ငါသည်ကြားရသောပြစ်တင်စွပ်စွဲချက်များ မှန်မမှန်ကိုသိရှိနိုင်ရန် သွား၍စုံစမ်းမည်'' ဟုမိန့်တော်မူ၏။
ကမ္ဘာဦး 11:5 - Common Language Bible ထာဝရဘုရားသည် ထိုသူတို့တည်ဆောက် သောမြို့နှင့်ရဲတိုက်ကိုရှုစားတော်မူရန် ကြွဆင်းလာ၍၊- Garrad Bible ထို လူ့ သား တို့ တည် လုပ် သော မြို့ နှင့် ရဲ တိုက် ကို ရှု စား ရန် ထာ ဝ ရ ဘု ရား သ ခင် ဆင်း သက် တော် မူ ရာ၊ Judson Bible ထိုသို့ လူသားတို့တည်လုပ်သောမြို့နှင့် ရဲတိုက်ကိုကြည့်ရှုခြင်းငှာ၊ ထာဝရဘုရားသည် ဆင်းသက်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် လူသားတို့တည်ဆောက်သော မြို့နှင့်ရဲတိုက်ကိုကြည့်ရှုရန် ဆင်းသက်တော်မူ၏။ |
ငါသည်ကြားရသောပြစ်တင်စွပ်စွဲချက်များ မှန်မမှန်ကိုသိရှိနိုင်ရန် သွား၍စုံစမ်းမည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်တွင်ကျိန်းဝပ်တော်မူ၏။ ကိုယ်တော်၏ပလ္လင်တော်သည်ကောင်းကင်ဘုံ တွင် ရှိတော်မူ၏။ ကိုယ်တော်သည်လူအပေါင်းတို့အားစစ်ဆေး ကြည့်ရှုတော်မူ၍ သူတို့ပြုသောအမှုအရာများကိုသိမြင် တော်မူ၏။
တတိယနေ့တွင်ဝတ်ပြုကိုးကွယ်ရန် အသင့် ရှိစေရမည်။ ထိုနေ့၌လူအပေါင်းတို့ရှေ့တွင် ငါထာဝရဘုရားသည်သိနာတောင်ပေါ် သို့ကြွဆင်းတော်မူမည်။-
ထာဝရဘုရားသည်သိနာတောင်ပေါ်သို့ မီးတောက်မီးလျှံအသွင်ဖြင့်ကြွဆင်းလာ သည်ဖြစ်၍၊ တောင်တစ်ခုလုံးမီးခိုးဖြင့်ဖုံး လွှမ်းလျက်ရှိလေ၏။ မီးဖိုမှမီးခိုးတက် သကဲ့သို့မီးခိုးသည်အထက်သို့တက်၍ တစ်တောင်လုံးပြင်းစွာမြေငလျင်လှုပ် လေ၏။-
ထာဝရဘုရားသည်သိနာတောင်ထိပ်ပေါ် သို့ကြွဆင်းလာ၍ မောရှေအားတောင်ထိပ် ပေါ်သို့ခေါ်တော်မူလျှင်မောရှေတက်သွား လေ၏။-
အီဂျစ်အမျိုးသားတို့လက်တွင်းမှသူတို့ အားကယ်တင်ပြီးလျှင် ထိုပြည်မှထုတ်ဆောင် လျက်မြေသြဇာထက်သန်၍ကျယ်ပြန့်သော ပြည်သို့ပို့ဆောင်ရန်ငါကြွဆင်းလာပြီ။ ထို ပြည်သည်မြေသြဇာထက်သန်၍အစာရေ စာပေါကြွယ်ဝ၏။ ထိုပြည်တွင်ခါနာန်အမျိုး သား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင်ကြ၏။-
ကောင်းကင်ဘုံမှဆင်းသက်လာသောလူသား မှတစ်ပါး အဘယ်သူမျှကောင်းကင်ဘုံသို့ မရောက်ဖူးကြ'' ဟုမိန့်တော်မူ၏။
ဘုရားသခင်၏မျက်မှောက်၌မထင်ရှားသော အရာဟူ၍တစ်စုံတစ်ရာမျှမရှိ။ ဖန်ဆင်း တော်မူသောအရာခပ်သိမ်းသည်မျက်မှောက် တော်၌ထင်ရှားလျက်ရှိ၏။ ငါတို့အားလုံး သည်မိမိတို့ပြုသမျှအတွက် ကိုယ်တော်၏ စစ်ကြောစီရင်ခြင်းကိုခံကြရလိမ့်မည်။