အာဗြံသည်ထာဝရဘုရားထံတော်သို့ထို တိရစ္ဆာန်များကိုယူခဲ့ပြီးလျှင် ၎င်းတို့ကိုထက် ဝက်စီခြမ်း၍တစ်ဘက်တစ်ခြမ်းစီနှစ်တန်းဆိုင် လျက်ချထား၏။ ငှက်များကိုမူကားမခြမ်း ဘဲထားသည်။-
ကမ္ဘာဦး 15:17 - Common Language Bible နေဝင်၍မှောင်ကျလာသောအခါမီးခိုးထွက် သောမီးလင်းဖိုနှင့်မီးလျှံတောက်သောမီးတိုင် သည် ရုတ်တရက်ပေါ်လာပြီးလျှင်အသားခြမ်း များအကြားဖြတ်သွား၏။- Garrad Bible နေ ဝင်၍ မှောင် သော အ ခါ ထို အ သား ခြမ်း များ စပ် ကြား၌ အ ခိုး ထွက် သော ဖို၊ တောက် သော မီး တိုင် သ ဖွယ် ထွက် ပေါ် သွား လေ ၏။ Judson Bible တစ်ဖန် နေဝင်၍မိုက်သောအခါ၊ ခွဲထားသောအသားအလယ်၌၊ မီးခိုးထွက်သောမီးဖို၊ မီးထွန်းလင်းသောမီးခွက်သည် ထင်ရှားစွာလျှောက်သွားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း နေဝင်၍ မှောင်လာသောအခါ မီးခိုးထွက်နေသောမီးဖိုနှင့် မီးတောက်နေသောမီးတိုင်သည် ထိုပိုင်းထားသောအသေကောင်တို့အလယ်၌ ဖြတ်သွား၏။ |
အာဗြံသည်ထာဝရဘုရားထံတော်သို့ထို တိရစ္ဆာန်များကိုယူခဲ့ပြီးလျှင် ၎င်းတို့ကိုထက် ဝက်စီခြမ်း၍တစ်ဘက်တစ်ခြမ်းစီနှစ်တန်းဆိုင် လျက်ချထား၏။ ငှက်များကိုမူကားမခြမ်း ဘဲထားသည်။-
နှာခေါင်းတော်ထဲမှမီးခိုးများသည်လည်းကောင်း၊ ခံတွင်းတော်ထဲမှကျွမ်းလောင်စေတတ်သည့် မီးလျှံနှင့်မီးကျီးခဲများသည်လည်းကောင်း ထွက်လေ၏။
ထာဝရဘုရားသည်မီးကိုချပေးတော်မူသဖြင့် ယဇ်ပူဇော်သကာနှင့်တကွထင်းနှင့်ကျောက်တုံးများ ပါကျွမ်းလောင်သွားသည့်အပြင် မြေကြီးသည်လည်း မီးကျွမ်း၍မြောင်းထဲရှိရေကိုခန်းခြောက်စေ၏။-
ထာဝရဘုရားအဖို့ယဇ်ပလ္လင်ကိုတည် တော်မူပြီးလျှင် မီးရှို့ရာယဇ်နှင့်မိတ်သဟာ ယယဇ်တို့ကိုပူဇော်တော်မူ၏။ မင်းကြီး ဆုတောင်းပတ္ထနာပြုသောအခါထာဝရ ဘုရားသည်ပလ္လင်ပေါ်ရှိယဇ်ကောင်များ ကိုမီးရှို့ရန်အတွက် ကောင်းကင်မှမီးကို ချပေးတော်မူ၏။ ဤနည်းအားဖြင့်မင်း ကြီး၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူသတည်း။
