Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 18:23 - Common Language Bible

23 အာ​ဗြ​ဟံ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​ချဉ်း​ကပ် ၍``ကိုယ်​တော်​သည်​အ​ပြစ်​မဲ့​သူ​တို့​ကို အ​ပြစ် ရှိ​သူ​တို့​နှင့်​အ​တူ​အ​မှန်​ပင်​သေ​ကြေ​ပျက်​စီး စေ​တော်​မူ​မည်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ထို အ ခါ အာ ဗြ ဟံ တိုး ၀င် ၍ သူ တော် ကောင်း တို့ ကို မ သူ တော် တို့ နှင့် အ တူ ကိုယ် တော် ပယ် ရှင်း တော် မူ မည် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ထို​အ​ခါ အာ​ဗြ​ဟံ​ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို၊ မ​တ​ရား​သော​သူ​တို့​နှင့်​တ​ကွ ဖျက်​ဆီး​တော်​မူ​မည်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 အာဗြဟံ​သည် ချဉ်းကပ်​လာ​၍ “​ကိုယ်တော်​သည် ဖြောင့်မတ်​သော​သူ​ကို ဆိုးယုတ်​သော​သူ​နှင့်အတူ အမှန်ပင်​ဖျက်ဆီးသုတ်သင်​တော်မူ​မည်လော​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 18:23
15 ပူးပေါင်းရင်းမြစ်များ  

အ​ကယ်​၍​မြို့​ထဲ​၌​အ​ပြစ်​မဲ့​သူ​ဦး​ရေ​ငါး ဆယ်​ရှိ​လျှင် တစ်​မြို့​လုံး​ကို​ဖျက်​ဆီး​ပစ်​မည် လော။ ထို​သူ​ငါး​ဆယ်​ကို​ထောက်​ထား​၍ မြို့​ကို ချမ်း​သာ​မ​ပေး​ဘဲ​နေ​မည်​လော။-


ကိုယ်​တော်​သည်​အ​ပြစ်​မဲ့​သူ​များ​ကို အ​ပြစ်​ရှိ သူ​တို့​နှင့်​ရော​၍​သုတ်​သင်​ပစ်​မည်​လော။ ထို​သို့ မ​ဖြစ်​နိုင်​ပါ။ ကိုယ်​တော်​သည်​ထို​သို့​မ​ပြု​နိုင် ပါ။ ကိုယ်​တော်​သည်​ထို​သို့​ပြု​လျှင် အ​ပြစ်​မဲ့​သူ တို့​သည်​အ​ပြစ်​ရှိ​သူ​တို့​နှင့်​အ​တူ​ဒဏ်​ခံ​ရ ကြ​ပါ​မည်။ ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်။ ကမ္ဘာ​မြေ ကြီး​တစ်​ခု​လုံး​ကို​တ​ရား​စီ​ရင်​သော​အ​ရှင် သည် တ​ရား​မျှ​တ​စွာ​စီ​ရင်​တော်​မူ​မည်​မ​ဟုတ် ပါ​လော'' ဟု​လျှောက်​လေ​၏။


သို့​ရာ​တွင်​အ​ဘိ​မ​လက်​သည် သူ​မ​အ​နီး​သို့ မ​ချဉ်း​ကပ်​သေး။ သူ​က``ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​အ​ပြစ်​ကင်း​ပါ​၏။ အ​ကျွန်ုပ်​နှင့်​အ​ကျွန်ုပ်​၏ လူ​မျိုး​ကို​ဖျက်​ဆီး​မည်​လော။-


လူ​တို့​အား​ဒဏ်​ခတ်​သော​ကောင်း​ကင်​တ​မန် ကို​ဒါ​ဝိဒ်​မြင်​သော​အ​ခါ``အ​ပြစ်​ရှိ​သူ​မှာ အ​ကျွန်ုပ်​ဖြစ်​ပါ​၏။ ဒု​စ​ရိုက်​ပြု​မိ​သူ​မှာ အ​ကျွန်ုပ်​ဖြစ်​ပါ​၏။ ဤ​သူ​တို့​သည်​အ​ဘယ် ပြစ်​မှု​ကို​ပြု​မိ​ကြ​ပါ​သ​နည်း။ ကိုယ်​တော် ရှင်​သည်​အ​ကျွန်ုပ်​နှင့်​အိမ်​ထောင်​စု​ကို​သာ အ​ပြစ်​ပေး​တော်​မူ​သင့်​ပါ​၏'' ဟု​ထာ​ဝ​ရ ဘု​ရား​အား​လျှောက်​၏။


တရားကို မုန်းသောသူသည် အစိုးရရမည်လော။ တရားသဖြင့် စီရင်၍ တန်ခိုးကြီးသောသူကို အပြစ်တင်သင့်သလော။


