ထိုသို့ မမေးသည့်အပြင် ဤအကြောင်းအရာများကို ငါပြောသောကြောင့် သင်တို့အလွန်ဝမ်းနည်းပူဆွေးကြ၏။
၂ ကော 7:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်ပို့လိုက်သောစာကြောင့် သင်တို့ဝမ်းနည်းရလျှင်လည်း ကျွန်ုပ်သည် စိတ်မကောင်းမဖြစ်ပါ။ အစဦးတွင် ကျွန်ုပ် စိတ်မကောင်းဖြစ်ခဲ့ရသော်လည်း ကျွန်ုပ်ရေးလိုက်သောစာကြောင့် သင်တို့ဝမ်းနည်းရသည်မှာ ခဏသာ ဖြစ်သောကြောင့် Common Language Bible အကယ်၍ငါ၏စာသည်သင်တို့အားစိတ်မချမ်း မသာဖြစ်စေခဲ့လျှင် ထိုစာကိုရေးမိသည့်အတွက် ယခုငါဝမ်းမနည်း။ ထိုစာကြောင့်ခေတ္တမျှသင် တို့စိတ်မချမ်းမသာဖြစ်ကြသည်ကိုတွေ့စဉ် အခါကငါဝမ်းနည်းမိခဲ့လျှင်လည်း၊- Garrad Bible ငါ ရေး လိုက် သော စာ ဖြင့် ကာ လ အ တန် ကြာ သင် တို့ ပူ ပန် ကြောင်း သိ မြင် ရ သည့် အ လျောက် အ ထက် က နှ မြော သော် လည်း၊ Judson Bible အထက်ကပေးလိုက်သော စာအားဖြင့် သင်တို့ကို ဝမ်းနည်းစေသောကြောင့်၊ ငါသည် ယခင်အခါ၌ နောင်တရှိသော်လည်း ယခုအခါ၌ မရှိ။ အကြောင်းမူကား၊ ထိုစာသည် သင်တို့ကို ခဏသာဝမ်းနည်းစေသည်ကို ငါမြင်၏။ မြန်မာ့စံမီသမ္မာကျမ်း ငါရေးလိုက်သောစာအားဖြင့် သင်တို့ကို ဝမ်းနည်းစေခဲ့သော်လည်း ငါသည် စိတ်မကောင်းမဖြစ်ပေ။ ထိုစာသည် သင်တို့ကို ခေတ္တခဏဝမ်းနည်းစေခဲ့သည်ကို ငါမြင်၍ စိတ်မကောင်းဖြစ်ခဲ့လျှင်ပင် |
ထိုသို့ မမေးသည့်အပြင် ဤအကြောင်းအရာများကို ငါပြောသောကြောင့် သင်တို့အလွန်ဝမ်းနည်းပူဆွေးကြ၏။
ယေရှုက “ယောဟန်၏သားရှိမုန်… သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မေးတော်မူ၏။ ဤသို့ “သင်သည် ငါ့ကို ချစ်သလော” ဟု သုံးကြိမ်တိုင်တိုင် မေးတော်မူသဖြင့် ပေတရုသည် စိတ်ထိခိုက်၍ “သခင်… သခင်သည် အရာအားလုံးကို သိတော်မူ၏။ အကျွန်ုပ်သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့။
ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် သင်တို့အထဲတွင် မည်သည့်အရာများ ဖြစ်ပေါ်စေသည်ကို ကြည့်လော့။ မှန်သောအရာကို လုပ်ဆောင်ရန် ကြိုးစားအားထုတ်ကြလေပြီ။ အပြစ်ကင်းကြောင်း ချေပလိုကြလေပြီ။ မိမိတို့၏အပြစ်အတွက် ယူကျုံးမရဖြစ်ကြလေပြီ။ အလွန်ကြောက်ရွံ့ကြလေပြီ။ အလွန်တောင့်တကြလေပြီ။ အလွန်စိတ်အားထက်သန်ကြလေပြီ။ အပြစ်ရှိသူအား ပြစ်ဒဏ်ပေးရန် အသင့်ဖြစ်ကြလေပြီ။ ဤအမှု၌ သင်တို့သည် မိမိကိုယ်ကိုယ် အပြစ်ကင်းကြောင်း အဘက်ဘက်မှ ပြသကြပြီဖြစ်၏။
ထို့ကြောင့် သင်တို့ထံသို့ ကျွန်ုပ်စာရေးလိုက်သော်လည်း ထိုသို့ရေးရခြင်းမှာ ပြစ်မှားသောသူအတွက်ကြောင့် မဟုတ်သကဲ့သို့ နစ်နာသောသူအတွက်ကြောင့်လည်း မဟုတ်။ သင်တို့သည် ဘုရားသခင်ရှေ့တော်တွင် ကျွန်ုပ်တို့ကို မည်မျှ ချစ်ခင်ရိုသေကြကြောင်း မိမိကိုယ်ကိုယ် မြင်နိုင်ရန်သာဖြစ်၏။
သို့သော်လည်း အားငယ်သောသူတို့ကို နှစ်သိမ့်ပေးတော်မူသော ဘုရားသခင်သည် တိတုရောက်လာခြင်းအားဖြင့် ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးတော်မူ၏။
တိတုရောက်လာသည့်အတွက်ကြောင့်သာမက သင်တို့ထံမှ နှစ်သိမ့်အားပေးမှုကို တိတုခံစားရကြောင်းကို ကြားရသည့်အတွက်ကြောင့်လည်း ကျွန်ုပ်တို့သည် အားရကြ၏။ တိတုက သင်တို့သည် ကျွန်ုပ်ကို အလွန်တွေ့လိုကြောင်း၊ အလွန်ဝမ်းနည်းကြောင်း၊ ကျွန်ုပ်အတွက် စိတ်အားထက်သန်ကြောင်းစသည်တို့ကို ပြောပြသောကြောင့် ကျွန်ုပ်သည် ပို၍ပင် ဝမ်းမြောက်ရ၏။
ယခု ကျွန်ုပ်ဝမ်းမြောက်၏။ သင်တို့ဝမ်းနည်းခဲ့ရသည့်အတွက်မဟုတ်။ သင်တို့၏ ဝမ်းနည်းခြင်းသည် သင်တို့ကို နောင်တရစေသောကြောင့် ဝမ်းမြောက်ခြင်းဖြစ်၏။ သင်တို့သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ ဝမ်းနည်းကြရသည်ဖြစ်၍ ကျွန်ုပ်တို့ကြောင့် နာကျင်ရသည်ဟူ၍ မရှိခဲ့ပေ။
ငါသည် ကိုယ်ချစ်သောသူတို့ကို ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် သင်သည် စိတ်အားထက်သန်လော့။ နောင်တရလော့။