Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 9:9 - Common Language Bible

9 ကျမ်း​စာ​တော်​တွင်၊ ``သူ​သည်​ဆင်း​ရဲ​သူ​တို့​အား​ရက်​ရော​စွာ ပေး​ကမ်း​စွန့်​ကြဲ​၏။ သူ​၏​သ​နား​ကြင်​နာ​မှု​သည်​ထာ​ဝ​စဉ်​တည်​၏'' ဟူ​၍​ဖော်​ပြ​ပါ​ရှိ​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 သူ၏​ဖြောင့်​မတ်​ခြင်း​သည် အ​စဉ်​အ​မြဲ​တည်​တတ်၏​ဟု လာ​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် အ​ရာ​ရာ၌ သုံး​လောက်​သော ဥ​စ္စာ​အ​မျိုး​မျိုး​နှင့် အ​စဉ်​ရှိ၍၊ ကောင်း​သော အ​ကျင့်​အ​မျိုး​မျိုး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​မည် အ​ကြောင်း၊ အ​မျိုး​စုံ​သော​မင်္ဂ​လာ​ကျေး​ဇူး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ဤသည်ကား “သူ​သည်​စွန့်ကြဲ​၍ ဆင်းရဲ​သော​သူ​တို့​အား ပေးကမ်း​၏။ သူ​၏​ဖြောင့်မတ်​ခြင်း​သည် ထာဝစဉ်​တည်​၏”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 ကျမ်းစာ​၌ “သူ​သည် ဆင်းရဲသော​သူတို့​အား ရက်ရော​စွာ ပေးကမ်း​စွန့်ကြဲ၏။ သူ​၏ ဖြောင့်မတ်ခြင်း​သည်လည်း ထာဝရ​တည်မြဲ​လိမ့်မည်” ဟု ရေးသားထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 9:9
8 ပူးပေါင်းရင်းမြစ်များ  

သူ​၏​အိမ်​ထောင်​စု​သား​တို့​သည်​ချမ်း​သာ ကြွယ်​ဝ​လိမ့်​မည်။ သူ​သည်​အ​စဉ်​အ​မြဲ​ကောင်း​စား​လိမ့်​မည်။


သူ​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို​ရက်​ရော​စွာ ပေး​ကမ်း​တတ်​၏။ သူ​သည်​အ​စဉ်​သ​နား​ကြင်​နာ​တတ်​၏။ သူ​သည်​တန်​ခိုး​ကြီး​၍​ရို​သေ​လေး​စား​မှု​ကို ခံ​ရ​လိမ့်​မည်။


ဖြောင့်မတ်ခြင်းတရားနှင့်ကရုဏာတရားကို ရှာသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဂုဏ် အသရေထင်ရှားခြင်းကို တွေ့တတ်၏။


ငါ၌စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။ မြဲသော စည်းစိမ်နှင့် ဖြောင့်မတ်ခြင်းပါရမီရှိ၏။


ထို​သို့​သော​လူ​တို့​သည်​ပိုး​ကိုက်​သည့်​အ​ဝတ် ကဲ့​သို့​ပျောက်​ကွယ်​၍​သွား​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​၏​ဖြောင့်​မတ်​ခြင်း​ကား​ထာ​ဝ​စဉ် တည်​လိမ့်​မည်။ ငါ​၏​ကယ်​တင်​ခြင်း​တန်​ခိုး​သည်​လည်း​ကာ​လ အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ယ​ခု​တွင်​ပါ​ရ​မီ​သုံး​ပါး​တည်း​ဟူ​သော ယုံ​ကြည်​ခြင်း၊ မျှော်​လင့်​ခြင်း၊ ချစ်​ခြင်း​တည် လျက်​ရှိ​၏။ ဤ​သုံး​ပါး​တို့​တွင်​ချစ်​ခြင်း မေတ္တာ​သည်​အ​မြတ်​ဆုံး​ဖြစ်​သ​တည်း။


မျိုး​ကြဲ​သူ​အား​မျိုး​စေ့​နှင့်​အ​စာ​ရေ​စာ​ကို ပေး​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ငါ​တို့​လို သ​မျှ​သော​မျိုး​စေ့​ကို​လည်း​ပေး​၍​အ​ပင် ပေါက်​ရှင်​သန်​စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏ ရက်​ရော​သော​စိတ်​စေ​တ​နာ​မှ​အ​သီး​အ​ပွင့် များ​ကို​လည်း​ဖြစ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