကတ္တရာတွင်းများပြည့်နှက်လျက် ရှိရာ သောဒုံဘုရင်နှင့်ဂေါမောရဘုရင်တို့သည် စစ်ရေးမလှသဖြင့် ထွက်ပြေးကြသောအခါ ထိုတွင်းများထဲသို့ကျကြကုန်၏။ ကျန်သော ဘုရင်သုံးပါးတို့သည်တောင်များပေါ်သို့ထွက် ပြေးကြလေသည်။-
ထိုသူတို့သုံးဦးထဲမှနှစ်ဦးသည် သောဒုံမြို့ ဘက်သို့ထွက်ခွာသွားကြ၏။ ထာဝရဘုရား ကမူ အာဗြဟံနှင့်အတူနေရစ်ခဲ့လေသည်။-
လောတက``ကိုယ်တော်၊ အကျွန်ုပ်တို့တောင်ပေါ်သို့မပြေးပါရစေနှင့်။-
မြန်မြန်ပြေးလော့။ ထိုမြို့သို့သင်မရောက်မီ ငါသည်သောဒုံမြို့ကိုဒဏ်မစီရင်နိုင်'' ဟုဆိုလေ၏။ လောတသည်ထိုမြို့ကိုမြို့ကလေးဟုခေါ်သဖြင့် ဇောရမြို့ဟုနာမည်တွင်လေ၏။
လောတ၏မယားကမူနောက်သို့လှည့်ကြည့်မိသဖြင့် ဆားတိုင်အဖြစ်သို့ပြောင်းလဲသွားလေသည်။
လောတသည်ဇောရမြို့တွင်မနေထိုင်ဝံ့သဖြင့် သမီးနှစ်ယောက်တို့နှင့်အတူတောင်ပေါ်သို့ပြောင်းရွှေ့ပြီးလျှင် လိုဏ်ဂူတစ်ခုအတွင်း၌နေလေ၏။-
သင်သည်သင့်အသက်နှင့်သားတော်ရှောလမုန် ၏အသက်ကိုကယ်လိုလျှင် သင့်အားအကျွန်ုပ် အကြံပေးပါမည်။-
ဧလိယသည်ကြောက်သဖြင့် အသက်ဘေးမှ လွတ်ရန်ထွက်ပြေးလေ၏။ သူသည်မိမိ၏ အစေခံကိုခေါ်၍ယုဒပြည်၊ ဗေရရှေဘ မြို့သို့သွား၏။ ထိုမြို့တွင်အစေခံကိုထားခဲ့ပြီးလျှင်၊-
ငါသည်တောင်ရိုးများသို့မျှော်ကြည့်၏။ အဘယ်မှကူညီမစမှုကိုငါရပါမည်နည်း။
သူတို့က`သင်တို့အသက်ချမ်းသာရအောင် လျင်မြန်စွာပြေးကြလော့။ သဲကန္တာရမှမြည်းရိုင်းကဲ့သို့ပြေးကြလော့' ဟုဆိုကြ၏။
သူသည်လူအပေါင်းတို့အား``ဤဆိုးယုတ် သောသူတို့၏တဲများနှင့်ဝေးဝေးခွာနေ ကြလော့။ သူတို့နှင့်ဆိုင်သောပစ္စည်းတစ်စုံ တစ်ခုကိုမျှလက်ဖြင့်မထိကြနှင့်။ ငါ ၏စကားကိုနားမထောင်လျှင်သင်တို့ သည်သူတို့၏အပြစ်ကြောင့် သူတို့နှင့် အတူပျက်စီးကြရလိမ့်မည်'' ဟု သတိပေးလေ၏။-
ဖာရိရှဲနှင့်ဇဒ္ဒုကဲအမြောက်အမြားပင်ဗတ္တိဇံ မင်္ဂလာခံယူရန်လာကြသည်ကိုမြင်လျှင် ယောဟန် က ``အချင်းမြွေဆိုးတို့၊ သက်ရောက်လတ္တံ့သောဘုရား သခင်၏အမျက်တော်မှလွတ်မြောက်နိုင်သည်ဟု သင်တို့အားအဘယ်သူပြောသနည်း။-
အသက်သည်အစားအစာထက်အရေးကြီး ၏။ ကိုယ်ခန္ဓာသည်အဝတ်ထက်အရေးကြီး၏။-
သခင်ယေရှုက ``ထွန်ကိုင်းကိုကိုင်လျက်နောက် သို့လှည့်ကြည့်သူသည်ဘုရားသခင်၏နိုင်ငံ တော်အတွက်အသုံးမဝင်'' ဟုမိန့်တော်မူ၏။
ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရား တော်ကိုငါတို့ဂရုမစိုက်ဘဲနေကြပါမူ အဘယ်သို့လျှင်ငါတို့သည်အပြစ်ဒဏ် စီရင်ခြင်းနှင့်ကင်းလွတ်နိုင်ကြပါမည်နည်း။ ထိုကယ်တင်ခြင်းတရားတော်ကိုသခင် ဘုရားကိုယ်တော်တိုင် ဦးစွာပထမဟော ကြားတော်မူ၍ကြားနာရသူတို့ကငါ တို့အား ထိုတရားတော်မှန်ကန်ကြောင်းကို သက်သေပြခဲ့ကြ၏။-
ထိုညဥ့်၌ပင်လျှင်ဒါဝိဒ်၏အိမ်ကိုစောင့်ကြည့် ရန်နှင့် နောက်တစ်နေ့နံနက်၌ဒါဝိဒ်ကိုသတ် ရန်ရှောလုသည် လူအချို့တို့ကိုစေလွှတ်လိုက်၏။ ဒါဝိဒ်၏ဇနီးမိခါလသည်ဒါဝိဒ်အား``အရှင်၊ သင်သည်ယနေ့ညဥ့်၌ပင်ထွက်ပြေးပါလော့။ သို့မဟုတ်ပါကနက်ဖြန်ခါအသတ်ခံရပါ လိမ့်မည်'' ဟုသတိပေးပြီးနောက်၊-