ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ ရောက်လာ၏။ လုတ္တရမြို့တွင် တိမောသေဟု ခေါ်သော တပည့်တော်တစ်ဦးရှိ၏။ သူ၏မိခင်သည် ယုံကြည်သူ ဂျူးအမျိုးသမီးဖြစ်ပြီး ဖခင်မှာ ဂရိအမျိုးသားဖြစ်၏။
၂ တိ 1:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤစာသည် ချစ်သောသား တိမောသေထံသို့ ပို့လိုက်သောစာဖြစ်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်၊ ကရုဏာနှင့် ငြိမ်းချမ်းခြင်းသည် သင့်အပေါ် သက်ရောက်ပါစေသော။ Common Language Bible ငါ၏ချစ်သောတိမောသေထံသို့စာရေး လိုက်ပါသည်။ သင်သည်ခမည်းတော်ဘုရားနှင့်ငါတို့အရှင် ခရစ်တော်ယေရှုထံတော်မှကျေးဇူးတော်၊ ကရုဏာတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ရပါစေသတည်း။ Garrad Bible ခ မည်း တော် ဘု ရား သ ခင် နှင့် ငါ တို့ အ ရှင် ခ ရစ် တော် ယေ ရှု အ ထံ တော် မှ ကျေး ဇူး၊ က ရု ဏာ၊ ငြိမ် သက် ခြင်း များ သည် သင်၌ တည် ရှိ ပါ စေ သော။ Judson Bible ငါတို့သခင် ယေရှုခရစ်နှင့် ခမည်းတော်ဘုရားသခင့်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းရှိ ပါစေသော။ မြန်မာ့စံမီသမ္မာကျမ်း ချစ်သားတိမောသေထံသို့ စာရေးလိုက်ပါ၏။ ခမည်းတော်ဘုရားသခင်နှင့် ငါတို့သခင်ခရစ်တော်ယေရှုထံမှ ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်သက်ခြင်းသည် သင်၌ရှိပါစေသော။ |
ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ ရောက်လာ၏။ လုတ္တရမြို့တွင် တိမောသေဟု ခေါ်သော တပည့်တော်တစ်ဦးရှိ၏။ သူ၏မိခင်သည် ယုံကြည်သူ ဂျူးအမျိုးသမီးဖြစ်ပြီး ဖခင်မှာ ဂရိအမျိုးသားဖြစ်၏။
ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ ယုံကြည်သောသူများအဖြစ် ရွေးကောက်တော်မူခံရသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ကျွန်ုပ်ရေးလိုက်ပါ၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ချစ်ရသောသူတို့… ကိုယ်တိုင်လက်တုံ့မပြန်ကြနှင့်။ ဘုရားသခင်ကသာ စီရင်ပါစေ။ ကျမ်းစာ၌ “ထာဝရဘုရားက ‘လက်တုံ့ပြန်ခြင်းသည် ငါ့တာဝန် ဖြစ်၏။ သူတို့ကို အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်’ ဟု မိန့်တော်မူ၏” ဟူ၍ရေးသားထား၏။
ထိုအကြောင်းကြောင့် သခင်ဘုရားအပေါ် သစ္စာရှိသော ကျွန်ုပ်၏ချစ်သား တိမောသေကို သင်တို့ထံ စေလွှတ်ရခြင်းဖြစ်၏။ သူသည် ကျွန်ုပ် ရောက်ခဲ့သောအသင်းတော်တိုင်းတွင် သွန်သင်ခဲ့သည့်အတိုင်း ကျွန်ုပ်မည်သို့ ယေရှုခရစ်တော်နောက် လိုက်နေကြောင်းကို သင်တို့အား သတိရစေလိမ့်မည်။
ညီအစ်ကိုမောင်နှမတို့… သင်တို့ကို ကျွန်ုပ် အလွန်ချစ်၍ လွမ်းဆွတ်သတိရပါ၏။ သင်တို့ကြောင့် ကျွန်ုပ်ဝမ်းမြောက်ရပြီး သင်တို့သည် ကျွန်ုပ်ရရှိသော ဆုသရဖူ ဖြစ်ပါ၏။ ချစ်ရသောသူတို့… ကျွန်ုပ်ပြောဆိုခဲ့သည့်အတိုင်း သခင်ဘုရားအား သစ္စာရှိလျက် ခိုင်မြဲစွာ ရပ်တည်ကြလော့။
သခင်ဘုရားကို ယုံကြည်သောကြောင့် ကျွန်ုပ်၏ သားအရင်းအချာသဖွယ်ဖြစ်သော တိမောသေထံသို့ ဤစာကို ပို့လိုက်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်၊ ကရုဏာနှင့် ငြိမ်းချမ်းခြင်းသည် သင့်အပေါ် သက်ရောက်ပါစေသော။
ကျွန်ုပ်၏သား တိမောသေ… ယေရှုခရစ်တော်ပေးတော်မူသော ကျေးဇူးတော်ဖြင့် ကြံ့ခိုင်လော့။
ကျွန်ုပ်နှင့် ယုံကြည်ချက်တူညီ၍ ကျွန်ုပ်၏ သား အရင်းအချာကဲ့သို့ ဖြစ်သော တိတုထံသို့ ဤစာကို ပို့လိုက်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် ကယ်တင်ရှင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင့်အပေါ် သက်ရောက်ပါစေသော။
တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် ကြီးမြတ်သည့်ဘုရားသခင်ဖြစ်တော်မူသော ကယ်တင်ရှင် ယေရှုခရစ်တော် ဘုန်းအသရေနှင့် ကြွလာမည့် မင်္ဂလာရက်မြတ်ကို စောင့်မျှော်နေကြ၏။
ကျွန်ုပ်၏သားသမီးများ သမ္မာတရား၌ ကျင်လည်နေကြောင်း ကြားသိ၍ ဝမ်းမြောက်ရခြင်းထက် သာ၍ ဝမ်းမြောက်ရခြင်း ကျွန်ုပ်၌မရှိပေ။