ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာ ဤသုံးပါးတို့သည် တည်လျက်ရှိ၏။ ဤသုံးပါးတို့အနက် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်၏။
၂ ကော 9:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းစာ၌ “သူသည် ဆင်းရဲသောသူတို့အား ရက်ရောစွာ ပေးကမ်းစွန့်ကြဲ၏။ သူ၏ ဖြောင့်မတ်ခြင်းသည်လည်း ထာဝရတည်မြဲလိမ့်မည်” ဟု ရေးသားထား၏။ Common Language Bible ကျမ်းစာတော်တွင်၊ ``သူသည်ဆင်းရဲသူတို့အားရက်ရောစွာ ပေးကမ်းစွန့်ကြဲ၏။ သူ၏သနားကြင်နာမှုသည်ထာဝစဉ်တည်၏'' ဟူ၍ဖော်ပြပါရှိပေသည်။- Judson Bible သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟု လာသည်နှင့်အညီ၊ သင်တို့သည် အရာရာ၌ သုံးလောက်သော ဥစ္စာအမျိုးမျိုးနှင့် အစဉ်ရှိ၍၊ ကောင်းသော အကျင့်အမျိုးမျိုးနှင့် အထူးသဖြင့် ပြည့်စုံမည် အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှာ ဘုရားသခင် တတ်နိုင်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား “သူသည်စွန့်ကြဲ၍ ဆင်းရဲသောသူတို့အား ပေးကမ်း၏။ သူ၏ဖြောင့်မတ်ခြင်းသည် ထာဝစဉ်တည်၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။ |
ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာ ဤသုံးပါးတို့သည် တည်လျက်ရှိ၏။ ဤသုံးပါးတို့အနက် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်၏။
မျိုးကြဲသူအတွက် မျိုးစေ့နှင့် စားစရာ အစာကို ပေးတော်မူသောအရှင်သည် သင်တို့အတွက် မျိုးစေ့ကို ပေး၍ ပွားများစေတော်မူလိမ့်မည်။ သင်တို့၏ ဖြောင့်မတ်ခြင်းမှ ထွက်သော အသီးအပွင့်များကိုလည်း တိုးပွားစေတော်မူလိမ့်မည်။