သို့ရာတွင် ထိုအရှင်သည် မိမိကိုယုံကြည်၍ လက်ခံသမျှသောသူတို့ကို ဘုရားသခင်၏ သားသမီးများဖြစ်ခွင့် ပေးတော်မူ၏။
၂ ကော 6:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် သင်တို့၏ အဖဖြစ်မည်။ သင်တို့သည် ငါ၏ သားသမီးများဖြစ်ကြလိမ့်မည်” ဟု အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူ၏။ Common Language Bible ငါသည်သင်တို့၏အဖဖြစ်မည်။ သင်တို့သည် လည်းငါ၏သားသမီးများဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏'' ဟုမြွက်ဆိုတော်မူ၏။ Garrad Bible သင် တို့ အ ဘ ဖြစ် မည်။ သင် တို့ လည်း ငါ့ သား သ မီး များ ဖြစ် ကြ လိမ့် မည် ဟု အ န န္တ တန် ခိုး ရှင် ထာ ဝ ရ ဘုရား ဗျာ ဒိတ် တော် ရှိ ပြန် ၏။ Judson Bible သင်တို့၏အဘ ဖြစ်မည်။ သင်တို့သည်လည်း ငါ၏သားသမီး ဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့် ပြည့်စုံသောထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏အဖဖြစ်မည်။ သင်တို့သည်လည်း ငါ၏သားသမီးများဖြစ်ကြလိမ့်မည်”ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရဘုရားမိန့်တော်မူ၏။ |
သို့ရာတွင် ထိုအရှင်သည် မိမိကိုယုံကြည်၍ လက်ခံသမျှသောသူတို့ကို ဘုရားသခင်၏ သားသမီးများဖြစ်ခွင့် ပေးတော်မူ၏။
ဘုရားသခင်၏ သားသမီးများမှာ မည်သူတို့ဖြစ်ကြောင်း ဖော်ပြတော်မူမည့်နေ့ရက်ကို ဖန်ဆင်းခံလောကသည် အလွန်တောင့်တမျှော်လင့်လျက် ရှိ၏။
ဘုရားသခင်သည် မိမိလူတို့ကို ကြိုတင်သိတော်မူ၍ ထိုသူတို့ကို မိမိသားတော်ကဲ့သို့ ဖြစ်လာစေရန် ရွေးချယ်တော်မူ၏။ ဤသို့ပြုတော်မူသည်မှာ ညီအစ်ကိုမောင်နှမများစွာထဲတွင် ခရစ်တော်ကို သားဦးဖြစ်စေရန်ပင် ဖြစ်၏။
သင်တို့အားလုံးသည် ယေရှုခရစ်တော်ကို ယုံကြည်ကြသောကြောင့် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြ၏။
ယေရှုခရစ်တော်အားဖြင့် မိမိ၏သားသမီးအဖြစ် ကြိုတင်သတ်မှတ်တော်မူ၏။ ဤအရာသည် ဘုရားသခင် နှစ်သက်တော်မူသောအရာနှင့် အလိုရှိတော်မူသောအရာပင် ဖြစ်၏။
ယခုရှိလျက်၊ ယခင်ကလည်းရှိလျက် နောင်အခါ၌လည်းကြွလာမည့် အနန္တတန်ခိုးရှင်ဘုရားသခင်က “ငါသည် အာလဖာနှင့် အိုမီဂါ ဖြစ်၏” ဟု မိန့်တော်မူ၏။
မြို့ထဲ၌ ဗိမာန်တော်ကို ကျွန်ုပ်မမြင်ရ။ အဘယ်ကြောင့်ဆိုသော် အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် သိုးသငယ်တော်သည် မြို့၏ဗိမာန်ဖြစ်တော်မူသောကြောင့်ပင်။
အောင်မြင်သောသူသည် ဤအရာများကို အမွေခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။ သူတို့သည် ငါ၏သားသမီးများဖြစ်ကြလိမ့်မည်။