ယေရှုက “ကျဉ်းမြောင်းသောတံခါးကို ဝင်နိုင်ရန် ကြိုးစားအားထုတ်ကြလော့။ သင်တို့အား ငါပြောဆိုသည်မှာ များစွာသောလူတို့သည် ဝင်နိုင်ရန် ကြိုးပမ်းကြသော်လည်း မတတ်နိုင်ကြပေ။
၂ တိ 2:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ အားကစားသမားသည် ပြိုင်ပွဲစည်းကမ်းကို မလိုက်နာပါက ဆုသရဖူကို မရနိုင်။ Common Language Bible အားကစားမှုဆိုင်ရာစည်းကမ်းဥပဒေများ ကိုမလိုက်နာလျှင် အဘယ်အားကစားသမား မျှအောင်ပန်းကိုဆွတ်ခူးနိုင်လိမ့်မည်မဟုတ်။- Garrad Bible ပြေး ပွဲ၌ ဘက် ပြိုင် သူ လည်း တ ရား သ ဖြင့် မ ပြိုင် လျှင် သ ရ ဖူ မ ရ။ Judson Bible ပွဲ၌ လူချင်းတိုက်သောသူ မည်သည်ကား၊ ထုံးတမ်းအတိုင်းမတိုက်လျှင် ပန်းဦးရစ်ကိုမရ။- မြန်မာ့စံမီသမ္မာကျမ်း မည်သူမဆို အားကစားပြိုင်ပွဲကိုယှဉ်ပြိုင်သောအခါ စည်းမျဉ်းစည်းကမ်းနှင့်အညီ မယှဉ်ပြိုင်ပါက သရဖူကိုရမည်မဟုတ်။ |
ယေရှုက “ကျဉ်းမြောင်းသောတံခါးကို ဝင်နိုင်ရန် ကြိုးစားအားထုတ်ကြလော့။ သင်တို့အား ငါပြောဆိုသည်မှာ များစွာသောလူတို့သည် ဝင်နိုင်ရန် ကြိုးပမ်းကြသော်လည်း မတတ်နိုင်ကြပေ။
အချို့သောသူတို့သည် မနာလိုစိတ်၊ ရန်လိုစိတ်တို့ဖြင့် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ သို့သော် အချို့သောသူတို့မှာမူ စေတနာစိတ်ဖြင့် ဟောပြောကြ၏။
ထိုအတွက်ကြောင့် ကျွန်ုပ်အထဲ၌ သက်ဝင်လှုပ်ရှားနေသော ခရစ်တော်၏ တန်ခိုးကြီးသော လုပ်ဆောင်မှုအပေါ် မူတည်၍ ကျွန်ုပ်ကြိုးပမ်းလုပ်ဆောင်နေ၏။
သင်တို့သည် မကောင်းမှုကို တိုက်ခိုက်တွန်းလှန်ရာတွင် သွေးမြေကျသည်အထိ မခုခံကြရသေးပေ။
ကိုယ်တော်သည် သူ့ကို ကောင်းကင်တမန်များထက် ယာယီနိမ့်ကျစေတော်မူ၏။ ဘုန်းအသရေနှင့် ဂုဏ်အသရေတို့ဖြင့် ချီးမြှောက်တော်မူ၍ ကိုယ်တော်ဖန်ဆင်းသည့် အရာအားလုံးအပေါ်တွင် အုပ်စိုးစေတော်မူ၏။
သို့သော် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ယေရှုခရစ်တော်သည် လောကီသားများအတွက် အသက်စွန့်နိုင်ရန် ကောင်းကင်တမန်များထက် ယာယီနိမ့်ကျစေခြင်းကို ခံ၍ အသေခံရသောကြောင့် ဘုန်းအသရေနှင့် ဂုဏ်အသရေတို့ဖြင့် ချီးမြှောက်ခံရကြောင်း ကျွန်ုပ်တို့မြင်ကြရ၏။
ဒုက္ခဆင်းရဲတို့ဖြင့် စမ်းသပ်ခြင်းကို အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုစမ်းသပ်ခြင်းကို အောင်မြင်သောအခါ ဘုရားသခင်ကို ချစ်သောသူတို့အတွက် ကတိထားတော်မူသည့် အသက်ဆုသရဖူကို ရမည်ဖြစ်သောကြောင့်ပင်။
သို့ပြုလျှင် သိုးထိန်းကြီးပေါ်ထွန်းတော်မူသောအခါ မမှေးမှိန်သောဘုန်းအသရေရှိသည့် ဆုသရဖူကို သင်တို့ရရှိကြလိမ့်မည်။
သင်ခံစားရမည့်ဆင်းရဲဒုက္ခကို မကြောက်နှင့်။ ကြည့်ရှုလော့။ မာရ်နတ်သည် သင့်ကို စမ်းသပ်ရန် သင်တို့ထဲမှ တချို့ကို ထောင်ချလိမ့်မည်။ သင်သည်ဆယ်ရက်တိုင် ဆင်းရဲဒုက္ခ ခံရလိမ့်မည်။ သေသည်တိုင်အောင် သစ္စာရှိလော့။ ထိုသို့ပြုလျှင် အသက်ဆုသရဖူကို သင့်အား ငါပေးမည်။
ငါသည် မကြာမီလာမည်။ သင်၏သရဖူကို မည်သူမျှ မလုယူစေရန် သင်၌ရှိသောယုံကြည်ခြင်းကို စွဲကိုင်ထားလော့။
အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် ရာဇပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသောအရှင်ရှေ့၌ ဝပ်တွားခယ၍ အစဉ်ထာဝရအသက်ရှင်တော်မူသောအရှင်ကို ကိုးကွယ်ကြ၏။ ထိုအကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် မိမိတို့၏သရဖူများကို ရာဇပလ္လင်တော်ရှေ့၌ ချထားလျက်
ရာဇပလ္လင်တော်ပတ်လည်တွင် အခြားပလ္လင်နှစ်ဆယ့်လေးခုရှိပြီး အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် ထိုပလ္လင်များပေါ်တွင် ထိုင်နေကြ၏။ သူတို့သည် ဝတ်ရုံဖြူကို ဝတ်ဆင်လျက် ဦးခေါင်းများပေါ်တွင် ရွှေသရဖူများကို ဆောင်းထားကြ၏။