ထာဝရဘုရားသည် ထိုသူတို့တည်ဆောက် သောမြို့နှင့်ရဲတိုက်ကိုရှုစားတော်မူရန် ကြွဆင်းလာ၍၊-
ကမ္ဘာဦး 18:21 - Common Language Bible ငါသည်ကြားရသောပြစ်တင်စွပ်စွဲချက်များ မှန်မမှန်ကိုသိရှိနိုင်ရန် သွား၍စုံစမ်းမည်'' ဟုမိန့်တော်မူ၏။ Garrad Bible ငါ့ ရှေ့ သို့ ရောက် ရှိ သော အော် ဟစ် သံ အ တိုင်း အ မှန် ပြု မ ပြု ကို ငါ ဆင်း သက် ရှု မှတ် မည် ဟု မိန့် တော် မူ သော်၊ Judson Bible ယခုငါသွား၍ ငါ့ရှေ့သို့ရောက်ခဲ့ပြီးသော ကြွေးကြော်ခြင်းရှိသည်အတိုင်း၊ သူတို့သည် အမှန်ပြုသည် မပြုသည်ကို ငါကြည့်ရှုမည်။ မပြုလျှင် မပြုကြောင်းကို ငါသိမည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါဆင်းသွား၍ ငါ့ထံသို့ရောက်လာသည့် အော်ဟစ်ငိုကြွေးသံအတိုင်း သူတို့အမှန်တကယ်ပြုသည်၊ မပြုသည်ကို ငါကြည့်မည်။ ပြုသည်၊ မပြုသည်ကို ငါသိရလိမ့်မည်”ဟု မိန့်တော်မူ၏။ |
ထာဝရဘုရားသည် ထိုသူတို့တည်ဆောက် သောမြို့နှင့်ရဲတိုက်ကိုရှုစားတော်မူရန် ကြွဆင်းလာ၍၊-
ဤသို့တည်ဆောက်ခြင်းသည်အစမျှသာ ဖြစ်သည်။ နောင်တွင်သူတို့စိတ်ကူးသမျှကို ပြုလုပ်နိုင်ကြတော့မည်။ ယခုပင်ငါတို့သည် ဆင်းသက်၍ သူတို့အချင်းချင်းနားမလည် စေခြင်းငှာ သူတို့၏ဘာသာစကားကိုကွဲ ပြားရှုပ်ထွေးစေအံ့'' ဟုမိန့်တော်မူ၏။-
ဘုရားသခင်သည်ကမ္ဘာမြေကြီးကိုကြည့်ရှု တော်မူသောအခါ လူအပေါင်းတို့သည်အကျင့် ပျက်ဆိုးယုတ်လျက်ရှိသည်ကိုတွေ့မြင်တော် မူလေ၏။
ထာဝရဘုရားသည်အသိပညာရှိသူများ၊ မိမိအားကိုးကွယ်ဝတ်ပြုသူများရှိမရှိကို သိမြင်ရန် ကောင်းကင်ဘုံမှငုံ့၍လူသားတို့အား ကြည့်တော်မူ၏။
ကျွန်တော်မျိုးတို့၏အပြစ်များကိုရှေ့တော်၌ ချထားတော်မူပါ၏။ ကျွန်တော်မျိုးတို့လျှို့ဝှက်ကူးလွန်သည့် ဒုစရိုက်များကိုကိုယ်တော်မြင်သာသည့် နေရာ၌ ချထားတော်မူပါ၏။
အီဂျစ်အမျိုးသားတို့လက်တွင်းမှသူတို့ အားကယ်တင်ပြီးလျှင် ထိုပြည်မှထုတ်ဆောင် လျက်မြေသြဇာထက်သန်၍ကျယ်ပြန့်သော ပြည်သို့ပို့ဆောင်ရန်ငါကြွဆင်းလာပြီ။ ထို ပြည်သည်မြေသြဇာထက်သန်၍အစာရေ စာပေါကြွယ်ဝ၏။ ထိုပြည်တွင်ခါနာန်အမျိုး သား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင်ကြ၏။-
ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အား``သင်တို့ သည်ခေါင်းမာသောလူမျိုးဖြစ်၏။ သင်တို့ နှင့်အတူခဏမျှဖြစ်စေငါသည်ခရီး သွားရလျှင်၊ သင်တို့အားတစ်ယောက်မျှ မကျန်သေကျေပျက်စီးစေမည်။ ယခု ပင်လျှင်သင်တို့၏လက်ဝတ်တန်ဆာများ ကိုချွတ်လော့။ ထိုနောက်မှငါသည်သင်တို့ အားအဘယ်သို့စီရင်ရမည်ကိုဆုံးဖြတ် မည်'' ဟုမိန့်တော်မူ၏။-
ထာဝရဘုရားက``ယုဒပြည်သားတို့၊ သင် တို့၏အပြစ်ကိုသံကညစ်နှင့်ရေးမှတ်၍ ထား၏။ ထိုအပြစ်ကိုသင်၏စိတ်နှလုံးပုရ ပိုက်ပေါ်၌စိန်သွားတပ်သည့်ကညစ်ဖြင့်ရေး မှတ်၍ သင်တို့၏ယဇ်ပလ္လင်ထောင့်များ၌ထွင်း ထားလျက်ရှိ၏။-
``ငါထာဝရဘုရားသည်လူတို့၏စိတ်နေ သဘောထားကို ရှာဖွေ၍ကြည့်တတ်၏။ စိတ်နှလုံးအကြံအစည်ကိုလည်းစစ်ဆေး၍ ကြည့်တတ်၏။ ငါသည်လူအပေါင်းတို့အားသူတို့လုပ်ဆောင်သည့် အကျင့်အရ ထိုက်သင့်သည့်အကျိုးအပြစ်ကိုပေးတတ်၏'' ဟုမိန့်တော်မူ၏။
