ထိုမျှမက ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့ကို ပြန်လည်သင့်မြတ်စေတော်မူ၏။ ထို့ကြောင့် ယခု ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးအသစ်တွင် ကျွန်ုပ်တို့ဂုဏ်ယူဝမ်းမြောက်နိုင်ကြပြီ။
၂ ကော 10:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းစာ၌ “ကြွားဝါလိုလျှင် သခင်ဘုရားလုပ်ဆောင်တော်မူသောအခြင်းအရာများအတွက်သာ ကြွားဝါစေ” ဟု ဖော်ပြထား၏။ Common Language Bible ကျမ်းစာတော်က ``ဂုဏ်ယူဝါကြွားလိုသူသည် သခင်ဘုရားပြုတော်မူသောအမှုအတွက် သာဂုဏ်ယူဝါကြွားရမည်'' ဟုဆို၏။- Garrad Bible စံ မီ သူ ကား ကိုယ် ကို ထောက် ခံ သူ မ ဟုတ်။ ဘု ရား သ ခင် ထောက် ခံ သူ ဖြစ် သ ဖြင့် ဂုဏ် တင် လို သူ သည် ထာ ဝ ရ ဘု ရား ကြောင့် သာ ဂုဏ် တင် စေ။ Judson Bible သို့ဖြစ်၍ ဝါကြွားသောသူမည်သည်ကား၊ သခင်ဘုရား၌သာ ဝါကြွားစေ။- မြန်မာ့စံမီသမ္မာကျမ်း ဝါကြွားသောသူသည် သခင်ဘုရား၌သာ ဝါကြွားစေ။ |
ထိုမျှမက ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့ကို ပြန်လည်သင့်မြတ်စေတော်မူ၏။ ထို့ကြောင့် ယခု ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးအသစ်တွင် ကျွန်ုပ်တို့ဂုဏ်ယူဝမ်းမြောက်နိုင်ကြပြီ။
ထို့ကြောင့် ကျမ်းစာ၌ “ကြွားဝါသောသူသည် ထာဝရဘုရားပြုတော်မူသော အရာအတွက်သာ ကြွားဝါစေ” ဟု ဖော်ပြထားခြင်းဖြစ်၏။
ထိုသူတို့သည် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူထားသောကြောင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ လူများဟု ထင်တတ်ကြ၏။ သို့သော် ကျွန်ုပ်တို့သာလျှင် ဘုရားသခင်၏ စစ်မှန်သောလူများဖြစ်ကြ၏။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏ အကူအညီဖြင့် ဘုရားသခင်ကို ကိုးကွယ်၍ လူ့အားထုတ်မှုအပေါ် အားမကိုးဘဲ ယေရှုခရစ်တော် ပြုပေးသော အမှုအပေါ် အားကိုးကြ၏။