၂ ကော 7:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း7 တိတုရောက်လာသည့်အတွက်ကြောင့်သာမက သင်တို့ထံမှ နှစ်သိမ့်အားပေးမှုကို တိတုခံစားရကြောင်းကို ကြားရသည့်အတွက်ကြောင့်လည်း ကျွန်ုပ်တို့သည် အားရကြ၏။ တိတုက သင်တို့သည် ကျွန်ုပ်ကို အလွန်တွေ့လိုကြောင်း၊ အလွန်ဝမ်းနည်းကြောင်း၊ ကျွန်ုပ်အတွက် စိတ်အားထက်သန်ကြောင်းစသည်တို့ကို ပြောပြသောကြောင့် ကျွန်ုပ်သည် ပို၍ပင် ဝမ်းမြောက်ရ၏။ အခန်းကိုကြည့်ပါ။Common Language Bible7 တိတုကသင်တို့သည်ငါ့ကိုအလွန်တွေ့လိုကြ ကြောင်း၊ အလွန်ဝမ်းနည်းလျက်ရှိကြကြောင်းတို့ ကိုပြောပြသဖြင့်ငါသည်ပို၍ပင်ဝမ်းမြောက်၏။ အခန်းကိုကြည့်ပါ။Garrad Bible7 ငါ့ အ တွက် သင် တို့ လွမ်း တ ခြင်း၊ မြည် တမ်း ခြင်း၊ စိတ် စေ တ နာ ထက် သန် ခြင်း အ ကြောင်း များ ကို ပြန် ကြား စဉ် သင် တို့ ကြောင့် တိ တု ရ သော နှစ် သိမ့် ခြင်း အား ဖြင့် ငါ ၌ ထပ် မံ ရွှင် လန်း ရ ၏။ အခန်းကိုကြည့်ပါ။Judson Bible7 တိတုရောက်လာခြင်းအားဖြင့်သာ သက်သာစေတော်မူသည် မဟုတ်။ တိတုသည် သင်တို့ဆီမှာရသော သက်သာခြင်းအားဖြင့်လည်း သက်သာစေတော်မူ၏။ အဘယ်သို့နည်း ဟူမူကား၊ သင်တို့၏တောင့်တခြင်း၊ ညည်းတွားခြင်း၊ ငါ၏အကျိုးအလိုငှာ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာများကို သူသည် ငါတို့အား ကြားပြော၏။ ထိုကြောင့် ငါသည်သာ၍ ဝမ်းမြောက်ခြင်းရှိ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 တိတုရောက်ရှိလာခြင်းအားဖြင့်သာမက သင်တို့ထံမှ တိတုခံစားရသောနှစ်သိမ့်မှုအားဖြင့်လည်း ငါတို့ကို နှစ်သိမ့်ပေးတော်မူ၏။ တစ်နည်းဆိုသော် သင်တို့သည် ငါ့ကိုလွမ်းဆွတ်နေကြောင်း၊ အလွန်ဝမ်းနည်းနေကြောင်းနှင့် ငါ့အပေါ်စေတနာစိတ်ထက်သန်လျက်ရှိကြောင်းကို ငါတို့အား တိတုပြောပြသောကြောင့် ငါသည် ပို၍ဝမ်းမြောက်၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် သင်တို့သည် ကျွန်ုပ်တို့ကို တစ်စိတ်တစ်ဒေသ သိထားသည်နှင့်အညီ သခင်ယေရှု ပြန်လည်ကြွလာမည့် နေ့ရက်၌ ကျွန်ုပ်တို့သည် သင်တို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်သကဲ့သို့ သင်တို့သည်လည်း ကျွန်ုပ်တို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်ကြောင်းကို သင်တို့ စုံလင်စွာ သိကြလိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်၏။
သို့သော် တိမောသေသည် ယခု သင်တို့ထံက ပြန်ရောက်လာပြီး သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းအကြောင်း သတင်းကောင်းကို ယူဆောင်လာ၏။ သင်တို့သည် ကျွန်ုပ်တို့ကို သတိရတိုင်း ကြည်နူးမှုကို ခံစားရပြီး သင်တို့ကို ကျွန်ုပ်တို့တွေ့ဆုံလိုသကဲ့သို့ ကျွန်ုပ်တို့ကို သင်တို့တွေ့ဆုံလိုကြောင်း တိမောသေပြောပြ၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့အားလုံး လက်ခံယုံကြည်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံ ရေးရန် ကျွန်ုပ်အလွန်စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူအပေါင်းတို့အား တစ်ကြိမ်တည်းနှင့်အပြီး ကိုယ်တော်ပေးအပ်တော်မူသောယုံကြည်ခြင်းတရားအတွက် ခုခံတိုက်ခိုက်ကြလော့ဟူ၍ သင်တို့အား စာရေးတိုက်တွန်းရန် လိုအပ်လာ၏။