ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
ကမ္ဘာဦး 17:2 - Common Language Bible သင်နှင့်ပဋိညာဉ်ပြု၍ သင်၏အမျိုးအနွယ် ကိုများပြားစေမည်'' ဟုမိန့်တော်မူ၏။- Garrad Bible ငါ သည် သင် နှင့် ပ ဋိ ညာဉ် ပြု၍ သင့် ကို အ လွန် ပွား များ စေ မည် ဟု မိန့် တော် မူ သ ဖြင့်၊ Judson Bible ငါ၏ပဋိညာဉ်ကို သင်နှင့် ငါပြုမည်။ သင့်ကိုငါအလွန်များပြားစေမည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါနှင့်သင်ကြား၌ ပဋိညာဉ်ကိုပြု၍ သင့်ကိုအလွန်တရာတိုးပွားစေမည်”ဟု မိန့်တော်မူလျှင် |
ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
မြေကြီးပေါ်ရှိမြေမှုန့်ကိုရေတွက်နိုင်ပါမှ သင်၏အဆက်အနွယ်များကိုရေတွက်နိုင်မည်။-
ထိုအချိန်ထိုနေရာ၌ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူ၏။ ထာဝရ ဘုရားက၊-
အာဗြံကိုအပြင်သို့ခေါ်ဆောင်လျက်``မိုးကောင်း ကင်ကိုမော်ကြည့်၍ကြယ်များကိုရေတွက်လော့။ သင်၏အမျိုးအနွယ်တို့သည်ထိုမျှလောက်များ ပြားကြလိမ့်မည်'' ဟုမိန့်တော်မူသည်။
သင်၏အဆက်အနွယ်ကိုမိုးကောင်းကင်ရှိ ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေ ရှိသဲပွင့်များကဲ့သို့လည်းကောင်းများပြား စေမည်။ သင်၏အဆက်အနွယ်တို့သည်သူတို့ ၏ရန်သူများကိုတိုက်ခိုက်အောင်မြင်လိမ့် မည်။-
အနန္တတန်ခိုးရှင်ဘုရားသခင်သည်သင့်ကို ကောင်းချီးပေး၍သားသမီးများစွာထွန်း ကားစေသဖြင့် သင်သည်လူမျိုးများစွာတို့ ၏ဖခင်ဖြစ်ပါစေသော။-
``သင်တို့နှင့်လည်းကောင်း၊ သင်တို့မှဆင်းသက်သောမျိုးဆက်များနှင့်လည်းကောင်း၊-
သို့ရာတွင်ထာဝရဘုရားသည်သနား ကြင်နာတော်မူသဖြင့် သူတို့အားဆုံးပါး ပျက်စီးစေတော်မမူ။ ကိုယ်တော်သည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ပြုတော် မူခဲ့သည့်ပဋိညာဉ်တော်ကိုထောက်၍ သူ တို့အားကူမတော်မူ၏။ မိမိ၏လူမျိုး တော်အား အဘယ်အခါ၌မျှမေ့လျော့ တော်မမူ။
ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့နှင့်မိတ်သဟာယဖွဲ့တော် မူ၏။ သူတို့အတွက်ကိုယ်တော်၏ပဋိညာဉ်တရား တော်ကို တည်မြဲစေတော်မူ၏။
သူတို့သည်ကားဘုရားသခင်၏လူစုတော် ဖြစ်ကြ၏။ ဘုရားသခင်သည်သူတို့အား သားများအဖြစ်ဖြင့်ချီးမြှောက်တော်မူ၍ မိမိ၏ဘုန်းအသရေတော်ကိုဖူးမြင်ခွင့် ပေးတော်မူ၏။ ကိုယ်တော်သည်သူတို့နှင့် ပဋိညာဉ်များပြုတော်မူ၏။ သူတို့အား ပညတ်တရားကိုပေးအပ်တော်မူ၏။ သူ တို့သည်မှန်ကန်သောဝတ်ပြုကိုးကွယ်နည်း နှင့်ကတိတော်များကိုခံယူရရှိ၏။-