ထိုသူတို့သည်ထွက်ခွာ၍ သောဒုံမြို့ကိုမြင်နိုင် သောနေရာသို့ရောက်ကြ၏။ အာဗြဟံသည် လည်း သူတို့အားပို့ရန်လိုက်ပါလာခဲ့သည်။-
ကမ္ဘာဦး 18:22 - Common Language Bible ထိုသူတို့သုံးဦးထဲမှနှစ်ဦးသည် သောဒုံမြို့ ဘက်သို့ထွက်ခွာသွားကြ၏။ ထာဝရဘုရား ကမူ အာဗြဟံနှင့်အတူနေရစ်ခဲ့လေသည်။- Garrad Bible သူ တို့ သည် ထို အ ရပ် ကို ကျော ခိုင်း ၍ သော ဒုံ မြို့ သို့ သွား ကြ၏။ အာ ဗြ ဟံ မူ ကား၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ရပ် နေ သေး သ တည်း။ Judson Bible ထိုသူတို့သည် ထိုအရပ်မှမျက်နှာလှည့်၍ သောဒုံမြို့သို့သွားကြ၏။ အာဗြဟံမူကား၊ ထာဝရဘုရားရှေ့တော်၌ ရပ်နေလျက်ရှိသေး၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုလူတို့သည် ထိုအရပ်မှလှည့်၍ သောဒုံမြို့သို့သွားကြ၏။ အာဗြဟံမူကား ထာဝရဘုရား၏ရှေ့တော်၌ ဆက်၍ရပ်နေ၏။ |
ထိုသူတို့သည်ထွက်ခွာ၍ သောဒုံမြို့ကိုမြင်နိုင် သောနေရာသို့ရောက်ကြ၏။ အာဗြဟံသည် လည်း သူတို့အားပို့ရန်လိုက်ပါလာခဲ့သည်။-
ထိုနေ့ည၌ကောင်းကင်တမန်နှစ်ပါးတို့သည် သောဒုံမြို့သို့ရောက်ရှိလာကြသောအခါ လောတသည်မြို့တံခါးဝမှာထိုင်လျက်ရှိ၏။ ကောင်းကင်တမန်တို့ကိုမြင်လျှင် သူသည်ထ၍ခရီးဦးကြိုပြုလေ၏။ သူသည်သူတို့ရှေ့တွင်ဦးညွှတ်လျက်၊-
နောက်နေ့နံနက်စောစော၌အာဗြဟံသည် ထာဝရဘုရား၏ရှေ့တော်တွင်ရပ်ခဲ့ဖူးသောနေရာသို့အမြန်သွားလေ၏။-
ဘုရားသခင်သည်မိမိ၏လူစုတော်အား သုတ်သင်ဖျက်ဆီးတော်မူမည်ဟုမိန့်တော်မူ သောအခါ ကိုယ်တော်ရွေးချယ်တော်မူသည့်အစေခံ မောရှေသည် ဆီးတားသဖြင့် အမျက်တော်ထွက်၍ထိုသူတို့အားသုတ်သင် ဖျက်ဆီးတော်မမူ။
ထိုနောက်ထာဝရဘုရားက ငါ့အား``အကယ် ၍မောရှေနှင့်ရှမွေလတို့ဤတွင်ရပ်လျက် ငါ့ အားတောင်းပန်လျှောက်လဲကြစေကာမူ ငါ သည်ဤသူတို့အားကရုဏာပြလိမ့်မည် မဟုတ်။ သူတို့အားငါ၏ရှေ့မှောက်မှထွက် ခွာသွားစေရန်နှင်ထုတ်လော့။-
ကောင်းကျိုးကိုဆိုးကျိုးဖြင့်ပေးချေသင့်ပါ မည်လော။ သို့ပါလျက်သူတို့သည်ကျွန်တော် မျိုးလိမ့်ကျစေရန်တွင်းကိုတူးကြပါပြီ။ ကျွန်တော်မျိုးသည်အထံတော်သို့လာ၍သူ တို့အားအမျက်တော်နှင့်ဆက်ဆံတော်မမူ ရန် သူတို့ကိုယ်စားအဘယ်သို့ပြန်ကြား လျှောက်ထားခဲ့သည်ကိုအောက်မေ့သတိရ တော်မူပါ။-
ငါသည်မိမိ၏လူမျိုးတော်နေထိုင်ရာပြည် ကိုအမျက်တော်ဖြင့် ဖျက်ဆီးပစ်မည်ပြုသော အခါထိုပြည်ကိုတံတိုင်းကာနိုင်မည့်သူ၊ မြို့ ရိုးများပြိုရာတွင်ရပ်၍ခုခံနိုင်မည့်သူကို ငါရှာကြည့်၏။ သို့ရာတွင်တစ်စုံတစ်ယောက် ကိုမျှမတွေ့ရ။-
သို့သော်သတေဖန်သည်သန့်ရှင်းသောဝိညာဉ် တော်နှင့်ပြည့်ဝလျက် ကောင်းကင်သို့ကြည့်လိုက် သောအခါ ဘုရားသခင်၏ဘုန်းအသရေတော် ကိုလည်းကောင်း၊ ဘုရားသခင်၏လက်ယာတော် ဘက်တွင်လူသားရပ်လျက်နေတော်မူသည် ကိုလည်းကောင်းမြင်လေ၏။-
သို့ဖြစ်၍ပထမဦးစွာလူအပေါင်းတို့ အတွက် ဘုရားသခင်အားလျှောက်ထား အသနားခံခြင်း၊ ဆုတောင်းပတ္ထနာပြုခြင်း၊ တောင်းခံခြင်း၊ ကျေးဇူးတော်ကိုချီးမွမ်း ခြင်းတို့ကိုပြုကြရန်ငါတိုက်တွန်း၏။-