ထာဝရဘုရားသည်သိနာတောင်ပေါ်သို့ မီးတောက်မီးလျှံအသွင်ဖြင့်ကြွဆင်းလာ သည်ဖြစ်၍၊ တောင်တစ်ခုလုံးမီးခိုးဖြင့်ဖုံး လွှမ်းလျက်ရှိလေ၏။ မီးဖိုမှမီးခိုးတက် သကဲ့သို့မီးခိုးသည်အထက်သို့တက်၍ တစ်တောင်လုံးပြင်းစွာမြေငလျင်လှုပ် လေ၏။-
လူအပေါင်းတို့သည်မိုးချုန်းသံ၊ တံပိုးမှုတ်သံ နှင့်လျှပ်စစ်ပြက်ခြင်း၊ တောင်မှမီးခိုးထွက်ခြင်း တို့ကိုကြားရမြင်ရသောအခါ ကြောက်ရွံ့ တုန်လှုပ်လျက်အဝေး၌ရပ်နေကြ၏။-
ငါသည်ယေရုရှလင်မြို့ကိုအားပေးစကား ဖွင့်ဟပြောဆိုမည်။ ထိုမြို့သည်ကယ်တင်ခြင်းကိုခံရ၍သူ၏ အောင်မြင်ခြင်းသည် မီးရှူးတိုင်သဖွယ်ထွန်းတောက်၍ မလာမချင်း၊ငါသည်ဇိအုန်မြို့အတွက် ဆိတ်ဆိတ်နေလိမ့်မည်မဟုတ်။
ထိုပဋိညာဉ်သည်သူတို့၏ဘိုးဘေးများအား သံမီးဖိုကြီးနှင့်တူသောအီဂျစ်ပြည်မှ ငါ ထုတ်ဆောင်လာစဉ်အခါကချုပ်ဆိုခဲ့သည့် ပဋိညာဉ်ဖြစ်၏။ ငါသည်ထိုသူတို့အားငါ့ စကားကိုနားထောင်ကြရန်၊ ငါခိုင်းစေသမျှ သောအမှုတို့ကိုပြုလုပ်ကြရန်မှာကြားခဲ့ ၏။ အကယ်၍သူတို့သည်ငါ၏စကားကို နားထောင်ကြမည်ဆိုပါမူ ငါ၏လူမျိုး တော်ဖြစ်ရကြလျက်၊ ငါသည်လည်းသူတို့ ၏ဘုရားဖြစ်တော်မူမည်။-
သင်တို့သည်ကားမီးပြင်းဖိုသဖွယ်ဖြစ် သောအီဂျစ်ပြည်ထဲမှ ထာဝရဘုရားထုတ် ဆောင်ခဲ့သောလူမျိုးဖြစ်၏။ ကိုယ်တော်၏လူ မျိုးတော်ဖြစ်စေရန် သင်တို့ကိုထုတ်ဆောင်ခဲ့ တော်မူ၏။ သို့ဖြစ်၍သင်တို့သည်ကိုယ်တော် ၏လူမျိုးတော်အဖြစ် ယနေ့ရပ်တည်လျက် ရှိကြသည်။-
ယဇ်ပလ္လင်မှမီးလျှံများအထက်သို့တက်လျက်နေ စဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည်မီး လျှံထဲမှနေ၍ ကောင်းကင်ဘုံသို့တက်သွားသည် ကိုမာနော်တို့ဇနီးမောင်နှံတွေ့မြင်ရကြလေ သည်။ ထိုအခါကျမှထိုသူသည်ကောင်းကင် တမန်ဖြစ်ကြောင်းကိုမာနော်သိရှိရသတည်း။ သို့ဖြစ်၍သူတို့ဇနီးမောင်နှံနှစ်ယောက်သည် မြေပေါ်သို့ပျပ်ဝပ်လိုက်ကြ၏။ ထိုကောင်းကင် တမန်ကိုမူကားနောက်တစ်ဖန်အဘယ်အခါ ၌မျှသူတို့မတွေ့မမြင်ရကြတော့ချေ။
ထိုအခါကောင်းကင်တမန်သည်လက်ကိုဆန့်၍ မိမိကိုင်ထားသည့်တုတ်ဖျားဖြင့်ဆိတ်သားနှင့် မုန့်တို့ကိုတို့ထိလိုက်ရာ ကျောက်ထဲမှမီးလျှံ ထွက်၍ဆိတ်သားနှင့်မုန့်တို့ကိုကျွမ်းလောင် စေ၏။ ထိုနောက်ကောင်းကင်တမန်သည်ပျောက် ကွယ်သွားလေသည်။