ဘုရားသခင်သည် မတရားသဖြင့် အပြစ်ပေးတော်မူမည်လော။ အနန္တတန်ခိုးရှင်သည် တရားကို ဖျက်တော်မူမည်လော။


သို့​သော်​လည်း​ကျွန်​တော်​မျိုး​အ​ဖို့​မှာ​မူ​ဘု​ရား​သ​ခင်​၏ အ​ပါး​တော်​တွင်​နေ​ရ​ခြင်း၊ အ​ရှင်​ဘု​ရား​၏​ထံ​တော်​၌​ခို​လှုံ​ရ​ခြင်း​နှင့် ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​အ​ပေါင်း​ကို ထုတ်​ဖော်​ကြေ​ညာ​ရ​ခြင်း​တို့​သည်​လွန်​စွာ​မြတ် နိုး​ဖွယ် ဖြစ်​ပါ​သည်​တ​ကား။


လူ​တစ်​ဦး​အား​မ​ဟုတ်​မ​မှန်​မ​စွပ်​စွဲ​ရ။ အ​ပြစ် ကင်း​မဲ့​သူ​ကို​သေ​ဒဏ်​မ​စီ​ရင်​ရ။ ထို​သို့​မ တ​ရား​မှု​ပြု​သူ​အား​ငါ​အ​ပြစ်​ဒဏ်​ပေး​မည်။-


သူ​တို့​ကို​အုပ်​စိုး​မည့်​သူ​သည်​သူ​တို့​လူ​မျိုး​မှ ပေါ်​ထွန်း​ရ​လိမ့်​မည်။ သူ​တို့​၏​မင်း​သည်​သူ​တို့​အ​မျိုး​သား​များ အ​ထဲ​မှ​ပေါ်​ထွန်း​ရ​လိမ့်​မည်။ ငါ​ဖိတ်​ခေါ်​သော​အ​ခါ​ထို​သူ​သည်​ငါ့​ထံ​သို့ ချဉ်း​ကပ်​လိမ့်​မည်။ ငါ​မ​ဖိတ်​မ​ခေါ်​ဘဲ​အ​ဘယ်​သူ​သည်​ငါ့​ထံ​သို့ ချဉ်း​ကပ်​ဝံ့​သ​နည်း။ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​ကြ​လျက် ငါ​သည်​လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


သို့​ရာ​တွင်​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​မြေ ပေါ်​တွင်​ပျပ်​ဝပ်​၍`အို ဘု​ရား​သ​ခင်၊ ကိုယ် တော်​သည်​လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​၏​အ​သက် သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ လူ​တစ်​ဦး​တစ် ယောက်​၏​အ​ပြစ်​ကြောင့်​တစ်​မျိုး​သား​လုံး ကို​အ​မျက်​ထွက်​တော်​မူ​မည်​လော'' ဟု လျှောက်​ထား​လေ​သည်။


သို့​ဖြစ်​၍​ငါ​တို့​သည်​မိ​မိ​တို့​၏​သန့်​သော သြတ္တပ္ပ​စိတ်​စင်​ကြယ်​လျက် ငါ​တို့​၏​ကိုယ်​ခန္ဓာ များ​ကို​ရေ​စင်​ဖြင့်​ဆေး​ကြော​၍​ရိုး​သား​သော စိတ်၊ ခိုင်​မာ​သော​ယုံ​ကြည်​ခြင်း​တို့​ဖြင့်​ဘု​ရား သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​ကုန်​အံ့။-


သို့​ဖြစ်​၍​သင်​တို့​အ​ချင်း​ချင်း​မိ​မိ​တို့​၏ အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​၍ အ​ချင်း​ချင်း အ​တွက်​ဆု​တောင်း​သ​ဖြင့်​သင်​တို့​၏​ရော​ဂါ များ​ပျောက်​ကင်း​လိမ့်​မည်။ သူ​တော်​ကောင်း​၏ ဆု​တောင်း​ပတ္ထ​နာ​သည်​အ​လွန်​တန်​ခိုး​ပါ​၏။-


ဧ​လိ​ယ​သည်​ငါ​တို့​နည်း​တူ​သာ​မန်​လူ​သား ဖြစ်​ပေ​သည်။ သူ​သည်​မိုး​မ​ရွာ​စေ​ရန်​စိတ်​အား ထက်​သန်​စွာ​ဆု​တောင်း​သော​အ​ခါ ကမ္ဘာ​မြေ ပေါ်​သို့​သုံး​နှစ်​နှင့်​ခြောက်​လ​တိုင်​တိုင်​မိုး​မ​ရွာ ဘဲ​နေ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