ကိုယ်တော်က``သင်သည်နိနေဝေမြို့ကြီးသို့သွား၍သတိပေးလော့။ ထိုမြို့သူမြို့သားတို့သည်အလွန်ဆိုးယုတ်ကြကြောင်းကိုငါသိတော်မူပြီ'' ဟုမိန့်တော်မူ၏။-
ထာဝရဘုရားသည်သန့်ရှင်းရာဌာန တော်မှ ကြွဆင်းလာ၍၊တောင်ထိပ်များပေါ်တွင် စက်တော်ဖြန့်တော်မူမည်။
``ထိုအချိန်၌ငါသည်မီးခွက်ကိုယူ၍ ယေရုရှလင်မြို့တွင်ရှာဖွေမည်။ `ဘုရား သခင်သည်အခါခပ်သိမ်းကောင်းကျိုးဆိုး ကျိုး၊ အဘယ်အကျိုးကိုမျှမပေးတတ်' ဟုထင်မှတ်ရေရွတ်သူများ၊ မိမိတို့ကိုယ် ကိုအထင်ကြီး၍ကျေနပ်ရောင့်ရဲနေသူ များအားငါအပြစ်ဒဏ်ခတ်မည်။
ကိုယ်တော်က ``သင်တို့သည်မိမိတို့ကိုယ်ကို သူတော်ကောင်းများဟုလူတို့အားထင်မြင် စေကြ၏။ သို့ရာတွင်ဘုရားသခင်သည်သင် တို့၏စိတ်နှလုံးကိုသိတော်မူ၏။ လူတို့အမြတ် တနိုးထားသောအရာသည်ဘုရားသခင်၏ ရှေ့တော်မှာစက်ဆုပ်ဖွယ်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော်ငါသည်ငါ့အလိုအတိုင်း ဆောင်ရွက်ရန် ကောင်းကင်ဘုံမှဆင်းသက်လာသည် မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏ အလိုအတိုင်းဆောင်ရွက်ရန် ဆင်းသက်လာသော ကြောင့်တည်း။-
အဘယ်ကြောင့်ဤသို့ငါဆိုရသနည်း။ သင်တို့ အားမချစ်၍လော။ ငါချစ်ကြောင်းကိုဘုရား သခင်သိတော်မူ၏။
ထိုသူ၏စကားကိုနားမထောင်ရ။ သင်တို့ သည်ထာဝရဘုရားအား ကိုယ်စိတ်နှလုံး ဖြင့်ချစ်သည်မချစ်သည်ကိုသိနိုင်ရန် သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူအားဖြင့်သင်တို့ကိုစစ်ဆေးခြင်း ဖြစ်၏။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်ပတ်လုံး သင်တို့ အားတောကန္တာရကိုဖြတ်၍ပို့ဆောင်တော်မူ ခဲ့၏။ ထိုစဉ်ကသင်တို့သည်ပညတ်တော်များ ကို လိုက်နာလိုသောစိတ်ဆန္ဒရှိသည်မရှိသည် ကိုစစ်ဆေးရန် သင်တို့အားဆင်းရဲဒုက္ခအမျိုး မျိုးရောက်စေခဲ့ကြောင်းကိုသတိရကြလော့။-
ကြွေးကြော်အမိန့်ပေးသံ၊ ကောင်းကင်တမန်မင်း ၏ဟစ်သံ၊ ဘုရားသခင်၏တံပိုးတော်မှုတ်သံကို ကြားရသောအခါ သခင်ဘုရားကိုယ်တော်တိုင် ကောင်းကင်ဘုံမှဆင်းသက်ကြွလာတော်မူလိမ့် မည်။ ခရစ်တော်ကိုယုံကြည်၍သေလွန်သူများ သည်ဦးစွာရှင်ပြန်ထမြောက်ကြလိမ့်မည်။-
ဘုရားသခင်၏မျက်မှောက်၌မထင်ရှားသော အရာဟူ၍တစ်စုံတစ်ရာမျှမရှိ။ ဖန်ဆင်း တော်မူသောအရာခပ်သိမ်းသည်မျက်မှောက် တော်၌ထင်ရှားလျက်ရှိ၏။ ငါတို့အားလုံး သည်မိမိတို့ပြုသမျှအတွက် ကိုယ်တော်၏ စစ်ကြောစီရင်ခြင်းကိုခံကြရလိမ့်မည်။
``တန်ခိုးကြီးသောအရှင်သည်ဘုရားဖြစ် တော်မူ၏။ ကိုယ်တော်သည်ထာဝရဘုရား ဖြစ်တော်မူ၏။ တန်ခိုးကြီးသောအရှင်သည် ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ထာဝရ ဘုရားဖြစ်တော်မူ၏။ ငါတို့၏ယဇ်ပလ္လင်ကို အဘယ်ကြောင့်တည်ရကြောင်းကိုကိုယ်တော် သိတော်မူ၏။ သင်တို့အားလည်းသိစေလို ပါသည်။ ငါတို့သည်ထာဝရဘုရားအား ပုန်ကန်၍ သစ္စာတော်ကိုမစောင့်ထိန်းလျှင် အသက်ချမ်းသာခွင့်မပေးပါနှင့်။-